"ဒေါ်အောင်ဆန်းစုကြည်က ဒီလက်ဖွဲ့ ပုံကြီးကိုကြည့်၊ ဝတ်ထားစားထားတာတွေကြည့်ပြီးစိတ်မသက်မသာ ဖြစ်တယ်" "မကြာခင်မှာပဲ မင်္ဂလာပွဲစင်ပေါ်သို့တက်ပြီးပြောတာပဲ။ ဒီလိုအချိန်မှာ ဒါမျိုးတွေမလုပ်သင့်ဘူး။ "

၂၀၁၈ ဇန်နဝါရီ ၂၀ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၉)
အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်နှင့် တွေ့ဆုံမေးမြန်းခြင်း
အရပ်သားအစိုးရတာဝန်ယူဆောင်ရွက်ခဲ့သည့် နှစ်နှစ်တာသက်တမ်းကာလအတွင်း ပြည်ထောင်စု ဝန်ကြီးများနှင့် ဝန်ကြီးချုပ်အချို့အား အပြောင်းအလဲပြုလုပ်၍ နိုင်ငံရေးကို အားသစ်စိုက်ပျိုးယူရန် ဆောင်ရွက်နေသည်ကိုတွေ့မြင်နေရသည်။ ကျယ်ပြန့် ရှုပ်ထွေးလာသည့် မြန်မာ့အရေးနှင့် ရှေ့ဆက်စောင့်ရမည့် အရပ်သားအစိုးရ လက်ကျန်သက်တမ်း၊ သုံးနှစ်ကာလအတွင်း စိတ်ဝင်စားဖွယ် အပြောင်းအလဲတစ်ချို့ဖြစ်ပေါ်လာဦးမလား၊ သို့တည်းမဟုတ် လူစားထိုးအုပ်ချုပ်မှု၏ အဆုံးအဖြတ်မှန်ကန် ထိရောက်မည်လားဆိုသည်ကို စောင့်ကြည့်ရပေမည်။ သို့သော် ၂၀၁၈ နှစ်သစ်ကူး ထိပ်ပိုင်းရာထူး အပြောင်းအလဲကတော့ ထူးခြားနေသည်က ငြင်းဖွယ်မရှိပေ။ ထူးခြားသည့်ဖြစ်စင်များ အတွင်းမှ NLD အစိုးရ ၏ဩဇာ အာဏာ ၆၀ ရာခိုင်နှုန်း ခန့် ချုပ်ကိုင်ထားသည်ဆိုသော CEC အဖွဲ့ ဝင် (NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ) ဦးဝင်းထိန်၏ အတွင်းရေးများကလည်း လူထုအကြား ရေပန်းစားခဲ့သည် ၎င်းအား ပါတီမှ အနားပေးသည့် သတင်းကလည်း လှုပ်ခပ်နေဆဲရှိသည်။
ဤသို့ အစိုးရအသစ်အတွင်း အငြိမ်မသက်ဖြစ်စဉ်များ အ ပေါ်တွင် ပြည်သူလူထု သတင်းမှန်းသိချင်နေကြမည်မှာ ဖြောင့်မှန်သော ဆန္ဒတစ်ခုဖြစ်လေသည်။ ပြည်သူ့ဆန္ဒပြည့်ဝစေရနမ်အတွက် ယူနတီးမှ NLD ပါတီ၏ ဗဟိုပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလ်ိုက်ပါသည်။
မင်္ဂလာပါခင်ဗျာ။
၁။ NLD အရပ်သားအစိုးရတက်လာရင် Media လွတ်လပ်ခွင့်ပိုရမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့ မှာအဆိုး ဘက်ကိုဦးတည်နေတယ်လို့ ပြောနေကြ တဲ့အပေါ်မှာ သုံးသပ်ပေးပါခင်ဗျာ။
မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက် ပြီးတော့ ကျွန်တော်တို့ NLD ကတိုင်း ပြည်တာဝန်မယူခင်ကတည်းက မီဒီယာ ဆွေးနွေးပွဲတွေ တော်တော်တက်ခဲ့ပါ တယ်။ တကယ်ပဲ ဒေါ်အောင်ဆန်းစု ကြည်မှတ်မိပါ့မလားမသိဘူး။ ကမ္ဘာ့မီဒီ ယာများနှစ်ပတ်လည်ကို နိုဗိုဟိုတယ်မှာ ဝန်ကြီးဦးရဲထွဋ်တက်ပြီးတော့ မိန့်ခွန်း ပြောတာတွေလုပ်တယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်က မီဒီယာလွတ် လပ်ခွင့်ကို တော်တော်လေးအသားပေး ပြီးပြောပါတယ်။ ခု NLD အစိုးရတက် လာတဲ့အခါကျတော့လည်း မီဒီယာလွတ် လပ်ခွင့်ကိုကြိုးစားကြတာပဲ သို့သော် လည်း ထင်သလောက်အောင်မြင်မှုမရှိ ခဲ့သေးဘူး။ ဒါလည်း ကျွန်တော်တို့ ဝန်ခံ ရမှာပဲ။ ဘာကြောင့်မရတာလဲလို့ ဝန်ခံ ရရင်တော့ အပိုင်း၂ပိုင်းရှိတယ်။ ပထမ အပိုင်းကတော့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ပဲလုပ် ထားထား၊ ဘယ်လောက်ပဲ မျှော်လင့် ထားထား လွတ်လပ်ခွင့်မရတဲ့အကြောင်း က ပြန်ပြောရင်လဲ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ အဲဒီမှာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး၊ အာဏာတွေမှာကန့် သတ်ခံထားရတယ်။ အားလုံးသိတဲ့အ တိုင်းပဲ မီဒီယာနဲ့ပတ်သက်ပြီးတော့ အချက် ၄ချက်ပြန်ကြားရေးဗဟိုကော်မတီ ရဲ့အတွင်းရေးမှူးလုပ်တဲ့အဆိုမှာ ပြန် ကြားရေးရဲ့ကိုးကားမှုနဲ့ မှီငြမ်းမှုနဲ့အ ချက်လေးချက်ကို ယူထားတယ်။ အဲဒီ အချက်လေးချက်ရဲ့နံပတ်တစ်ကတော့ အားလုံးသိတဲ့အတိုင်း ကမ္ဘာကုလသမဂ္ဂ ရဲ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ နောက်တစ်ခုက ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက နိုင်ငံသားများထဲက အခွင့် အရေးဆိုင်ရာ၊ နံပတ်သုံးကတော့ အဖွဲ့ ချုပ်ရဲ့ ၂ဝ၁၅ရွေးကောက်ပွဲကြေညာစာ တမ်း၊ နံပတ်လေးကတော့ စာနယ်ဇင်း ကောင်စီ၏ ဥပဒေတွေ စာနယ်ဇင်းသမား တွေအတွက် ဂျာနယ်လစ်သမားတွေ အတွက်လွတ်လပ်ခွင့်နဲ့ အခွင့်အရေး ကျင့်ဝတ်တွေယူထားတယ်။ အဲဒါတွေ ကိုဘယ်လောက်ပဲ ယူထားထားအုပ်ချုပ် ရေးအပိုင်းက ကန့်သတ်ချက်တွေရှိနေ ရင် မရဘူး။ ဥပမာ ၆၆ဃရင်ဆိုင်ခံရပြီး နောက်တစ်ခု ၈(စ) ပေါ်လာပြီး နောက် တစ်ခု နိုင်ငံတော်၏လျှို့ဝှက်ခွင့်ပေါက် ကြားမှုဥပဒေတွေ ပေါ်လာပြီး ကျွန်တော် တို့ပြောတာပဲ ရှိတယ်။ လိုက်မလုပ်နိုင် ဘူး။ ဒါကြောင့် ထင်သလောက်မီဒီယာ လွတ်လပ်မှုမရှိဘူး။ သို့သော်လည်း အား လုံးသိတဲ့အတိုင်းပဲ သတင်းလွတ်လပ်ဖို့ အရင်ထက်စာရင် လုပ်တာကိုင်တာတော့ ရှိလာတယ်။
၂။ နိုင်ငံပိုင်သတင်းစာတွေက ကြော်ငြာ ကဏ္ဍအပြင် အဘက်ဘက်ကအသာစီး ရနေပါတယ်။ ပုဂ္ဂလိက Media ရှင်သန် ရေးအတွက် ရုန်းကန်နေရတဲ့အပေါ် အ စိုးရကို ဘယ်လိုအကြံပြုချင်ပါသလဲခင် ဗျာ။
