လူမျိုးရေး တိုက်ပွဲကြားက အနှိမ်ခံရဟန်းတစ်ပါးကို ဘာသာပြန် ကြည့်ခြင်း

“ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း မူဝါဒကို ဦးဇင်း ကိုင်စွဲထားပါတယ်”
မေး။ ။ မဟနက တရားဟော ပိတ်ပင်တာ မတ်လ ၉ရက်ဆို တစ်နှစ် ပြည့်ပြီ။ အဲ့လိုဆက်ပိတ်မယ်ဆိုရင် ဆရာတော်အနေနဲ့ ဘယ်လိုဆက်လုပ် သွားဖို့ရှိပါသလဲ။
ဖြေ။ ။ ပထမအချီတော့ ဒီလို အကြောင်းပြပြီး တစ်နှစ်ပိတ်တယ်။ ပြောရမယ်ဆိုရင် သူတို့ကိုပြန်ထုချေ မယ်ဆိုလဲ ဘာမှမထူးတဲ့အတွက် ကြောင့် ပိတ်တာကိုပဲမတတ်သာလို့ လက်ခံလိုက်ရတာပေါ့။ လက်ခံပြီးတဲ့ နောက်ပိုင်းမှာလည်း တခြားအပိတ် ခံရတဲ့ ဆရာတော်တွေလို လက်ကိုင် ဟွန်းကြီးနဲ့ မဟနဟု ရန်လိုတဲ့စကား တွေပြောတာတို့၊ တိုက်မယ်၊ ခိုက်မယ် ဆိုတာတွေ ဦးဇင်းတို့မလုပ်ပါဘူး။ မလုပ်တဲ့အပြင် မဟနကပိတ်ချင်လို့ ပိတ်ရတာမဟုတ်ဘူး။ ပိတ်ရတဲ့ အကြောင်းအရင်းတွေရှိတယ်။ ပြီးတော့ မဟနကဆရာတော်ကြီးတွေ အပေါ်မှာ ဦးဇင်းက စိတ်နဲ့တောင်မပြစ် မှားပါဘူး။ မပြစ်မှားတဲ့အပြင် ဒီကနေ့ ထိတရားတစ်ပွဲမှ မဟောပါဘူး။ ဦးဇင်းကဥပဒေကို လေးစားတဲ့အနေနဲ့ ရိုရိုသေသေလိုက်နာခဲ့တာပါ။ ဒါပေမဲ့ မပိတ်ခင်တုန်းကပါမစ်ကျထားပြီး ခွင့် ပြုချက်ရထားပြီးသား တရားပွဲတွေရှိတယ်။ အဲ့ဒီတရားပွဲတွေကျတော့ ဦးဇင်းတရားမဟောဘဲနဲ့ ပလ္လင်ပေါ် ထိုင်ပြီး အပူဇော်ခံတာတို့ ပါးစပ်ကို ပလာစတာနဲ့ကပ်တာတို့ လုပ်ပါတယ်။ လုပ်တာကို ဆရာတော်ကြီးတွေလည်း စာနဲ့ပေနဲ့ လျှောက်ထားပါတယ်။ ဆရာတော်ကြီးတွေရဲ့အမိန့်ကို နာခံ တဲ့အကြောင်းကို သက်သေပြချင်လို့ ဒီလိုပါးစပ်ကို ပလာစတာနဲ့ ကပ်တယ် ဆိုတဲ့အကြောင်းပေါ့။ တိတ်ခွေက ဖွင့်ထားတယ်။ လူကထိုင်နေတယ်။ ဒါကိုပဲ တရားဟောတယ်ဆိုပြီးတော့ ဆရာတော်ကြီးတွေကို သွားတိုင်တာ တွေလုပ်ကြမှာစိုးလို့ တရားမဟောဘူး။ ထိုင်ရုံပဲထိုင်တယ်ဆိုတာ သိသာ အောင်ကိုယ့်ပါးစပ်ကိုယ် ပလာစတာ နဲ့ပိတ်ပြီးလုပ်တဲ့အကြောင်း ဆရာတော်ကြီးတွေကို လျှောက်ထားတယ်ပေါ့။ ပိတ်ပြီးတဲ့နောက်ပိုင်းမှာ မပိတ် ခင်တုန်းက ကြိုတင်လက်ခံထားတဲ့ ပွဲတွေကြိုတင် ပါမစ်ကြပြီးတဲ့ပွဲတွေ မှာတောင် ဦးဇင်းအဲ့လိုလုပ်ခဲ့တယ်။ အဲလိုပွဲတွေကုန်ဆုံးပြီးတဲ့ နောက်ပိုင်း တစ်နှစ်ပြည့်တဲ့ ဒီအချိန်အထိတရား ပွဲတွေမှာ လုံးဝမဟောခဲ့ပါဘူး။ အဲ့လို ဦးဇင်းဘက်က အပြည့်အဝလိုက်နာပါ လျက်နဲ့ နောက်ထပ်နှစ်ထပ်တိုးမယ်။ မတရားအမိန့်တွေ ချလာမယ်ဆိုရင် တော့ အပိတ်ခံရတဲ့ တခြားဆရာတော် တွေဟာ မဟနအမိန့်ကို ဖီဆန်ပြီး တစ်နိုင်ငံလုံးအနှံ့အပြား တရားလိုက် ဟောနေသလို ဦးဇင်းလည်း ဟောမယ်လို့ ရည်ရွယ်ထားတာပေါ့။ ဦးဇင်း ဟောမယ်ဆိုရင်တော့ ပင့်ရဲတဲ့လူလို တာပေါ့။ ဒါစိတ်ကူးပါ။
မေး။ ။ဆရာတော်ကို ထောက်ခံကူညီနေတဲ့သူများဟာ စစ်တပ်ထိပ် ပိုင်းနဲ့ ကြံ့ခိုင်ရေးထိပ်ပိုင်းက ပုဂ္ဂိုလ် တွေလို့ ပြည်သူအများစုကထင်နေကြ တာကို ဘယ်လိုတုန့်ပြန်ဖြေရှင်းပေး ချင်ပါသလဲ ဘုရား။
ဖြေ။ ။ ထောက်ခံတယ်ဆိုတာ ဘယ်လိုထောက်ခံ တာလဲမသိဘူးပေါ့။ ဆိုကြပါစို့ ဦးဇင်းတို့လုပ်သမျှ ပွဲ တွေကိုသူတို့စီမံပေးတာလား။ ဒါမှမဟုတ်ဦးဇင်းတရားပွဲတွေမှာ မတည်ပေးတာလား။ ဒါမှမဟုတ် ဦးဇင်းကို ငွေရေးကြေးရေးတွေ ရိက္ခာတွေ ထောက်ပံ့တာလား။ ဒါမှမဟုတ်သူတို့ ထောက်ခံတာတွေမှာ ထောက်ခံတယ် ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ထောက်ခံ တယ်မြင်လို့ အဲ့လိုလူတွေကပြောကြ သလဲ။ ဦးဇင်းမှာတော့ အဲ့ဒီအထောက် အထားမရှိဘူး။ ဦးဇင်းကိုလှူဒါန်းတာ လည်းမရှိဘူး။ ထောက်ပံ့ပေးတာ လည်းမရှိဘူး။ ကြံ့ခိုင်ရေးထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့လည်းအဆက်အသွယ်မရှိဘူး။ လူကြုံနဲ့တစ်ဆင့် ဆက် သွယ်လာတာလည်းမရှိဘူး။ စစ်တပ် ထိပ်ပိုင်းနဲ့လည်း ဆက်သွယ်တာမျိုး မရှိဘူး။ လူကြုံပါးပြီးတော့ အမှာ စကားပြောကြားတာမျိုးလည်း မရှိဘူး။ ဒါမှမဟုတ် သူတို့ကျင်းပတဲ့အခမ်း အနားတွေမှာ ဦးဇင်းအကြောင်းထည့် ပြောပြီး ဦးဇင်းကိုသူတို့ထောက်ခံကြောင်း စည်းရုံးတာလား။
မေး။ ။ ဆရာတော်ကနိုင်ငံရေးနဲ့ နှစ်ရှည်ထောင်ကျခဲ့ပြီးတစ်ဖက်ကို ရောက်သွားတယ်ဆိုတာ မျိုးချစ်စိတ် တစ်ခုတည်းနဲ့တော့ မပြည့်စုံဘူး။ အခြားအကြောင်းအချက်တွေ ရှိဦး မယ်လို့ ဆရာတော်ယုံကြည်နေပါ သလားဘုရား။
