ငြိမ်းစုစီဥပဒေကြမ်း အတည်ပြုမှု နိုင်ငံရေးအရ အမြတ်ရှိ/မရှိ စဉ်းစားရန် လိုအပ်ဟုဆို

ငြိမ်းစုစီဥပဒေကြမ်းအမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သော်လည်း နိုင်ငံရေးအရ နိုင်၊ မနိုင် နိုင်ငံရေးအရအမြတ်ရှိ၊ မရှိ စဉ်းစားဖို့လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောသည်။
” အမျိုးသားလွှတ်တော်က ငြိမ်းစုစီဥပဒေကြမ်းကို အတည်ပြုခဲ့သော်လည်း နိုင်ငံရေးအရ နိုင်၊မနိုင် နိုင်ငံရေးအရအမြတ်ရှိ မရှိ စဉ်းစားဖို့လိုတယ်။ ဒီလိုအချိန်မှာ ဒါမျိုးတွေမလုပ်သင့်ဘူး။ လိုလည်းမလိုဘူး။ လက်ရှိအစိုးရကို တိုက်ခိုက်ဖို့ လက်မည်းကြီးတွေက ငွေကြေးတွေထောက်ပံ့ပြီး ဆန္ဒပြတာတွေပြုလုပ်ခဲ့ပေမယ့် နိုင်ငံရေးကို နိုင်ငံရေးနည်း နဲ့ပဲလုပ်တာကောင်းတယ်။ ဒီဥပဒေက အလုပ်သမား၊ လယ်သမားတွေ လွတ်လပ်စွာဆန္ဒထုတ်ဖော်တာကို ချိုးဖောက်ရာ ကျပါတယ်။ သူတို့တွေဟာ လုပ်ခလစာအတွက် ဆန္ဒပြတာရယ်၊ လယ်သမားတွေက လယ်ယာမြေပြန်ရဖို့ တောင်းဆိုတာတွေပဲရှိတာ။ သူတို့ကို ငွေကြေးထောက်ပံ့ပြီး ဆန္ဒပြခိုင်းတဲ့သူတွေမရှိပါဘူး” ဟု ၎င်းကဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၁၃ ဦး တွင် ယင်းဥပဒေကြမ်းကို အများစုက ပြင်ဆင်ချက်ဖြင့် ကန့်ကွက် ဆွေးနွေးခဲ့သည့်အတွက် လွှတ်တော်ကို ၂ နာရီရပ်နားပြီး ပြန်လည်ကျင်းပချိန်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုလိုက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို မဲပေးသည့် ကိုယ်စားလှယ် စုစုပေါင်း ၁၉၄ မဲရှိပြီး၊ ကန့်ကွက်မဲ ၇၈ မဲ၊ ထောက်ခံမဲ ၁၁၃ မဲတို့ ရရှိပြီး ထောက်ခံမဲများသဖြင့် အမျိုး သားလွှတ်တော်မှ အတည်ပြုခဲ့သည်။
ထို့အပြင် ထောင်ဒဏ်သုံး နှစ်ထက်မပိုသောနေရာတွင် ထောင်ဒဏ်နှစ်နှစ်ဟု ဥပဒေကြမ်းကော်မတီ၏ ဖြည့်စွက်ချက် ကိုလည်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။
ငြိမ်းစုစီဥပဒေကြမ်းနှင့် ပတ်သက်၍ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုးရွှေက ” ၂ဝ၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေကပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ပြဋ္ဌာန်းထားပြီးသား ဥပဒေထဲက ဥပဒေတစ်ရပ်ရပ်ကို ဆက်လက်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဥပဒေနဲ့မညီပါ” ဟု ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂ဝ၁၈ ခုနှစ် မတ်လ ၇ ရက် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၅ ရက် မြောက်နေ့တွင် တသီးပုဂ္ဂလကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များစသည့် ကိုယ်စားလှယ်အများစုက ငြိမ်းစုစီဥပဒေကြမ်းအား ပြင်ဆင်သည့် ဥပဒေကြမ်းကို ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ထောက်ခံမဲများဖြင့် အတည်ပြုလိုက်ကြောင်း သိရသည်။
ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်