ဟိုတုန်းကတည်းကပဲ မီဒီယာဆွေး နွေးပွဲတွေမှာခဏခဏပြဿနာရှိတယ်။ အခုအစိုးရ လက်ထက်မှာလည်းဒီပြဿ နာကရှိနေတာပဲ ဘာကြောင့်လဲဆို တော့ပုဂ္ဂလိကမီဒီယာ သို့မဟုတ်ပုဂ္ဂလိက သတင်းစာတွေရဲ့ အခန်းကဏ္ဍနဲ့ ပြည် သူပိုင်သတင်းစာ ပြည်သူပိုင်မီဒီယာအ ခန်းကဏ္ဍရဲ့ ကွာဟချက်ကအများကြီး ကြီးပါတယ်။ အဲ့ဟာမှာတချို့က ထောက် ပြကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကျွန်တော်လည်းပြောပါတယ်။ ဝန်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာတော့ ပြောဖူးတယ်။ ဒီမိုကရေစီ အစိုးရလက်ထက်မှာနိုင်ငံ ပိုင် သတင်းစာဆိုတာ မရှိသင့်တော့ဘူး။ ပုဂ္ဂလိကပိုင် ပုဂ္ဂလိပိုင်သတင်းစာတွေပဲ အဓိကထားရမယ်လို့ ပြောခဲ့ဖူးတယ်။ အခုနိုင်ငံပိုင်သတင်းစာတွေ ဘာကြောင့် ရှိနေတာလဲ မေးခွန်းထုတ်ရင်လည်း ကျွန်တော့်မှာအကြောင်းပြချက် နှစ်ချက် ရှိပါတယ်။ ပထမအချက်က ဒေါ်အောင် ဆန်းစုကြည်ပြောတာမှန်တယ် သို့ သော်လည်းမူအရပြောတာ။ မူအရ အ ကောင်အထည်ဖော်တော့လည်း မှုနဲ့ အ ကောင်အထည်ဖော်တဲ့နေရာမှာ အချိန် အကန့်အသတ်တစ်ခုရှိရမယ်။ ကွာဟ ချက်လည်းရှိတယ်။ လောလောဆယ် တော့ မရနိုင်သေးဘူး။ ဒီတိုင်းသွားနေရ မယ်။ အမြဲတမ်းတော့မဟုတ်ဘူး။ အားလုံးမျှော်လင့်ထားတဲ့ ဒီမိုကရေစီစံချိန်စံ နှုန်းနဲ့ သတင်းလွတ်လပ်ခွင့်၊ သတင်း ထုတ်ပြန်ဝေခွင့်တွေ ရလာမှာပဲလို့ ပြော ရဲတယ်။ နောက်တစ်ချက်က အခုအစိုးရ ဝန်ကြီးဒေါက်တာ—-ကလည်း ဒီကိစ္စကိုအလေးထားပါတယ်။ တစ်ခါတရံကြတော့ ရုတ်တရက်ချိန်းတဲ့နေရာ မှာ ဖြစ်တတ်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည် အာဏာရတဲ့အချိန်ပြောတဲ့အခါ မှာ တာဝန်ယူတုန်းက ဝန်ထမ်းတွေကို ဖြုတ်မပစ်ပါဘူး။ စိတ်ချလက်ချနေကြ ပါ။ ပြောခဲ့တယ်။ အဲလိုမျိုးပဲရုတ်တရက် ချိန်းလိုက်ရင်ထိန်းမနိုင်သိမ်းမနိုင် ဖြစ် တတ်တယ်။ ကျွန်တော်အတွေ့အကြုံ တစ်ခုပြောပြမယ်။ အီရတ်မှာအမေရိကန်ကနေပြီး သိမ်းလိုက်တော့တစ်ပတ် ကျော်နှစ်ပတ်မှာ သိမ်းပြီးတော့ အရင် လူတွေကို ဖြုတ်ပြစ်တာ စစ်ဘက်နယ် ဘက်အားလုံး ဖြုတ်ပြစ်တာ အားလုံး ပြဿနာတက်တာပဲ ဘာမှထိန်းချုပ်လို့ မရဘူး။ အဲအချိန်ဆန္ဒပြတာတွေဖြစ် လာတယ်။ အဲအတွေ့အကြုံပေါ့ အခု မဖြုတ်ဘူး လက်တွဲခေါ်မယ်။ ခေါ်လို့မ ရရင် အရည်အချင်းမြှင့်တင်ပေးလို့မရရင် အချိန်တစ်ခုမှာ ဖြုတ်ပြစ်ရမှာပဲ။
