ဗုဒ္ဓဘာသာ - မွတ်ဆလင် လူမျိုးရေးပဋိပက္ခကြောင့် သီရိလင်္ကာတွင် အရေးပေါ်အခြေအနေထုတ်ပြန်

ဌာနေတိုင်းရင်းသား ဆင်ဟာလိများနှင့်လူနည်းစု မွတ်ဆလင်များကြား အကြမ်းဖက်ပဋိပက္ခဖြစ်ပွားနေသော သီရိ လင်္ကာနိုင်ငံတွင် ပြည်တွင်းစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မတ် ၆ ရက်က အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာလိုက်သည်။
ပဋိပက္ခသည် နိုင်ငံအလယ်ပိုင်းကန်ဒီမြို့ကိုဗဟိုပြုဖြစ်ပွားနေခြင်းဖြစ်ကာ မတ် ၄ ရက်က မွတ်ဆလင်တစ်စု၏လက်ချက် ကြောင့် ဆင်ဟာလိဗုဒ္ဓဘာသာ လူငယ်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အခြားနေရာများသို့ ဆူပူအုံကြွမှုပျံ့မသွားစေရန် သီရိလင်္ကာအစိုးရက အရေးပေါ်အခြေအနေ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ကနဦး ၁ဝ ရက်အ တွင်း နိုင်ငံတစ်နံတစ်လျားစစ်သားများ ချထားမည်ဖြစ်သည်။
လူဦးရေ၏ ၇၅ ရာခိုင်နှုန်းဝန်းကျင်က ဗုဒ္ဓဘာသာဝင်များ ဖြစ်သောကန်ဒီမြို့မှ ပဋိပက္ခ အရှိန်အမြင့်ဆုံးနေရာများတွင် တင်းကြပ်သည့် ညမထွက်ရအမိန့် ဆက်လက်ထုတ်ပြန်ထားပြီးနောက်ထပ် လုံခြုံရေးတပ်ဖွဲ့များနှင့် ရဲများလည်းချထားလိုက်ကြောင်း ဒေသမီဒီယာများ၌ ဖော်ပြသည်။ သီရီလင်္ကာဝန်ကြီးချုပ်က လူမျိုးရေးခွဲခြား၍အ ကြမ်းဖက်သော လုပ်ရပ်များကို ပြစ်တင်ရှုတ်ချကာ နောက်ထပ်အရေးယူဆောင်ရွက်မှု လုပ်သွားမည်ဟု ကတိပြုခဲ့သည်။
ကန်ဒီမြို့မှအကြမ်းဖက်မှုသည် မွတ်ဆလင်လေးယောက်ကို တင်ဆောင်လာသည့် တက္ကစီတစ်စီးက ဆင်ဟာလိဗုဒ္ဓဘာ သာဝင် လူငယ်တစ်ဦး မောင်းနှင်လာသည့် ဗန်ကားတစ်စီးနှင့် တိုက်မိရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကန်ဒီရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ သိရသည်။ မွတ်ဆလင်လေးယောက်က ဗုဒ္ဓဘာသာဝင်လူငယ်ကို ဝိုင်းရန်ပြု၍ သံချောင်းဖြင့်ရိုက် သောကြောင့် ဒဏ်ရာများရကာ ဆေးရုံပို့လိုက်ရပြီးထိုဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုသည်။ ပြစ်မှုကျူးလွန်သူ မွတ်ဆလင်လေးယောက်ကို အခင်းဖြစ်ပွားပြီးချိန်ကတည်းက ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းထား ကြောင်းသိရသည်။
Source: CNN

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်