ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ဧရိယာ B အားအကောင်အထည်ဖော်ပြီးပါက အလုပ်အကိုင်ပေါင်း ငါးသောင်းကျော်ပေးအပ်နိုင်မည်ဖြစ်ကြောင်း Myanmar Japan Thilawa Development Ldt(MJTD) မှသိရသည်။
“ လက်ရှိအခြေအနေအရ သီလဝါအထူးစီးပွားရေးဇုန်တစ်ခုလုံးမှာ ဝန်ထမ်းအင်အားငါးထောင်နီးပါး အလုပ်လုပ်ကိုင်နေပြီး ဇုန် B အကောင်အထည်ဖော်ပြီးပါက အလုပ်အကိုင်ပေါင်း ငါးသောင်းအထိပေးအပ်နိုင်မှာဖြစ်ပါတယ်” ဟု MJTD မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထူးစီးပွားရေးဇုန် B အကောင်အထည်ဖော်ဆောင်ရွက်နေမှု၏ အခြေခံအဆောက်အအုံ လုပ်ငန်းပိုင်ဆိုင်ရာ ပြီးစီးမှုမှာ ၂၀၁၈ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
သီလဝါအထူးစီးပွားရေးဇုန် A ဆောင်ရွက်မှုအပြီး ဇုန် B ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ရာ ပထမအဆင့်စီမံကိန်း ဧရိယာဟက်တာ ၁၀၀ ခန့် အကောင်အထည်ဖော်နေကြောင်း သိရသည်။
ထို့အပြင် ဇုန် A ကို ၂၀၁၄ ခုနှစ်တွင် စတင်ထုတ်ပေးခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုပါမစ်ကို စတင်ထုတ်ပေးခဲ့ကြောင်း ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဇုန် A ၌ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ဇုန် A သည် ဟက်တာ ၄၀၀ ခန့် ကုမ္ပဏီပေါင်း ၇၉ ခုခန့် လုပ်ငန်းလည်ပတ်နေကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာအစိုးရဘက်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်အစိုးရဘက်မှ ၄၉ ရာခိုင်နှုန်းထည့်ဝင်ပြီး လည်ပတ်နေကြောင်းသိရသည်။
အဆိုပါ MJTD ကုမ္ပဏီလိမိတက်သည် ဂျပန်နိုင်ငံရှိ စတီးနှင့်ပတ်သက်သော ကုမ္ပဏီများအနက် ဒုတိယအကြီးဆုံးကုမ္ပဏီဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံသည့် ပမာဏအများဆုံး ကုမ္ပဏီဖြစ်သည်။
ဇင်နိုင်