၃။ နိုင်ငံတော်နဲ့ပတ်သက်တဲ့ သတင်း တွေထုတ်ပြန်ရာမှာ ပြန်ကြားရေးဝန် ကြီးဌာနက အတော်နောက်ကျနေတာ တွေ့နေရပါတယ်။ ယခင်အစိုးရပြန်ကြား ရေးဝန်ကြီးဌာနလောက် သွက်လက်မှု မရှိတာကိုလည်း တွေ့နေရတဲ့အပေါ် ဘယ်လိုပြုပြင်ဖို့ ရှိပါသလဲခင်ဗျာ။
သိပ်မှန်တာပေါ့။ မကြာခဏလည်း ပြန်ကြားရေးက တာဝန်ရှိသူတွေကို ပြောဖူးပါတယ်။ ကျွန်တော်တို့က အများ ကြီးနောက်ကျတယ်။ အထူးသဖြင့် မှတ် မိကြမလားမသိဘူး ရခိုင်အရေးပေါ့။ မီဒီ ယာနဲ့ပတ်သက်ပြီး မျက်လုံးပြူး၊ မျက်ဆံပြူးဖြစ်သွားကြတယ်။ အိပ်ယာက လန့်နိုးသလိုပေါ့ အများကြီးနောက်ကျ တာကို နိုင်ငံတကာမှာကသတင်းမီဒီ ယာကို အဓိကကျလုပ်တာ သူတို့မှာက နည်းပညာပြည့်စုံတယ်။ ငွေကြေးပြည့် စုံတယ်။ လူအင်အားပြည့်စုံတယ်။ အချိန်နဲ့တစ်ပြေးညီချနိုင်တယ်။ ကျွန် တော်တို့မှာ ဘာမှမရှိဘူး အဲမှာအများ ကြီးနောက်ကျနေပြီလို့သိတာ။ သိတဲ့ အ ချိန်ဘယ်လိုလုပ်မလဲဆိုတော့ ပြဿနာ ကဖြစ်ပြန်ရော ဟိုတုန်းကတော့မှန်တဲ့ သတင်းထုတ်ပြန်ရေးနဲ့ ပတ်သက်လို့ အခုမရှိဘူး။ အခုကပြန်ကြားရေးကို ဗိုလ်မှူးအဆင့်ပေးထားတော့ ပြန်ကြား ရေးဝန်ကြီးက ဘေးထိုင်နေရတာပေါ့။ မသိတဲ့သူတွေကတော့ ပြန်ကြားရေးဝန် ကြီးဘာလုပ်နေတာလဲပေါ့ ပြောကြ တယ်။ အမှန်ကသတင်းထုတ်ပြန်ရေး နဲ့ ပတ်သက်လို့ စနစ်မကျဘူးလွဲနေတယ်။ ပြန်ကြားရေးဝန်ကြီးကသတင်းထုတ်ပြန် ပြီးပြောရေးဆိုခွင့်ရှိရမှာ အခုကပြန်ကြားရေး မဟုတ်ဘဲ ဟိုဘက်ကလုပ်နေတော့ ပြန် ကြားရေးကရတဲ့ သတင်းကအားနည်း သွားတယ်။ အဲဒါကြောင့်အခုလိုဖြစ်ရ တာပါလို့ ပြောချင်ပါတယ်။
၄။ သတင်းသမားများ အဖမ်းခံရတာ အတော်များနေပါပြီ။ ဘယ်လိုကူညီပေးဖို့ အစီအစဉ်ရှိပါသလဲ။
အဲဒါနဲ့ပတ်သက်ပြီး ပြောချင်တာ ကတော့ နံပတ်တစ်အနေနဲ့ သတင်းသ မားတွေကို ပြောချင်တာက ကျွန်တော် တစ်ဦးတည်းအနေနဲ့ ဘယ်သတင်း သမားကိုပဲ ဖိနှိပ်ဖိနှပ် ဘယ်သတင်းသမား ကိုပဲဖမ်းဖမ်း ကျွန်တော်ကလက်မခံဘူး။ နှစ်အချက်ကတော့ ဘယ်သတင်းသမား ပဲဖြစ်ဖြစ်၊ ဘယ်သတင်းယူတဲ့သူပဲဖြစ် ဖြစ်အပေါ်စီးကနေပြီးတော့ ပြောတာဆို တာမျိုး ကျွန်တော်ပါတီမှာပြောလည်း လက်မခံဘူး။ ကျွန်တော်တို့ NLD ပါတီနဲ့ အတူ လူထုပဲဒီသတင်းသမားတွေက NLD ပါတီစထောင်ထဲကိုက ပါလာတာ ဆရာဦးဝင်းတင်တို့ကအစပေါ့ အဲလိုပါ လာပြီးတော့မှ NLD ပါတီကိုပျိုးထောင် လာရတာ။ပြီးခဲ့တဲ့ ၂ဝ၁၅မှာလည်း အားလုံးလူပ်လာကြတာပဲ အဲလိုဖြစ်တဲ့ဟာ ကိုသတင်းသမားတွေအပေါ်မှာ နှိပ်ကွပ် တာပြုတာကတော့ မကြိုက်ဘူး။ လက်မခံဘူးသို့သော် ဒီကနေအဲလိုသဘော မျိုးတွေ တွေ့နေရတယ်။ အဲဒါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ကန့်သတ်ချက် တွေအများကြီးရှိနေတယ်။ သတင်းမီဒီ ယာ သမားတွေကိုကာကွယ်ဖို့ သတင်း မီဒီယာကောင်စီရှိတယ်။ အဲဒီကောင်စီ တွေကလည်း လုပ်ကြရမှာပဲ။ ပြန်ကြား ရေးဝန်ကြီးဝန်ကြီးဌာနကလည်း လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပဲ။ နောက် တစ်ခုက လွှတ်တော်ကလည်း ပြောရ မယ်။ လွှတ်တော်ကပြောဖို့ အားနည်း နေတယ်။ မီဒီယာနဲ့ပတ်သက်လို့ မေး လေ။ ဘာကြောင့်လဲ ကျွန်တော်ဆွေး နွေးပွဲတစ်ခုရဲ့ အမေရိကမှာ ၁၉၇၁ က လှုပ်ရှားမှုတစ်ခုဖြစ်ဖူးတယ်။ နယူးယောက် တိုင်းနဲ့ကွန်ကရစ်တို့အမှုဖြစ်ကြတော့ အမှုကလည်း အမေရိကန်က ဗီယက်နမ် ကိုမကြေညာဘဲ စစ်တွေတိုက်ပြီးတော့ လျောက်လုပ်တာ နှိပ်ကွပ်တာတွေလုပ် တော့သတင်းတွေရလာတဲ့အချိန် နယူး ယောက်တိုင်းနေရှယ်နယ်ပိုစ့်က ဖွင့်ချ လိုက်တော့ ကွန်ကရစ်က ဒါနိုင်ငံတော် လျှို့ဝှက်မှုပဲလုပ်တော့ တရားစွဲတဲ့အခါ မှာ အောက်ရုံးက ကွန်ကရစ်ကိုအနိုင် ပေးတယ်။ နယူးယောက်တိုင်းသတင်း စာက စွတ်ပရေးကုတ်ကိုတက်တော့ အနိုင်ပေးလိုက်တယ်။ အနိုင်ပေးတဲ့ အ ကြောင်းပြချက်က အမေရိကန်နဲ့အခြေ ခံဥပဒေဖွဲ့စည်းပုံနဲ့ကိုင်တာ အမေရိကန် ရဲ့အခြေခံဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ လွတ်လပ်တဲ့သတင်းရပ်ိုင်ခွင့်ကို အတိ အလင်းကြေညာထားတာ ဒါကိုကွန်က ရစ်ကဝင်ပြီး ရှုပ်ရော။ မလိုဘူး သတင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ဖွဲ့စည်းပုံ ထဲမှာပါပြီးတော့ ဘာမှဆက်လုပ်စရာမ လိုဘူးဆိုပြီး အနိုင်ပေးလိုက်တာရှိခဲ့ဖူး တယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ မရှိ ပါဘူး။

၅။ စစ်တပ်က media နဲ့တက်ကြွလှုပ် ရှားသူတွေအပေါ် စွဲထားတဲ့အမှုတွေ တောင်ရုပ်သိမ်းနေပါပြီ။ ရန်ကုန်တိုင်း အစိုးရမှ Eleven Media Groupကိုစွဲ ထားတဲ့အမှု ပြန်ရုပ်သိမ်းရန် အစိုးရကို အကြံပြုဖို့ အစီအစဉ်ရှိပါသလားခင်ဗျာ။
ဒါလည်း ပြောလျော့လာလိမ့်မယ် လို့ထင်ပါတယ်။ တစ်ခါတရံမှာလူဆိုတာ ကလည်း မာန်လေးတွေရှိသေးတယ်။ သို့သော်လည်းပဲ ဒီလိုဟာကတဖြည်း ဖြည်းပြေလျော့လာလိမ့်မယ်လို့ထင်ပါ တယ်။ ကာယကံရှင်တွေ တရားလိုကာ ယကံရှင်တွေဟာ အများကြီးအမြော်မြင် ရှိတဲ့သူတွေပါ။ အများကြီးဆင်ခြင်တုန့် တရားရှိတဲ့သူတွေပါ။ မကြာခင်ဖြေသိမ့် လာလိမ့်မယ်လို့ ထင်ပါတယ်။

