ဗီဒီယိုပိုင်းဆိုင်ရာအတွက် ဖေ့ဘုတ်က ByzzFeed နှင့် Pinterest အကြီးအကဲဟောင်းများကို ငှားရမ်း

ဖေ့စ်ဘုတ်သည် ၎င်း၏ တစ်ကမ္ဘာလုံးအတိုင်းအတာ ဗီဒီယိုပိုင်းဆိုင်ရာကို ဦးဆောင်ရန် အမေရိကန်ဒစ်ဂျစ်တယ် မီဒီယာနှင့် နည်းပညာကုမ္ပဏီ ByzzFeed ၏ အကြီးအကဲဟောင်း မက်သယူးဟန်းနစ်ခ်ကို ငှားရမ်းလိုက်ကြောင်း ဖေ့စ်ဘုတ်၏ လူမှုကွန်ရက်ကြေညာချက်အရသိရသည်။ ဖေ့စ်ဘုတ်သည် ၎င်း၏ ဗီဒီယိုပလက်ဖောင်း Facebook Watch ကို တာဝန်ယူရန် အမေရိကန်ဝက်ဘ်နှင့် မိုဘိုင်းအပလီကေးရှင်းကုမ္ပဏီ Pinterest ၏ စီမံခန့်ခွဲရေး အကြီးအကဲဟောင်းတစ်ဦးဖြစ်သူ မိုက်ခ်ဘစ်ဒ်ဂိုလီကိုလည်း ဟန်းနစ်ခ်နှင့်အတူ ငှားရမ်းခဲ့သည်။
ရုပ်မြင်သံကြားဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် ဖေ့စ်ဘုတ်က ယမန်နှစ်ဩဂုတ်တွင်ယင်း၏ ဗီဒီယိုကမ်းလှမ်းမှု များကို တိုးချဲ့ခဲ့ပြီးနောက်ပိုင်း ဟန်းနစ်ခ်နှင့် ဘစ်ဒ်ဂိုလီတို့ကို ငှားရမ်းလိုက်ခြင်းဖြစ်သည်။ ByzzFeed အကြီးအကဲဟောင်း ဟန်းနစ်ခ်သည် ဖေ့စ်ဘုတ်၏ တစ်ကမ္ဘာလုံးအတိုင်းအတာ ဗီဒီယိုပိုင်းဆိုင်ရာ မဟာဗျူဟာ နှင့် စီမံချက်ရေးဆွဲမှုတို့ကို ဦး ဆောင်မည်ဖြစ်သည်။ Pinterest အတွက် နှစ်နှစ်နီးပါးအလုပ်လုပ်ခဲ့သော ဘစ်ဒ်ဂိုလီက ဖေ့စ်ဘုတ်၏ Facebook Watch ထုတ်ကုန်အဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။ Facebook Watch ကို ကနဦးအားဖြင့် အမေရိကန်ပြည်ထောင်စုမှ သုံး စွဲသူတစ်စုထံ ကန့်သတ်ရရှိစေခဲ့ပြီး ဖေ့စ်ဘုတ်၏မိုဘိုင်း အပလီကေးရှင်း၊ ဝက်ဘ်ဆိုက်နှင့် ရုပ်မြင်သံကြားအပလီကေး ရှင်းတို့တွင် အသုံးပြုနိုင်သည်။
ဖေ့စ်ဘုတ်သည် ကိုယ်ပိုင် ဖြစ်သည့်ရုပ်သံအကြောင်းအရာကို ဝယ်ယူရေးအားထုတ်မှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် ၎င်း၏ ဗီဒီယိုဝန်ဆောင်မှုအတွက် အစီအစဉ်များဖော်ဆောင်တင်ဆက်ရန် Vox Media၊ BuzzFeed၊ ATTN နှင့် Group Nine Media တို့အပါအဝင်ဖြစ်သောသတင်းနှင့် ဖျော်ဖြေရေးဗီဒီယိုအကြောင်းအရာ ဖန်တီးသည့်ကုမ္ပဏီများနှင့် ယမန်နှစ် ကသဘောတူညီချက်များ ချုပ်ဆိုထားခဲ့သည်။
Source: Reuters

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်