ဖြေ။ ။ အခြားအကြောင်းတွေ ရှိပါတယ်။ အဲ့ဒါကတော့ နိုင်ငံရေး သမားတွေကို လုံးလုံးပုံပြီး ယုံကြည် လို့မရတော့ဘူးဆိုတဲ့အမြင် ဦးဇင်းစွဲ သွားတာပါ။ အဲ့ဒီနောက်ပိုင်းမှာ ဦးဇင်းက နိုင်ငံရေးသမားတွေနဲ့ လမ်း ခွဲပြီးတော့ အမျိုးသားရေးလမ်း ကြောင်းပေါ်ကို ရောက်သွားတာပေါ့။ မျိုးချစ်စိတ်ဓာတ်တစ်ခုတည်းနဲ့တော့ မဟုတ်ပါဘူး။ NLD ကိုအားကိုးခဲ့တယ်။ အားကိုးသလိုဖြစ်မလာဘူး။ ၈၈ ကို အားကိုးခဲ့တယ်။ အားကိုးသလိုဖြစ် မလာဘူး။ မြန်မာပြည်မှာ ဒီအဖွဲ့အစည်းကြီးနှစ်ခုကမှ အမျိုးသား လုံခြုံရေးအတွက် အားမကိုးရဘူးဆို ရင် ဦးဇင်းမှာ တခြားအားကိုးစရာမရှိ တော့ဘူး။ ဒါကြောင့်မို့ ဒီနိုင်ငံရေး သမားတွေကို ယုံကြည်စိတ်ချမှု မရှိတော့တဲ့အတွက် ဒီလမ်းကြောင်းပေါ် ရောက်သွားတာပါ။
မေး။ ။ ဆရာတော်က အာဏာရှင်တွေကို မနှစ်သက်တာတော့ သေချာပါတယ်ဘုရား။ ဒါပေမဲ့ တချို့ကိစ္စ မျိုးတွေက အာဏာရှင်ကို အားပေးနေ သလိုဖြစ်နေတာ တွေ့ရပါတယ်။ ဥပမာ ဦးသိန်းစိန်ကို သမ္မတဖြစ်စေ ချင်တာတို့၊ ဦးရွှေမန်းကိုသမ္မတဖြစ် စေချင်တာတို့ ဆိုတဲ့ဟာမျိုးတွေနဲ့ပတ်သက်ပြီး ဘယ်လိုစပ်ဆက်မှုရှိနိုင်ပါ သလဲဘုရား။
ဖြေ။ ။ ဟုတ်ပါတယ်။ ဦးဇင်းတို့ က အာဏာရှင်လက်ထက်မှာ ကြီး ပြင်းလာခဲ့တာဆိုတော့ အာဏာရှင် စနစ်ကို အင်မတန်စက်ဆုပ် ရွံမုန်းပါ တယ်။ ဒါပေမဲ့အာဏာရှင်နဲ့ အရပ်သားအစိုးရနဲ့ ခွဲခြားတတ်ဖို့တော့လို တာပေါ့။ ဦးဇင်းက နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ထောက်ခံနေတာမဟုတ်ဘူး။ သမ္မတကြီး ဦးသိန်းစိန်ကိုပဲ ထောက်ခံတာ။ ဆိုလိုတာက စစ်အာဏာရှင်ကို ဦးဇင်းထောက်ခံနေတာမဟုတ်ဘူး။ အရပ် သားအစိုးရကိုပဲ ဦးဇင်းထောက်ခံခဲ့ တာ။ ထောက်ခံခဲ့တဲ့ အကြောင်းအရာ တွေလည်း အများကြီးရှိတယ်။ သူ သည်တစ်လှမ်ချင်း နောက်ဆုတ်နေ တယ်။ တစ်ချက်ချင်း ဖွင့်လှစ်ပေးနေ တယ်။ သူတစ်လှမ်းချင်း နောက်ဆုတ် နေတာကို နိုင်ငံရေးသမားတွေက အတင်းဖိတိုက်တယ်။ ချောင်ပိတ်မိ သွားခဲ့သော် မထူးဇာတ်ခင်းသွားရင် ပြည်သူတွေပဲ နစ်နာမယ်။ ဒါကြောင့် မို့လို့ ဦးဇင်းကရှေ့ထွက်ပြီးတော့ ရပ် တည်နေတာ။ သူတစ်ချပ်ချင်းဖွင့်နေ တာကို နှောင့်ယှက်တော့ တံခါးတွေ ဆက်မဖွင့်ရင် ပြည်သူတွေပဲနစ်နာ မယ်။ အဲ့ဒါကြောင့် ဦးဇင်းကရှေ့ထွက် ရပ်တည်တာ။ အခုတော့ ဦးဇင်းတို့ ပြောသလို ဖြစ်မလာတဲ့အခါကျတော့ အခုဖွင့်သင့်တဲ့တံခါးတွေက ပိတ်ကုန် ပြီ။ ပိတ်သင့်တဲ့တံခါးတွေကို ဖွင့်ပစ် ပြီးအမျိုးသားလုံခြုံရေး စည်းလုံးဝကို ကျိုးပေါက်သွားပြီ။ ဒီလိုအန္တရာယ်တွေ ကို ကြိုမြင်တဲ့အတွက်ကြောင့် သမ္မတ ကြီးဦးသိန်းစိန်ကို ဆက်ပြီးလုပ်စေချင် တာပါ။
မေး။ ။ လက်ရှိ ကာချုပ်နဲ့ရော သမ္မတဟောင်း ဦးသိန်းစိန်နဲ့ရော အထူးကောင်းမွန်တဲ့ဆက်ဆံရေး ရှိ နေဆဲပဲလားအရှင်ဘုရား။
ဖြေ။ ။ အထူးကောင်းမွန်တဲ့ ဆက်ဆံရေးဆိုတာ ဘယ်လိုလဲမသိဘူး။ ကာချုပ်ကြီးကတော့ မင်းဆရာ တော်သွားလျှောက်လိုက် ဘုန်းဘုန်း ဘက်မှာ ငါရှိတယ်ဆိုတဲ့ စကားတစ်ခွန်း အခုချိန်ထိ မမှာဖူးဘူး။ ဦးဇင်း ကိုယ်တိုင်လည်း အခုတပ်မတော် ထောက်ခံပွဲတွေမှာ သဝဏ်လွှာတွေ ပေးပို့နေတယ်။ မန္တလေး ထောက်ခံ ပွဲဆိုရင် ဦးဇင်းအိတ်ကပ်ထဲကတောင် စိုက်ရတယ်။ အဲ့လိုအပင်ပန်းခံပြီး လုပ်ခဲ့သော်လည်းပဲ ကာချုပ်ကြီးက ငါးပြားမလှူဖူးဘူး။ မစိုးရိမ်တိုက်သစ်ကို ဆွမ်းကပ်ခဲ့တာလည်း ဝီရသူရှိလို့ ကပ်တာမဟုတ်ဘူး။ သံဃာတော်များ တဲ့ ကျောင်းတိုက်မို့လို့ လာပြီးကပ်တာ။ ဝီရသူနဲ့ ဆွမ်းတစ်ဝိုင်းတည်းတွေ့ တယ်။ ဝီရသူကို ဆွမ်းကပ်တယ်။ ဝီရ သူက ဆွမ်းအကပ်ခံတယ်။ စကား တစ်ခွန်းမပြောဘူး။ အဲ့လောက်ထိ် ဦးဇင်းတို့က အဆက်သွယ်မရှိခဲ့တာပါ။ နောက်တစ်ခုကတော့ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကတော့ ဦးဇင်းကိုသူတို့ ကာဗာပေးတာတွေရှိတယ်။ ဥပမာ တိုင်းမဂ္ဂဇင်းက မဟုတ်တာတွေ ရေးလာတဲ့အခါမှာ သမ္မတရုံး ကနေပြီးတော့ (မြန်မာလို) တုံ့ပြန်တာ မျိုးတို့၊ အဲ့ဒီသတင်းထောက်ကို ပြည်ဝင်ခွင့်ပိတ်ပင်တာမျိုးတို့ ဒီလိုမျိုး လုပ်ပေးတာရှိတယ်။ မျိုးစောင့်ဥပဒေကို အကောင်အထည် ဖော်ပေးနိုင်တဲ့ အတွက်ကြောင့် သမ္မတကြီးဦးသိန်းစိန် ကို ကျေးဇူးရှင်အဖြစ်သတ်မှတ်တယ်။ ဒီကနေ့အထိ သမ္မတကြီးဦးသိန်းစိန်ရဲ့ ကျေးဇူးတရားကို သတိရနေတယ်။ ဒီလောက်ပါပဲ။ သို့သော် သမ္မတကြီး ဦးသိန်းစိန်က ဆရာတော်ကိုလျှောက် လိုက်ပါဆိုတဲ့စကား ဒီနေ့ ဒီအချိန်ထိ ဘယ်သူနဲ့မှ မပါးသေးသလို ဦးဇင်းက လည်း သမ္မတကြီးဦးသိန်းစိန် ဦးဇင်း က မေးတယ်လို့ပြောလိုက်ပါဆိုတဲ့ စကားတွေ ဘယ်သူ တစ်ဦး တစ်ယောက်ကိုမှ မမှာဖူးပါဘူး။
မေး။ ။ဆရာတော် မွတ်စလင်တွေကို မုန်းတီးတဲ့စိတ်ခံစားမှု ဘယ်အချိန်က ပေါ်ပေါက်လာပါသလဲ ဘုရား။