၆။ ဦးဝင်းထိန်အကြောင်းကို အနည်း ငယ်မေးခွင့်ပြုပါခင်ဗျာ။ သူ့သားမင်္ဂလာ ဆောင်ကိစ္စနဲ့ပတ်သက်ပြီး တိုင်းပြည်က ဆင်းရဲတွင်းက ရုန်းထနေတဲ့အချိန်မှာ ငွေကုန်ကြေးကျများပြီး တခမ်းတနား လုပ်နေတဲ့အပေါ် ဒေါ်အောင်ဆန်းစု ကြည်က ပွင့်လင်းစွာဦးဝင်းထိန်ကို နှစ် ကြိမ်ထက်မနည်း မင်္ဂလာအခမ်းအနားမှာ ပြောဆိုနေတယ်လို့ ကြားသိရပါတယ်။ အဲဒါ ဟုတ်ပါသလားခင်ဗျာ။
ကျွန်တော်ပြောရရင် ဦးဝင်းထိန် သား မင်္ဂလာဆောင်ကိုအပိတ်မခံရပါ ဘူး။ တတ်လဲမတတ်ရပါဘူး။ ဒါက တစ် အချက်ပေါ့။ နှစ်အချက်ကတော့ ဖတ် ကြားလို့ပဲဖြစ်ဖြစ် တတ်ကြတဲ့ပုဂ္ဂိုလ်တွေ ရဲ့ ပြန်ပြောတဲ့စကားတွေ အများကြီးကြား ရပါတယ်။ ပြန်ကြားတဲ့အခါ ဒေါ်အောင် ဆန်းစုကြည်က စိတ်မသက်မသာဖြစ် တယ်။ စိတ်ဆိုးတယ်လို့မပြောဘူး။ စိတ် မသက်မသာဖြစ်ရတယ်။ ဒီလက်ဖွဲ့ပုံ ကြီးကြည့်၊ ဝတ်ထားတာတွေကြည့်ပြီး ဒါတွေပါမှာပေါ့။ အဲဒါတွေကြည့်ပြီး စိတ် မသက်မသာဖြစ်တယ်။ မကြာခင်မှာပဲ တက်ပြီးပြောတာပဲ။ ဒီလိုအချိန်မှာဒါ မျိုးတွေမလုပ်သင့်ဘူး။ ကျွန်တော်နဲ့ဦး ဝင်းထိန်က ဘာပြဿနာမှမရှိပါဘူး။သို့ သော်လည်းနှိုင်းယှဉ်ပြီးတော့ ပြောရရင် ဥပမာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်သမီး မင်္ဂလာဆောင်တုန်းက လက် ဖွဲ့ခြင်းသီးခံပါ ဆိုပြီးတော့လုပ်ထားတာ လေးတွေပေါ့ အဲလိုမျိုးလေးတွေဖြစ်သင့် တာ။ မဖြစ်လည်းအတော်အသင့်ပေါ့။ ဖြစ်ရမှာ အခုမဟုတ်ဘူး စိတ်မသက်မ သာရာတွေဖြစ်လာတာ အဲလိုပြောမှာ ပေါ့လို့ထင်တာပဲ။ ဒါပေမဲ့အဲလိုပြောတယ် လို့ကြားတာပဲ။ ကျွန်တော်ကိုယ်တိုင် တော့မသိဘူး။ တစ်ဆင့်ကြားနဲ့ ပြော တာပါ။ ဒါမှန်ပါတယ် ဒေါ်စုကခေါ်ပြော တယ်ဆိုတာ မှန်တယ်လို့ပြောချင်တယ်။

၇။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဒေါ် အောင်ဆန်းစုကြည်က ဦးဝင်းထိန်ကို ၃ နာရီကြာခေါ်ယူဆွေးနွေးပြီးနောက် ဩ စတြေးလျကို ထွက်ခွာသွားတယ်ဆိုတာ ဟုတ်ပါသလား။ ပါတီတာဝန်ကရော အရင်အတိုင်းရှိနေပါသလား ခင်ဗျာ။
ဒေါ်စုက ဦးဝင်းထိန်ကိုသုံးနာရီ လောက်ခေါ်တွေ့တယ်ဆိုတာလည်း ကြားပါတယ်။ ကျွန်တော်က အတိအကျ တော့မပြောချင်ပါဘူး။ ကြားတာပါ။ ကြားပြီးတော့နောက်မှ ဦးဝင်းထိန်ဘက် က နှုတ်ဆက်တယ်ပေါ့။ ဦးရွှေမန်းတို့ လည်းနှုတ်ဆက်တယ်။ ပြိးတော့သူ့ လုပ်ဖော်ကိုင်ဘက်တွေကိုလည်း နှုတ် ဆက်တယ်။ ပြီးတော့ ဗီဇာကိုချက်ချင်း လျောက်ပြီးရသွားတယ်။ ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းပဲ ခရီးထွက်သွားတယ်။ သူသည် ဒီလိုခရီးထွက်သွားတဲ့အခါမှာ ကျွန်တော်သိချင်တာက နံပတ်တစ်က ပါတီကိုခွင့်တင်သွားလား၊ ပါတီကို အကြောင်းကြားသွားလား ဒါမှမဟုတ်သူက ဦးရွှေပမန်းဆီမှာလည်းလုပ်သေးတယ်။ ဆိုတော့ ဦးရွှေမန်းဆီကိုပဲ အကြောင်း ကြားသွားလား၊ နောက်တစ်ခုကပါတီ ကရော သူ့ကိချက်ချင်းခွင့်ပေးထားသ လား ဆိုတာကျွန်တော်မသိရသေးဘူး။ လုပ်ထုံးလုပ်နည်းကတော့

၈။ ပြီးခဲ့တဲ့ဗဟိုကော်မတီအစည်းအဝေး မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဦးဝင်း မြင့်က ဆရာအရှိန်အဝါကိုခုတုံးလုပ်ပြီး လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း မလျော်ဩဇာသုံးနေတဲ့လူတွေကို ပြင်း ထန်တဲ့ သတိပေးမှတ်ချက်ပြုခဲ့တာဟာ ဦးဝင်းထိန်အနားက လူတွေကိုရည်ညွှန်း ပြောကြားခဲ့တာလို့ အပြင်မှာအတော် ပျံ့နှံ့နေပါတယ်။ အတည်ပြုချက်သိချင်ပါ တယ် ခင်ဗျာ။
အဲဒါလည်းကောင်းတဲ့သတင်းတစ်ခုပါပဲ။ ကျွန်တော်သိသလောက်ကတော့ ဗဟိုကော်မတီ အစည်းအဝေး နှစ်ရက်လုပ်တဲ့ ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်နောက်ဆုံးမှာ တိုင်နဲ့ပြည်နယ်က ဗဟိုကော်မတီးအဖွဲ့ ဝင်တွေ ဗဟိုလုပ်ငန်းကော်မတီရဲ့ အစီရင်ခံစာတွေပေါ် မှာ ပြန်ပြီးတော့ဖြေပါတယ်။ဒီနှစ်သတ္တမအကြိမ် အစည်းအဝေးမှာ ထူခြားတာက တော့ အရင်ကမေးတာဖြေတာက ဦးညဏ်ဝင်းနဲ့ ဦးဝင်းထိန်ဖြေပါတယ်။ ဒီနှစ်မှာတော့ ဦးဝင်းမြင့်ကပြမ်ပြီးဖြေတာက တစ်နာရီကျော်လောက်ကြာတယ်။ ပြောတာကပါတီနဲ့ပတ်သက်ပြီးပြောတယ်။ အစိုးရနဲ့ပတ်သက်ပြီးပြောတယ်။ ပါတီမှာ အရေးကြီးတာက ပါတီတည်ဆောက်ရေး၊ ပါတီစည်းရုံးရေး၊ ပါတီစည်းကမ်းထိန်းသိမ်းရေး အဲဒါတွေကိုမလွတ်အောင်ပြောသွားနိုင်တယ်။ ပြီးတော့ ထင်ဗျားတို့မသိဘူးလို့တော့မထင်နဲ့ “ လူကြီးတွေက ဒီမှာလုပ်နေတာကိုလာပြီး ထိန်းနေကြတာတွေလို၊ ကိုယ့်လုအချင်းချင်း ထိန်းကြသိမ်းကြလုပ်နေကြလို ဖြစ်နေတာ” တိုင်းနဲ့ ပြည်နယ်ကတင်တဲ့ အစီရင်ခံစာတွေလည်းကောင်းပါတယ်။

၉။ ဆရာ့အနေနဲ့ Media ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံကို အကြံပြုတင် ပြဖို့ ရှိပါသလားခင်ဗျာ။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတာလည်း ကိုယ့် ဝန်ကြီးပေါ့ အကြံဥာဏ်ပေးရမှာပဲ။ နောက်တစ်ခုက ပါတီဆိုင်အရ ပြန်ကြားရေးပဲဆိုတော့မှန်ပါတယ်။ အကြံဥာဏ်တွေအများကြီးပေးရမှာ နံပါတ်တစ်က မီဒီယာ ဥပဒေ အရေးကြီးတယ်။ မီဒီယာ ဥပဒေက မပီပြင်ဘူး။ အဲဥပဒေကို စာရွက်ပေါ်မှာ ရေးတယ် တစ်ချို့ဥပဒေကိုပြဋ္ဌာန်းပြီး လွှတ်တော်ကတောင် အတည်ပြုပြီးပြီ။ နည်းဥပဒေထွက်မလာဘူး။ လုပ်ရမှာကိုက ပီပီပြင်ပြင်မရှိဘူး။ ညန်းဥပဒေမှာ မီဒီယာဥပကဒေရှိမယ်။ ရုတ်မြင်သံကြားဥပဒေရှိမယ်။ အဲဒါတွေက မပီပြင်ဘူး။ ဒါတွေကိုပြန်လုပ်ရမှာ။ ဥပဒေ ပီပြင်အောင်လုပ်ဖို့အရေးကြီးတယ်။ နောက်တစ်ခုက မီဒီယာ သမားတွေ အချင်းချင်း ညီညွတ်ရမယ်။ မီဒီယာဆွေးနွေးပွဲတွေ မကြာခဏလုပ်ရမယ်။ နိုင်ငံတကာ မီဒီယာတွေနဲ့ ချိတ်ဆက်ပြီးလုပ်ရမယ်။ ခုကပြည်တွင်းမှာပဲ ဝါးလုံးခေါင်ထဲလသာနေကြတယ်။ တကယ်နိုင်ငံတကာနဲ့ယှဉ်ရင်တော့ ဘာမှမလုပ်နိုင်ဘူး။
၁၀။ ပြီးခဲ့တဲ့ ဝန်ကြီးချုပ်တစ်ယောက်နဲ့ တိုင်နဲ့ပြည်နယ်ဝန်ကြီး ၅ ဦး နုတ်ထွက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်က စာမထုတ်ခင် အပြင်မှာထပ်တူ ဒီစာကထွက်ပေါ်လာတဲ့အတွက် အန္တရာယ်ရှိတယ်လို့ သုံးသ်မိလား။
သိပ်ရှိတာပေါ့။ ဒါမျို းတွေအများကြီးပဲ ကျွန်တော်တို့ ဆီးမှာ အခုလို အတုတွေ၊ အစစ်နီးပါးပဲ။ အဲဒီလိုမျိုး ကျိုးပေါက်မှုကိုက အရေးကြီးလာပြီ၊ စာသားကျိုးပေါက်တာ၊လူ့ရဲ့ အသက်အန္တရာယ် အကျိုးပေါက်ဘူးလို့ ပြောနိုင်သလား။ အဲဒါကိုပိုပြီး သတိထားရမယ်။
၁၁။ ပုဂ္ဂလိက မီဒီယာတွေကို နိုင်ငံကနေပြီး သတ်မှတ်ချက်တစ်ခုအနေနဲ့ ပံ့ပိုးဖို့ရှိလား။
ဒါတော့ ကျွန်တော်ထင်တယ်။ ရှိတယ်လို့ယူဆတယ်။ မရှိလည်းဒါတွေ အမြဲပြောနေရမှာပဲ။ ရှိရမှာပဲ။ နိုင်ငံတကာမှာဆို ပံ့ပိုးနေကြတယ်။ ကျွန်တော်တို့ဆီကသာ အားနည်းနေကြတာ။ အဲဒါကလည်း ဘတ်ဂျက်ကိစ္စလည်းရှိမှာပေါ့။. အခုမှ ပြန်ပြီးလုပ်ကြရတာကို ပီပီပြင်ပြင်တော့မရှိသေးဘူး။ အရင်တုန်းကတော့ ကမ်းလမ်းမှုလေးတွေရှိတယ်။ နောက်ဘယ်လိုပြန်ပြီးပျက်သွားလည်းတော့မသိဘူး။
နောက်ဆုံးမီဒီယာသမားတွေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပါ့လား။
မီဒီယာနဲ့ပတ်သက်လို့ ကျွန်တော်က မီဒီယာသမားဘက်ကပဲရှိမယ်။ ဆွေးနွေးပွဲတစ်ခုမှာ တွေ့ဖူးတယ်။ ကျွန်တော်တို့ မီဒီယာသမားတွေက ပုဒ်မလည်းကြောက်ရ၊ ဒုက္ခလည်းရောက်ရပါတယ်လို့ ပြောခဲ့တယ်။ တကယ်လည်း ပုဒ်မလည်းကြောက်ရ၊ ဒုက္ခလည်းရောက်ရဆိုတဲ့ ဘဝက လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်။

ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်