ဖြေ။ ။အဲ့ဒါကတော့ ကမ္ဘာကြီးက စွပ်စွဲနေတာပါ။ ဦးဇင်းက ဘုရားသားတော်ပါ။ ဘယ်သူ့ ဘယ်သူကိုမှ မမုန်း ပါဘူး။ ဘယ်လောက်ထိ မေတ္တာတရား ကြီးမားသလဲဆိုရင် ဦးဇင်းကို သွေးထွက်သံယိုဖြစ်အောင် လုပ်တဲ့သူကို တောင်မှ ဦးဇင်းဒေါသတကြီး တုံ့ပြန်တာမျိုး မရှိခဲ့ပါဘူး။ ဦးဇင်းကို သင်္ကန်း စွဲချွတ်တဲ့ တပ်မှူးဆိုလို့ရှိရင် ထောင် ထဲမှာ အတိဒုက္ခရောက်နေပါတယ်။ ဦးဇင်းကယ်ခဲ့ပါတယ်။ အဲ့လောက်ထိအောင် ဦးဇင်းက လူသားတွေအပေါ်မှာ မေတ္တာထားခဲ့ပါတယ်။ ထောင်ထဲမှာ အင်မတန်ဆိုးတဲ့ မွတ်စလင် ရာဇဝတ်သားတွေ ရှိတယ်။ မွတ်စလင ္အချင်းချင်းတောင် မသင့်မြတ်ကြပါဘူး။ ဒါပေမဲ့ ဦးဇင်းနဲ့ သင့်မြတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဦးဇင်းသည် မွတ်စလင်တွေအပေါ်မှာလည်း မေတ္တာထားတဲ့အတွက်ကြောင့် ဦးဇင်းကို တကယ်မြင်ရတဲ့အခါ သူတို့ကြားထားတာတွေနဲ့ မတူတဲ့အတွက်ကြောင့် သူတို့က ဦးဇင်းအပေါ် လေးစားချစ်ခင်ကြလို့ပါပဲ။ အဲဒါကြောင့် ဦးဇင်း မွတ်စလင် တွေကို မုန်းတယ်ဆိုတာ မဟုတ်ပါဘူး။ အချို့ မွတ်စလင်တွေရဲ့ စရိုက်ဆိုးတွေကိုတော့ ဦးဇင်း အင်မတန် ရွံမုန်းပါတယ်။ ဥပမာ ဗမာတစ်ယောက်နဲ့ မွတ် စလင်တစ်ယောက် ဖြစ်လာပြီဆိုရင် မွတ်စလင်တွေက ဒီရန်ပွဲကို ချုပ်ငြိမ်းသွားအောင် ဝိုင်းပြီးတားရဆီးရမှာ။ အဲ့လိုမဟုတ်ဘဲ မွတ်စလင်ဘက်ကနေ ဝိုင်းပြီး ရိုက်ကြနှက်ကြတာတွေ အင်အားသုံး အကြမ်းဖက်ကြတာတွေ တွေ့ တယ်။ အဲဒီစရိုက်ဆိုးတွေကိုတော့ အင်မတန်ရွံမုန်းပါတယ်။ နောက် မွတ်စလင်တွေဟာ ဘာသာမတူတဲ့အပေါ်မှာ မုဒိမ်းကျင့်တာ။ ဒီလို မုဒိမ်းကျင့်တာကို သူတို့တွေက မွန်မြတ်တယ်လို့ ယူဆနေကြတယ်။ ဂျန္နသ် ရောက်တယ်လို့ ယူဆနေကြတယ်။ အလ္လာ က ကောင်းချီးပေးနေတယ်လို့ ယူဆ နေကြတယ်။ ဒါတွေကြောင့် ဒီမွတ်စလင်တွေက အခြားဘာသာဝင် မိန်းကလေးတွေဆို မယ်သီလတောင် မရှောင် မုဒိမ်းကျင့်တာတွေ၊ ကလေး သေးသေးလေးတောင်မရှောင် မုဒိမ်းကျင့်တာတွေ တိုးပွားလာတယ်။ အဲ့ လိုစရိုက်ဆိုးမျိုးကိုပဲ ဦးဇင်းတို့က ရွံမုန်းတာ။ မိန်းကလေးတွေကို လက်ထပ်ယူပြီးရင် အစ္စလာမ်ဘာသာထဲ အတင်းဓမ္မ သွတ်သွင်းတာတို့၊ မဝင်ရင် နှိပ်စက် ညှဉ်းဆဲ ရိုက်နှက် သတ်ဖြတ်တာတွေ လုပ်တာတို့၊ တရားဝင် မယားအဖြစ် အသိအမှတ်မပြုဘဲ ပြည့်တန်ဆာအဆင့်လောက်ပဲ သတ်မှတ်ထားတာတို့၊ ဒါတွေကို အင်မတန် စက်ဆုပ်ရွံမုန်းပါတယ်။ နောက် ဘာသာမတူတဲ့ သူတွေကို မလိုလားဘူး။ ဘာသာမတူတဲ့ သူတွေရဲ့ သာသနိက အဆောက်အအုံတွေကို ဖျက်လို ဖျက်ဆီးတွေ လုပ်ဖို့ အမြဲတမ်း ကြံစည်တယ်။ ဥပမာ လားရှိုးမှာဆိုရင် ရုပ်ပွား တော် မျက်နှာကို ဆေးတွေ လျှောက်သုတ်တာတို့။ စေတီတော်ကြီးကို ဆေးတွေနဲ့ မှုတ်သွားတာတို့၊ ရခိုင်မှာ ဆိုရင်လည်း ဘုရားတွေကို ဖျက်ဆီးပစ်တာမျိုးတွေ လုပ်တယ်။ အဲ့လို သာသနိက ယဉ်ကျေးမှုအမွေအနှစ် အ ဆောက်အအုံတွေကို ဖျက်လိုဖျက်ဆီး လုပ်တတ်တယ် ဆိုကြပါစို့ ဂျီဟတ်ဝါဒီမွတ်စလင်တွေရဲ့ စရိုက်ဆိုးတွေ ကိုသာ ရွံမုန်းတာပါ။ မွတ်စလင် အားလုံးကို ရွံမုန်းတာ မဟုတ်ပါဘူး။
မေး။ ။ ပြည်တွင်းပြည်ပ မီဒီယာတွေကို ဆရာတော်က မယုံကြည်ဘူးလို့ ပြောပါတယ်။ ဘယ်အချက်ကို ကြည့်ပြီး ပြောတာလဲ အရှင်ဘုရား။
ဖြေ။ ။ ပြည်တွင်းကိုစပြီး ပြောရမယ်ဆိုရင် သူတို့တွေက သတင်းကို သတင်းလို မရေးဘဲနဲ့ သူတို့အမြင် ကပ်တိုင်း မဖမ်းဖမ်းအောင် ဖိအားပေး ရေးသားနေတာ တွေ့ရတယ်ပေါ့။ ဥပမာဆိုကြပါစို့ ရန်ဟီးလီကို ဦးဇင်း ပြောတယ်။ ပြောရင်ပြောတဲ့အတိုင်း ရေးပါ။ လက်ခံပါတယ်။ သာသနာတော်ကို ညှိုးနွမ်းစေတယ်တို့၊ ဗုဒ္ဓဘာ သာ သိက္ခာကျတယ်တို့၊ အစိုးရက မြှောက်ပေးနေတယ်တို့၊ အခုချိန်ထိ အရေးမယူဘူးတို့ ဆိုတာတွေက တစ် စောင်တည်းရေးတာ မဟုတ်ဘူး။ ဝိုင်းပြီးရေးကြတာ။ အဲ့လိုရေးတာကျတော့ သတင်းကျင့်ဝတ်နဲ့လည်း မညီဘူး ပေါ့။ ရန်ဟီးလီကို အဲ့လို ပြောလိုက်တယ်။ ဘာကြောင့် ပြောသလဲဆိုတာလေးကိုတော့ ထည့်ရေးဖို့မသင့်ဘူး လား။ ဒါပေမဲ့ အဲ့ဒီအချက်တွေကို လုံးဝချန်ထားတယ်။ ရန်ဟီးလီက ရခိုင်ပြည်ကြီးကို ရောင်းစားလို့ဆဲတာ လုံးဝမပြောဘူး။ ရန်ဟီးလီက သူတော်ကောင်းကြီး ဖြစ်နေတယ်။ ဘုန်းကြီးက အကြောင်းမဲ့သက်သက် အသားလွတ်ကြီး ဆဲနေတဲ့ ပုံစံမျိုးကြီး ဖြစ်အောင် လူဆိုးပုံဖော်ပြီး ရေးသားကြတယ်။ ဒါတွေက အများကြီးထဲက တစ်ခုကို ပြောလိုက်တာ။ ပြည်တွင်း မီဒီယာကိုပေါ့။ ပြည်ပမီဒီယာတွေ တော်တော်များများက မွတ်စလင်တွေရဲ့ အထောက်တော်တွေ ဖြစ်နေတယ်။ ဘာကြောင့်လည်းဆိုရင် ဦးဇင်းကို အင်တာဗျူး လာလုပ်တယ်ဆိုတဲ့အခါ သမီးတို့က ဘွဲ့ယူစာတမ်း တင်ချင်လို့ပါ။ သမီးလေးက မမေးတတ်လို့ ဖအေက လိုက်မေးရပါတယ်ပေါ့။ ရတယ် လေ၊ သူတို့မေးတာတွေ စိတ်ရှည်လက်ရှည် ဖြေပေးပါတယ်။ ဦးဇင်း ပုံသဏ္ဍာန်အနေအထားကို ဘာလို့ ဓာတ်ပုံရိုက်တာလဲ။ လက်ကို ဓာတ်ပုံ တည်ရိုက်တာကို ပြောချင်တာ။ အဲ့ဒီ စာတမ်းပြုစုတာ ဦးဇင်းလက်နဲ့ ဘယ် လိုပတ်သက်သလဲ။ ဦးဇင်း ဘယ်လိုယုံကြည်ရမှာလဲ။ ဒီလက်ကို သူတို့ ခွဲစိတ်မယ်ဆိုတဲ့ ပုံပေါ့။ ဦးဇင်း သေနတ် ကိုင်လား ဘာလားပေါ့။ ဒါမျိုးတွေ သူတို့ကြည့်မှာပေါ့။ နောက်တစ်ချက်က သတင်းဌာနက မလွှင့်သေးဘူး မွတ်စလင်ရဲ့ လက်ထဲ ဦးဇင်းတို့ အသံဖိုင်က ရောက်သွားပြီ။ လိုင်းပေါ်မှာ ပြန်တွေ့နေရတာ။ အဲ့ဒီလိုသတင်းဌာနကို ဦးဇင်းတို့ ဘယ်လိုယုံကြည်ရမှာလဲ။ တချို့သတင်းဌာနတွေက သတင်းမေးတာ မဟုတ်ဘူး။ ဒီဘိတ် လုပ်နေတာ။ ဦးဇင်းကိုပဲ ပြန်ချေပပြီးတော့ အကြိတ်အနယ် ချကြတာ။ ဒီလိုနေရာလေးမှာ သူတို့က လေးငါးယောက် ဦးဇင်းက တစ်ပါးတည်း။ ဟိုဟာမေးလိုက် ဒီဟာမေးလိုက်နဲ့။ ခေါင်းစဉ် တောင်းတော့ အင်တာဗျူးတယ် တောင်းတယ်။ လုပ်တော့ ဒီဘိတ် ဖြစ်နေတယ်။ လွှင့်သလားဆိုတော့လည်း မလွှင့်ဘူး။ ဦးဇင်းပေးရတဲ့ အချိန်တွေက မတန်ဘူး။ တချို့ကျတော့ သတင်းယူတာ မဟုတ်ဘူး။ ရန်တွေ့တာ။ လာပြီး ရန်ထောင်တာ။ အဲ့ဒါမျိုးတွေကျတော့ ဦးဇင်း ဘယ်လိုဆက်ဆံရမလဲ။ ကိုယ်က အကြမ်းပတမ်း ဆက်ဆံရင် လည်း အဲ့ဒါကို ကမ္ဘာ့ပုံရိပ်မှာ ဆိုးသထက်ဆိုးအောင် လုပ်ဦးမှာ။ ဥပမာဆိုကြပါတော့ BBC သတင်းဌာန ဦးဇင်း ကို ကြိုပြောတယ်။ ဦးဇင်းကလည်း ပယ်လိုက်တယ်။ နည်းမျိုးစုံနဲ့ ရအောင် လုပ်တယ်။ ဦးဇင်းတို့ကလည်း BBCဆို ပိုပြီးအယုံအကြည်မရှိလို့ လက်မခံဘူး။ ၁၁ နာရီဆိုရင် ဆွမ်းစားကျောင်း သွားတယ်။ ကျောင်းရှေ့မှာ ကင်မရာကြီးနဲ့ တည်ပြီး စောင့်နေ တယ်။ အဲဒီနေ့မှာ ဆွမ်းကပ်ရှိတော့ ခါတိုင်းနေရာမှာ မစားရဘူး။ အခမ်း အနား ကျင်းပတဲ့နေရာ သွားစားရတယ်။ အဲဒီအချိန်ထိ လိုက်လာတယ်။ ကင်မရာကြီးမြင်တာနဲ့ ဦးဇင်းလည်း သင်္ကန်းခြုံလိုက်တယ်။ ခြုံတာကိုပါ ရိုက်တယ်။ ရှေ့တည့်တည့် လာရိုက်တယ်။ ဦးဇင်းထီးနဲ့ ကွယ်တယ်။ အဲ့ဒါ လည်း ရိုက်တာပဲ။ တစ်အချက်က ခွင့်မပြုဘူး။ နှစ်အချက်က ဒီလိုမျိုးတွေ လုပ်တယ်။ အဲ့ဒီလိုသင်္ကန်းခြုံတာမျိုး ကို ခွေးပြေးဝက်ပြေး ပြေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ရုပ်သံမှာ လွှင့်သွားတယ်။ အဲ့ဒီတော့ သတင်းဌာနတွေက မီဒီယာ ကျင့်ဝတ်၊ သတင်းသမား ကျင့်ဝတ်တွေကို မလိုက်နာကြတော့ဘဲနဲ့ မီဒီယာကို လက်နက်တစ်ခုအနေနဲ့ပဲ သူ တို့မလိုလားတဲ့သူတွေ ကျဆုံးအောင် လိုက်တိုက်ခိုက်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တိုင်းမ်မဂ္ဂဇင်းကိုပဲ ကြည့်လိုက် ဦးဇင်းကို အကြမ်းဖက်သမားလို့ ရေးလိုက်တယ်။ ဦးဇင်းမှာ လက်နက်ဆိုလို့ သွားလေရာ ဘောပင်တစ်ချောင်းပဲ ပါတယ်။ ဘာကိုကြည့်ပြီး အကြမ်းဖက်သမားလို့ ရေးတာလဲ။ သူတို့က ပြောတော့ ရခိုင်မီးဟာ ဝီရသူ နေထိုင်ရာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမှာတောင် ကူးစက်လာပြီလို့ ပြောတယ်။ အဲ့ဒါဆို ဝီရသူနေတဲ့ မန္တလေး ဘာလို့ မဖြစ်တာလဲ။ သူတို့ အဲလိုဆွဲတွေးပြီး ရေးမယ်ဆိုရင် ပြောတာပါ။ ကျုပ် ဟောလိုက်တာက ၉၆၉ ဟာ၊ ငြိမ်း ချမ်းရေးအတွက် ထမ်းရွက်ထိုက်တဲ့ ဂုဏ်တော်တွေ အမျိုးဘာသာ သာသနာအတွက်ကို အကြမ်းမဖက်ဖို့ ပုံ ဖော်နေလို့ ဟောတယ်။ သူတို့က အဲ့ဒါကို ပုံစံတစ်မျိုးနဲ့ ပြန်ပြင်ရေးတယ်။ အကြမ်းဖက်ဖို့ ပုံဖော်နေတယ်ဆိုတဲ့ သဘောမျိုး၊ ဒီဟာတွေက ဒီလိုလုပ်နေတာကို ဦးဇင်းက သူတို့နဲ့ ဘယ်လိုဆက်ပြီး လက်တွဲရမလဲ။ US မီဒီယာ တစ်ခုကလည်း အင်တာဗျူး သွားတယ်။ ဘယ်လိုလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းနဲ့။ ဦးဇင်း နှစ်ပိုင်း ဖြေတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးမှာတော့ အားကိုးရမယ့် ခေါင်းဆောင် ကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ အမျိုးသားရေးမှာတော့ သုံးမရပါဘူးလို့ ဖြေတယ်။ အဲ့ဒီလိုဖြေတော့ နိုင်ငံ ရေးမှာ အားကိုးထိုက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါဆိုတာ မလွှင့်တော့ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်လိုမြင်လဲမေးတယ်။ အမျိုးသားရေးမှာ သုံးမရတဲ့သူပါဆိုတဲ့ အဖြေကိုပဲလွှင့်တယ်။ အဲ့ဒီတော့ ပြည့် စုံမှုဆိုတာ မရှိတော့ဘူး။ ပြည်သူနဲ့ ဘုန်းကြီးကို ရန်တိုက်ပေးရုံ သက်သက်ပဲ သူတို့အလုပ်လုပ်ကြတာ။ ဦးဇင်းက ဘယ်မီဒီယာကို ဘယ်လို ယုံကြည်ရမှာလဲ။ မကြာသေးခင်က ဖြစ်ပျက်ခဲ့တာဆိုရင် ဧရာဝတီသတင်းဌာန သတင်းထောက် ရေးလိုက်တယ်။ ဦးဇင်း တရားပြန်ဟောခွင့်ရတဲ့ အကြောင်းပေါ့။ လူသတ်သမား ကြည်လင်းကို ထောက်ခံအားပေးခြင်း ကိစ္စနဲ့စပ်လျဉ်းပြီး တရားပွဲတစ်နှစ် အပိတ်ခံရတယ်လို့ ရေးပါတယ်။ တရားပွဲပိတ် တဲ့အထဲမှာ အဲဒီအကြောင်းပြချက် မပါဘူး။ အဲဒီ အကြောင်းပြချက်ကြောင့် ဘယ်လောက်ထိ နစ်နာလဲ။ ဦးဇင်းက လူသတ်သမားကြည်လင်းကို ထောက်ခံလို့ တရားပွဲ အပိတ်ခံရတယ်ဆိုတဲ့ ပုံစံမျိုးရေးသွားတာ။ ဦးဇင်းမှာ အထောက်အထားရှိတယ်။ မဟန ကြေညာချက်တွေကို ထုတ်ပြတယ်။ အဲဒါ မပါကြောင်း၊ ဒီလို မှား ယွင်းစွာဖော်ပြမှုကြောင့် ဦးဇင်း ထိခိုက်နစ်နာသွားတဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်ဆိုတဲ့ဟာကို ထည့်ခိုင်းတယ်။ မီဒီယာဥပဒေ မှာလည်း ထင်ထင်ရှားရှား တောင်းပန်ရမယ်ဆိုတဲ့အကြောင်းပါတယ်။ ဒါ ကြောင့် ဦးဇင်း တောင်းဆိုတယ်။ သူကတော့ တောင်းပန်ဖို့ မခဲယဉ်းပါဘူး။ ဌာနကိုတော့ ညှိရပါဦးမယ် ပြောတယ်။ သူတို့ဌာနက ဒီအနူးအညွတ် တောင်းပန်တယ်ဆိုတဲ့စကားလုံး အထည့်မခံဘူး။ အဲဒီလို အသုံးအနှုန်း မထည့် ဘူးဆိုရင် စောစောတုန်းက တင်ပြခဲ့တာလည်း ပြန်မထည့်ပါတော့နဲ့လို့ ပြောလိုက်တယ်။ ဦးဇင်းက နဂိုက တည်းက ကြေညာပြီးသားပါ။ တစ် အချက် ပြန်လည်တောင်းပန်ရမယ်။ နှစ် အချက် ပြန်လည်မတောင်းပန်ဘူး ဆိုရင် တရားဥပဒေရဲ့ အဆုံးအမကို ခံယူရမယ်။ အဲဒီလိုဆိုရင် သူတို့ကိစ္စက နံပါတ်နှစ် အဆင့်ကို ရောက်သွားပြီ။ ကဲ ဒါဆိုရင် ကျုပ်က သတင်းသမားတွေကို ဘယ်လိုယုံရမှာတုန်း။
မေး။ ။ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင်တို့ဟာ သမိုင်းအရ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတယ်။ ဒါပေ မဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်မှစပြီး ခါးသီးတဲ့ အနေအထားတစ်ခုကို ရောက်သွားတာ၊ အာဏာမြဲ ဖို့ လုပ်နေတဲ့ အုပ်စုတစ်စုကြောင့်လို့ ထင်ပါသလား အရှင်ဘုရား။
ဖြေ။ ။ လူတွေကတော့ နိုင်ငံရေးနဲ့ လှည့်တွေးကြတာပါ။ အဲဒါ မဟုတ်ပါဘူး။ ဦးနေဝင်းကလည်း အဓိကရုဏ်း ကို အသုံးချပြီး အာဏာမြဲအောင် မလုပ်ပါဘူး။ စစ်အစိုးရကလည်း အဓိကရုဏ်းကို အသုံးချပြီး အာဏာမြဲအောင် မလုပ်ပါဘူး။ ဘယ်အစိုးရပဲဖြစ်ဖြစ် နိုင်ငံတည်ငြိမ်တာကိုပဲ လိုလားတယ်။ စစ်အစိုးရဆိုရင် အဓိကရုဏ်းဖြစ်မှာ အရမ်းကြောက်တယ်။ ဘာဖြစ်လို့လည်းဆိုရင် နိုင်ငံရေး အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ ဒီအဓိကရုဏ်းက ပေါ်လာတဲ့အတွက်ကြောင့် ထပ်ဆင့် အကျပ်အတည်းတွေ့လို့ ဘုန်းကြီးတွေကို ရန်သူလို့ သဘောထားပြီး နှိပ် ကွပ်တယ်ပေါ့။ ဒီကိစ္စဟာ နိုင်ငံရေးနဲ့ လုံးဝမဆိုင်ဘူး။ တကယ်တမ်း ပြောရရင် အေးအေးချမ်းချမ်းနဲ့ ရိုးရိုးသား သား လုပ်ကိုင်စားသောက်နေတဲ့ အပြစ်မဲ့ မွတ်စလင်တွေကို အယုံအကြည်မဲ့အောင် ဂျီဟတ်ဝါဒီတွေ လာရောက်သွေးခွဲလို့ ပေါ်ပေါက်လာရတဲ့ အဖြစ်ဆိုးတွေပါပဲ။ အဲဒီ ဂျီဟတ်ဝါဒီတွေကလည်း ပြည်တွင်းကထက် ပြည်ပက များပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ ဖြစ်နေတာက မျိုးချစ်တွေနဲ့ အစ္စလာမ် အစွန်းရောက်တွေက ရန်သူလိုဟန် ဆောင်ကြပေ မယ့် အစိုးရထိပ်ပိုင်းက လူပုဂ္ဂိုလ်တွေနဲ့ မြန်မာမွတ်စလင်တွေက စီးပွားရေး အတူတကွလုပ်ပြီး တော်တော်ချမ်း သာနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ဘုရားရဲ့ မှတ်ချက်ကို သိ ချင်ပါတယ် ဘုရား။
ဖြေ။ ။ မွတ်စလင်တွေမှာ အမျိုးသား ရေးလက္ခဏာတစ်ခုပဲရှိတယ်။ ဘာ လုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ လုပ်ကြတယ်။ စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးတွေနဲ့ ဒီမွတ်စလင်တွေ ပဲပေါင်းပြီး ကိုယ်ကျိုးစီးပွားကိုရှာကြံ ခဲ့ကြတယ်။ ကြံ့ခိုင်ရေးအင်အားကောင်း လာတော့ ပါတီထဲအလုံးအရင်းဝင်ပြီး ဒီမွတ်စလင်တွေပဲ ကြံ့ခိုင်ရေးဖြစ်သွား ကြတာ။NLDခေတ် ရောက်လာတဲ့ အခါကျတော့ NLDထဲ ဒီမွတ်စလင် တွေပြန်ရောက်လာကြတယ်။ NLDအစိုးရ တက်လာတဲ့အခါကျတော့ တချို့လူကြီးတွေရဲ့ PA တွေ အဆင့် ထိကိုရောက်ကုန်ကြတယ်။ သူတို့ တွေက ဘယ်အစိုးရတက်တက် တစ် အချက်သူတို့အကျိူးစီး ပွားကိုရှာမယ်။ နှစ်အချက် သူတို့လူမျိုးအတွက်လုပ် မယ်။ ဒီနှစ်ချက်နဲ့ပဲအလုပ်လုပ်တာ။ သူတို့မှာနိုင်ငံ ရေးဆိုတာ မဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ မယုံကြည်ဘူး။ အဲဒီလိုသူတို့တတွေလုပ်တာဟာ သူ တို့ဘက်က သူတို့ကြည့်ရင်တော့ အမှန်ပေါ့။ ဦးဇင်းတို့ လူမျိုးတွေဟာ တက်လာတဲ့အစိုးရနဲ့ တည့်အောင် မပေါင်းနိုင်ကြဘူး။ ဆိုကြပါစို့။ ပေါက် ရောက်တဲ့လူ ကြီးပွားတဲ့လူ အင်မတန် နည်းပြီးတော့ မြန်မာလူ မျိုးတွေက နေရာမရဖြစ်ကုန်ကြတယ်။ အဲဒီတော့ မွတ်စလင်တွေ ဒီလိုစီးပွားရှာလို့ ကြီး ပွားတိုးတက် သွားတဲ့အပေါ်မှာ ဦးဇင်း က မနာလိုမုန်းတီးစိတ် တစ်စက်မှ မဖြစ်ဘူး။ ဒါသည်တရားသောနည်းနဲ့ စီးပွားရှာစားတာဖြစ်တဲ့အတွက် ကြောင့် အားကျပါတယ်။ အဲဒီလို လိုက်လုပ်နိုင်ဖို့ အတွက်တောင် ဦးဇင်းတို့ ဟောတယ်။ သို့သော်စီးပွား ရေးကို ဂုတ်သွေးစုပ်ပြီးတော့ ဒီငွေ ကြေးတွေနဲ့ ဘုရားပျက်၊ ကျောင်းဖျက်၊ သာသနာဖျက်၊ လူမျိုးဖျက်၊ အမျိုး ဖျက် နောက်ဆုံး လိင်စစ်ဆင်ရေး စတာတွေပါ မြင်တွေ့လာရတာတွေ ကိုသာ ဦးဇင်းတို့က မကျေနပ်တာ။
မေး။ ။ ဆရာတော်နဲ့ ကိုမြအေးတို့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းစွာ အတူယှဉ် တွဲ နေထိုင်ရေးတို့နဲ့ပတ်သက်ပြီး သဘောထားကြေညာချက် ပူးတွဲ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲဒီသဘော ထားကြေညာချက်ရဲ့ အနှစ်သာရကို ပြည်သူကိုသိဖို့မိန့်ပေး ပါလားဘုရား။
ဖြေ။ ။ အဲဒီတုန်းကတော့ မရမ်းကုန်း မီကာဆာဟိုတယ်မှာ ဦးဇင်းရယ်၊ ကိုမြအေးရယ်၊ ဦးရွှေကြည်ရယ် သုံး ဦးတွေ့ဆုံပြီးတော့ တိုင်းပြည်ရဲ့အနာ ဂတ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငြိမ်း ချမ်းအောင်လုပ်ဖို့ ရည်ရွယ်ခဲ့ကြတာ။ အဲဒီတုန်းကလည်း ဦးဇင်းတို့ပြောတာ ကို ကိုမြအေးလက်ခံပါတယ်။ ဦးဇင်း တို့ ပြောတာတော့ မွတ်စလင်အမျိုး အစား သုံးမျိုးရှိတယ်။ ခင်များလက်ခံ လားဆိုတော့ လက်ခံတယ်။ နံပါတ် တစ်အမျိုးအစားကတော့ မြန်မာ့ယဉ် ကျေးမှုနဲ့အညီနေပြီးတော့ အေးအေး ဆေးဆေးနေတဲ့သူတွေ၊ နံပါတ်နှစ် အမျိုးအစားကတော့ အာရပ်ယဉ် ကျေးမှုကိုလက်ခံပြီး မြန်မာ့ယဉ်ကျေး မှုကိုလုံးဝ ဂရုစိုက်မှုမရှိတဲ့သူတွေပေါ့။ နံပါတ်သုံး မွတ်စလင်ကတော့ မြန်မာ ပြည်ကို မွတ်စလင်တိုင်းပြည်လုပ်ဖို့အ တွက် နည်းမျိုးစုံနဲ့ကြံစည်နေတဲ့ ဂျီ ဟတ်ဝါဒီတွေ။ နံပါတ်တစ်မွတ်စလင် တွေကို ညီအစ်ကိုမောင်နှမအရင်းလို သဘောထားတယ်။ သူတို့ကိုမိတ်ဆွေ လို့လည်း သဘောထားတယ်။ သူတို့ ရဲ့လုံခြုံမှုကို ကာကွယ်ပေးရမယ့် တာ ဝန် ဦးဇင်းတို့မှာရှိတယ်။ အဲဒါကိုလည်း သဘောတူတယ်။ နံပါတ်နှစ်မွတ်စ လင် အမျိုးအစားကိုတော့ သူတို့ တတွေသည် ဂျီဟတ်ဝါဒီနဲ့ပေါင်းသွား ရင် ဂျီဟတ်ဝါဒီဖြစ်သွားနိုင်တယ်။ နံပါတ် တစ်မွတ်စလင်နဲ့ပေါင်းသွားရင် နံပါတ်တစ်မွတ်စလင် ဖြစ်သွားနိုင် တယ်။ အဲဒီတော့ ဦးဇင်းတို့က သူတို့ ကိုစောင့်ကြည့်တဲ့အဆင့်မှာ ထား တယ်။ နံပါတ်သုံးမွတ်စလင်တွေကို တော့ စောင့်ကြည့်ရုံတင်မကဘူး။ သူ တို့ကပေးလာမယ့် အန္တရာယ်တွေ မပေါ်ပေါက်အောင် အထူးဂရုစိုက်ပြီး တော့ နေထိုင်ကြရမယ်ဆိုတဲ့ ကိစ္စရပ် တွေကို အကြမ်းဖျင်းဆွေးနွေးခဲ့ကြပါ တယ်။ သူကလည်း လက်ခံပါတယ်။ အဲဒီနောက်ပိုင်းတော့ အကြောင်း အမျိုးမျိုးကြောင့် ဦးဇင်းနဲ့သူတို့လည်း အဆက်အသွယ် ပြတ်သွားပါတယ်။ သဘောထားကြေညာချက် ပူးတွဲ ထုတ်ပြန်ခဲ့တယ်။ သုံးဦးစလုံး လက် မှတ်ထိုးထားတာတွေရှိပါတယ်။ စာ ချုပ်တော့မဟုတ်ဘူးပေါ့။ ကြေညာ ချက်ပေါ့။
မေး။ ။ ဆရာတော်ရဲ့ မျိုးချစ်စိတ်ဓာတ် ကိုတော့ လက်ခံပါတယ်။ အဲဒါကို တပည့်တော်မငြင်းပယ်ပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တွေက ဆရာတော်ရဲ့ ရပ်တည်မှုတွေမှာ အမြင်မကြည်လင် တာတွေ့ရပါတယ်။ ဒါကိုဆရာတော် ဘုရားအနေနဲ့ ပြေပျောက်အောင် ဆရာတော်အနေနဲ့ ဘယ်လိုလုပ်ကြိုး စားခဲ့ တယ်ဆိုတာကိုလည်း မိန့်ကြား ပေးစေချင်ပါတယ်။
ဖြေ။ ။ ဗုဒ္ဓဘာသာဝင်တွေက မကြည် ဘူးဆိုတာ ဘယ်လိုမကြည်တာလဲ မေးခွန်းထုတ်စရာပေါ့။ ဦးဇင်း ဘာ လုပ်လုပ် မကြည်တဲ့အမျိုးအစားလည်း ရှိတာပေါ့။ ဘာကြောင့်လည်းဆိုရင် သူတို့ကို မထောက်ခံလို့ သူတို့မယ် မယ်ကြီးကို ဝေဖန်လို့။ ဥပမာဆိုကြပါစို့ ဒေါ်အောင်ဆန်းစုကြည်က တစ်ပွဲကို ဝတ်စုံတစ်မျိုး ဝတ်ပြီးတက်တယ်။ အဲ ဒီပုံလေးတွေကိုစုပြီး အမှတ်တရ ဓာတ်ပုံလုပ်ထားတာလေးရှိတယ်။ ဦးဇင်းကလည်း ဆောင်းပါးလေး တစ် ပုဒ်ရေးလိုက်တယ်။ ဗိုလ်ချုပ်ကတော့ သုံးစုံပဲရှိတယ်။ ဗိုလ်ချုပ်သမီးကတော့ တစ်နေ့ကို အခမ်းအနားသုံးပွဲရှိရင် သုံးမျိုးဝတ်နိုင်တယ်။ ဗိုလ်ချုပ်ထက် ဗိုလ်ချုပ်သမီးက ရှေးဘုန်း ရှေးကံ ကြီးတယ်။ ဗိုလ်ချုပ်သာရှိရင် သမီး ကိုကြည့်ပြီးတော့ သူ့သမီးအတွက် ဂုဏ်ယူနေမှာပဲလို့ ရေးလိုက်တယ်။ ဒါပေမဲ့ ဝိုင်းဆဲကြတယ်။ ဘုန်းကြီး ဖြစ်ပြီး မိန်းမထဘီကအစ လိုက်ကြည့် နေတယ်လို့ စတာတွေဝိုင်းဆဲကြတာ ပေါ့။ ဒါပေမဲ့ ဟိုတလောက ရန်ကုန် တိုင်းအစိုးရကျင်းပတဲ့ တရားပွဲတစ်ခု မှာ ဆရာတော်တစ်ပါးက ချိတ်ထဘီ သုတ္တန် ဟောလိုက်တယ်။ သူကိုယ် တိုင်လည်း ယက်ကန်းရုံသွားပြီးတော့ ထဘီကို ကိုင်ကြည့်နေတဲ့ပုံတွေလည်း တက်တယ်။ အဲဒါကျတော့ သံဃာစစ်၊ သံဃာမှန်လို့ရေးကြတယ်။ အဲဒီလို ရေးတဲ့သူက စောစောက ဦးဇင်းကို ဆဲတဲ့သူ။ ဦးဇင်းကို ထဘီကစလိုက် ကြည့်တယ်လို့ ဆဲတဲ့သူတွေဟာ အခု လိုမျိုးကျတော့လည်း သံဃာစစ် သံဃာမှန်လို့ ရေးကြပြန်ရော။ အဲဒီလို ဦးဇင်းဘာလုပ်လုပ် လိုက်ပြောနေတဲ့ သူ တွေပြောတာတော့ သတင်းလို့ သတ်မှတ်လို့မရတော့ဘူး။ ဦးဇင်း ပြုပြင်စေချင်လိုတဲ့ စေတနာနဲ့ဆိုရင် အမြဲတမ်းကြိုဆိုတယ်။ အပြုသဘော နဲ့ ထောက်ပြတာတွေကိုလည်း ကျေး ဇူးတင်တယ်။ အဲဒီလိုမဟုတ်ဘဲ နိုင်ငံ ရေးအရဆီလိုအပေါက်ရှာပြီး လိုက် ပြောနေမယ်ဆိုရင်တော့ ဦးဇင်းက ဂရုကိုမစိုက်ဘူး။
မေး။ ။ ဆရာတော်ကြောင့် သံဃာနှစ် ခြမ်းကွဲတယ်ဆိုတာ ယူဆပါသလား။
ဖြေ။ ။ သံဃာကွဲတယ်ဆိုတဲ့အဓိပ္ပာယ် ကို ကျမ်းဂန်တွေက ဖွင့်တဲ့အခါမှာ မြတ်စွာဘုရားလက်ထက်တုန်းက ကောသမ္ဗီမှာဖြစ်ပျက်ခဲ့တဲ့ ပုံစံမျိုးလို ဖြစ်မှ သံဃာကွဲတယ်လို့ ခေါ်ကြတာ ပေါ့။ တစ်တိုက်တည်းနေပြီးတော့ သိမ်တစ်ခုတည်းမှာကို ကံမဆောင်နိုင် လောက်အောင် မကြည့်ချင် မမြင်ချင် တော့ လောက်အောင် မုန်းသွားကြ တာပေါ့။ အဲဒီလိုကွဲမှ သံဃာကွဲတယ် လို့ခေါ်တယ်။ အခုကိစ္စက အမြင်မတူ တဲ့အဆင့်ပဲရှိတယ်။ သံဃာဂိုဏ်းကွဲ သွားတာ မဟုတ်ဘူး။ နောက်ပြီးတော့ အမြင်မတူတဲ့သူတွေကို လိုက်ကြည့် တဲ့အခါကျတော့လည်း အမျိုးသားရေး အမြင်ရှိတဲ့ သံဃာက ၉၉ ရာခိုင်နှုန်း တောင် နည်းနည်းကျော်နေတယ်။ နိုင်ငံရေးအမြင်ရှိတဲ့ သံဃာတွေက ဒဿမနောက်မှာပဲရှိတယ်။ အဲဒီတော့ နိုင်ငံရေးအရောင်အသွေးရှိတဲ့ ကိုယ် တော်တွေ အော်ချင်ရာအော်နေတာ နဲ့ပဲ မြန်မာသံဃာထုကြီးကွဲနေတယ် လို့ မယူဆပါနဲ့။ ပဲတစ်ပြည်ပြုတ်တဲ့အခါ တစ်ပြည်လုံးနပ်တာမဟုတ်ပါဘူး။ စုန်းပြူးလေးငါးစေ့တော့ ကျန်စမြဲပါပဲ။
မေး။ ။ မြန်မာပြည်မြေမှ အစ္စလာမ်ဘာ သာဝင်တွေကို ဖယ်ရှားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီဘာသာ နှစ်ခုကို အေးချမ်းစွာ အတူနေထိုင် ဖို့အတွက် ဆရာတော်မှာ ကောင်းမွန် တဲ့အစီအစဉ်များရှိတယ်ဆိုရင် မိန့် ကြားပေးပါ။
ဖြေ။ ။ အခုလိုလုပ်နေတာက မြန်မာ ပြည်ကနေ မွတ်စလင်တွေကို အပြီး ပိုင်မောင်းထုတ်ရေးမဟုတ်ဘူး။ မြန် မာပြည်မှာ ဗုဒ္ဓဘာသာတစ်ခုတည်း ရှိရမယ်ဆိုတာဟာမျိုးတွေလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာ တစ်ခုတည်း ရှိလို့ တည်ငြိမ်အေးချမ်းနေတယ်ဆို တာကိုလည်း ငြိမ်းချမ်းရေး အစစ်လို့ မယုံကြည်ဘူး။ ဘာလို့လည်းဆိုရင် လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင် လာပါလျက်နဲ့ ဘာပြဿနာမှမဖြစ် တာကိုမှ ငြိမ်းချမ်းရေးအစစ်အမှန်လို့ ဦးဇင်းလက်ခံထားတယ်။ ဒါကြောင့် မွတ်စလင်တွေကို ဖယ်ရှားဖို့လုပ်နေ တာမဟုတ်ဘူး။ သို့သော် ဟိုးအရင် တုန်းက ငြိမ်းချမ်းစွာဘာလို့ အတူနေ ထိုင်လာခဲ့တာလည်းဆိုရင် မွတ်စ လင် ခေါင်းဆောင်ကောင်းတွေရှိလို့။ ဥပမာ ဆရာကြီးဦးရာဇတ်။ ဒီနောက် ပိုင်း ဘာကြောင့်ငြိမ်းချမ်းစွာ အတူ မနေထိုင်နိုင်တော့တာလဲဆိုရင် မွတ် စလင်ခေါင်းဆောင်ကောင်းတွေ မရှိ တော့လို့။ ဆရာကြီးဦးရာဇတ်က နိုင်ငံ ရေးလုပ်တာ။ မွတ်စလင်တွေအတွက် လုပ်တာမဟုတ်ဘူး။ တိုင်းပြည် အတွက်လုပ်တာ။ ဒီကနေ့ နိုင်ငံရေး လုပ်နေတဲ့မွတ်စလင်တွေက ဘယ် သူ့အတွက်လုပ်နေတာလဲ။ လွှတ် တော်ထဲရောက်ဖူးတဲ့ အမတ်သုံး ယောက်ကိုကြည့်လေ။ ဒီကနေ့ဘယ် လိုဖြစ်သွားလဲ။ အဲဒီတော့ မွတ်စလင် တွေ ငြိမ်းချမ်းစေချင်တယ်ဆိုရင် ဆရာကြီး ဦးရာဇတ်လို မွတ်စလင် ခေါင်းဆောင်တွေ အများကြီး ပေါ် ထွက်လာမှဖြစ်မှာ။ ကိုမြအေးနဲ့တွေ့ တုန်းကလည်းပဲ ဆရာကြီးဦးရာဇတ် လိုဖြစ်စေချင်လို့ အခုလိုဆွေးနွေးကြ တာ။ အဲဒီတော့ မွတ်စလင်တွေအပေါ် မြန်မာပြည်သူတွေက အပြည့်အဝယုံ ကြည်လာစေချင်တယ်ဆိုရင် မွတ်စ လင်ခေါင်းဆောင်တွေက မြန်မာပြည် သူတွေကို အာမခံချက်ပေးရမယ်။ အဲဒီအာမခံချက်ရချင်လို့ ဒီကနေ့ ဦးဇင်း ဝီရသူဆိုတာ ပေါ်ပေါက်လာ တာပဲ။
မေး။ ။ တကယ်လို့ မွတ်စလင်ခေါင်း ဆောင်တွေက ဆရာတော်ဘုရားနဲ့ တွေ့ဆုံပြီး ဆွေးနွေးမယ်ဆိုရင် ဆရာ တော်ဘုရားဘကက လက်ခံနိုင်တဲ့ အနေ အထားရှိပါသလား။
ဖြေ။ ။ ဦးဇင်းကိုဖိတ်ခေါ်စရာမလိုဘူး။ ဦးဇင်းကအမြဲတမ်းဖိတ်ခေါ်နေတာ။ ဒါပေမဲ့ သူတို့တွေက တော်တော်ခက်ခဲ တယ်။ တချို့တွေက ကိုယ်ကိုယ်တိုင် ဆန္ဒရှိတယ်။ နောက်ကွယ်ကအန္တရာယ် ကို သူတို့ကြောက်တယ်။ ဦးရွှေကြည် လို ရင်မဆိုင်နိုင်ဘူး။ တချို့ကကိုယ် ကိုယ်တိုင် တွေ့ချင်တယ်။ ဒါပေမဲ့ စီး ပွားရေးထိခိုက်မှာ ကြောက်တယ်။ စီး ပွားရေးအပျက်မခံနိုင်ဘူး။ တချို့ကျ တော့ ဘုန်းကြီးနဲ့သွားတွေ့ရင်ကိုပဲ သူတို့မွတ်စလင်တွေ သိက္ခာကျတယ် ဆိုတဲ့ပုံစံမျိုးကြီး မြင်နေကြတယ်ပေါ့။ တချို့ကျတော့ ဘုန်းကြီးနဲ့သွားတွေ့လို့ ဘုန်းကြီးကဒါတွေတောင်းဆိုတယ် မပေးရဲဘူး၊ မပေးနိုင်ဘူး၊ မပေးချင် ဘူး။ အဲဒီလို ဝန်လေးနေတဲ့အတွက် ကြောင့်လည်း သူတို့တတွေကမတွေ့ ကြဘူး။ ဦးဇင်းကတော့ မွတ်စလင် တွေမဟုတ်ပါဘူး။ တခြားဘယ်ဘာ သာဝင်ရဲ့ ခေါင်းဆောင်မဆို လက် ကမ်းကြိုဆိုပါတယ်။ မြန်မာပြည်ကြီး တကယ်ငြိမ်းချမ်းစေချင်တယ်ဆိုရင် ဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။ ဦးဇင်းပေးထားတဲ့ ကတိကိုတော့ ဦးဇင်းအသက်သာ အသေခံမယ် ဘယ်သောအခါမှ ဖျောက်ဖျက်မှာ မဟုတ်ဘူးဆိုတာ အာမခံချက်ပေးနိုင် ပါတယ်။
မေး။ ။ မျိုးချစ်လို့အော်နေတဲ့ လက်ရှိ အာဏာရှိနေတဲ့ အဖွဲ့အစည်းမှပုဂ္ဂိုလ် တွေက ၂ဝဝ၇ ခုနှစ်မှာ သံဃာတော် တွေကို ရက်ရက်စက်စက် ညှင်းပမ်းခဲ့ သူတွေပါ။ ဒါပေမဲ့ အခုအာဏာပြန်ရဖို့ ရည်ရွယ်ချက်အနေနဲ့ မျိုးချစ်ဆိုတဲ့ အသံကို အော်နေတယ်လို့ ဆရာ တော်မထင်ဘူးလား ဘုရား။ ဘယ် လိုမြင်ပါသလဲဘုရား။
ဖြေ။ ။ ဟိုအရင်တုန်းက နိုင်ငံရေး သမားတွေနဲ့ တစ်သားတည်း ပြည်သူ့ ဘက်မှာရပ်တည်ပြီး စစ်အစိုးရကို တော်လှန်ခဲ့ကြတဲ့ သံဃာတွေဟာ ဒီကနေ့ဘာကြောင့် နိုင်ငံရေးသမား တွေကို ရွံမုန်းကြတာလဲဆိုရင် ဒီက နေ့တပ်မတော်ကို ဘာကြောင့် ထောက်ခံနေကြသလဲ။ အဲဒါကိုလည်း လေ့လာဖို့လိုပါတယ်။ နောက်တစ် ချက်က ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းမတူ ပါဘူး။ ဘယ်အဖွဲ့အစည်းမဆို မကောင်းတဲ့ပုဂ္ဂိုလ်ကတော့ ရှိမှာပဲ။ သံဃာအဖွဲ့အစည်းဆိုတာ တကယ် တမ်းပြောရင် ဝိနည်းသိက္ခာပုဒ်တွေနဲ့ အင်မတန် တင်းကျပ်တဲ့အဖွဲ့အစည်း။ အဲဒါတွေကို မလေးစားတဲ့ပုဂ္ဂိုလ်တွေ လည်း ရှိပါတယ်။ အဲဒီလိုပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ဖောက်ဖျက်တာနဲ့ပဲ သံ ဃာအဖွဲ့အစည်းကြီးကို ဝါးလုံးသိမ်း ရိုက်ပြီး ပြစ်မှားလို့မရဘူး။ အဲဒီလိုပဲ တစ်စုံတစ်ယောက် သစ္စာဖောက်တာနဲ့ တပ်မတော်မကြီးတစ်ခုလုံးကို သိမ်း ကြုံးပြီး စွပ်စွဲလို့မရဘူး။ တပ်မတော် နဲ့စစ်အာဏာရှင် ကွဲပြားဖို့လိုတယ်။ ကွဲပြားမှဘယ်သူကအဖြူ၊ ဘယ်သူ ကအမည်းဆိုတာ အဖြေရမှာ။ ဦးဇင်း ဆိုလိုတာက မျိုးချစ်လို့အော်တဲ့သူတွေ အော်တာမှန်တယ်။ တစ်ချိန်တုန်းက နှိမ်နင်းတာသူတို့အာဏာကို ထိပါးလို့ ပေါ့။ ဒီကနေ့ မျိုးချစ်လို့အော်နေတာ ဟာ အချုပ်အခြာအာဏာ အန္တရာယ် ကျရောက်နေလို့ပါ။ ဒီနှစ်ခုကလုံးဝ မတူပါဘူး။
မေး။ ။ ဆရာတော်မှ ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ဆုံဖို့ ဦးဝင်းထိန်မှတစ် ဆင့် စာသုံးကြိမ်ပို့ခဲ့တယ်လို့ သိရပါ တယ်။ မအောင်မြင်ခဲ့ဖူးလို့လည်း သိရ ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။ ဦးဇင်းကတော့ တစ်ကိုယ်ရည် နိုင်ငံရေးသမားပဲ။ ဦးဇင်းမှာတော့ မာနရှိတယ်။ ဘယ်နိုင်ငံ့ခေါင်းဆောင် ကိုမှ တွေ့ခွင့်မတောင်းဘူး။ ဦးသိန်း စိန်ထောက်ခံတာ ထောက်ခံတာပဲ။ တွေ့ခွင့်ပေးပါလို့ မတောင်းခဲ့ဖူးဘူး။ ဒေါ်စုလည်း ထို့အတူပဲ၊ ကိုယ့်ဆီလာ ရင်တော့ ဘယ်သူလာလာ လက်ခံ တယ်။ ကုလားဆိုပြီး မောင်းမထုတ် နိုင်ဘူး။ အောင်သောင်းဆိုပြီးတော့ လည်း မောင်းမထုတ်နိုင်ဘူး။ မင်းကို နိုင်ဆိုပြီးတော့လဲ မောင်းမထုတ်နိုင် ဘူး။ ဦးဇင်းကတော့ ဦးဇင်းဆီလာ တဲ့သူမှန်သမျှ ဘုရားအလိုတော်ကျ ဧည့်ဝတ်ကျေ ပွန်အောင်လက်ခံမယ်။ ဘယ်ခေါင်းဆောင်နဲ့မှ တွေ့ခွင့်ပေးပါ လို့ မတောင်းဆိုခဲ့ဖူးပါဘူး။ သို့သော် အမျိုး စောင့်ဥပဒေနဲ့ပတ်သက်တုန်း ကတော့ မဘသအဖွဲ့အစည်းကြီးက NLD ပါတီကိုစာပို့ပြီးတော့ သုံးကြိမ် တောင်းဆိုဖူးပါတယ်။ အဲဒီစာ ဒေါ် အောင်ဆန်းစုကြည်ဆီ ရောက်၊ မရောက်ဆိုတာတော့ မသိရပါဘူး။ သို့သော်တွေ့ခွင့်မရတာတော့ ဒီနေ့ အထိပါပဲ။
မေး။ ။ မြန်မာပြည်မှာနေထိုင်ကြတဲ့ ဘာသာပေါင်းစုံပြည်သူတွေကို ဆရာ တော်ဘုရားအနေနဲ့ ဘာများအမိန့် မှာစကား ပြောကြားချင်ပါသလဲ။
ဖြေ။ ။ ဘာသာပေါင်းစုံလို့ ပြောရ တယ်ဆိုပေမယ့်လို့ ခရစ်ယာန်နဲ့ ဟိန္ဒူ နဲ့ တခြားဘာသာအသီးသီးလေးတွေ က ဘာကိုမှပြောစရာကိုမရှိတာ။ ဖြစ် နေတာက မွတ်စလင်။ အဲဒီတော့ ငြိမ်း ချမ်းစွာအတူယှဉ် တွဲနေထိုင်ခြင်းမူဝါဒ ဦးဇင်းကိုင်စွဲထားပါတယ်။ အဲဒါကို ဘုရားဇာတ်တော်အတိုင်း ပြောရရင် ခြင်္သေ့ကြီးတစ်ကောင်ဟာ နွံထဲမှာနစ် နေတာ ခြောက်ရက်ပြည့်ပြီး ခုနစ်ရက် မြောက်။ အဲဒီအချိန်မှာ မြေခွေးတစ် ကောင်က ခြင်္သေ့ကြီးကို ကယ်ခဲ့ပါ တယ်။ ခြင်္သေ့ကြီးက မြေခွေးကိုကျေးဇူး တင်တဲ့အနေနဲ့ အမဲတွေ ရှာကျွေးပါ တယ်။ နောက်ဆုံး မြေခွေးမှာ မြေ ခွေးမရှိတယ်ဆိုတာသိရလို့ မြေခွေး ရော၊ မြေခွေးမရော ခေါ်ပြီးတော့ ပြုစု ထားပါတယ်။ ဒီလိုနဲ့ ခြင်္သေ့ကလည်း သားခုနစ်ဆက်ပေါက်တယ်။ မြေခွေး ကလည်း သားခုနစ်ဆက်ပေါက်တယ်။ မိဘချင်းတည့်တဲ့အတွက်ကြောင့် သားသမီးချင်းလည်း တည့်တယ်။ အဲဒီတော့ ဇာတ်နိမ့် ဇာတ်မြင့်ကိုကြည့် မယ်ဆိုရင် မြေခွေးကအင်မတန်နိမ့်ကျ တဲ့ဇာတ်။ ခြင်္သေ့ကအင်မ တန်မြင့် မြတ်တဲ့ဇာတ်။ သူရသတ္တိချင်းယှဉ်ရင် လည်း ခြင်္သေ့နဲ့မြေခွေး ပြောစရာ တောင်မလိုဘူး။ ဒီလိုအစစအရာရာ မတူညီတဲ့ ဘဝနှစ်ခုတောင်မှ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တယ်။ တိရစ္ဆာန်တွေတောင်မှ အမျိုးမတူရုံ၊ သဘာဝမတူရုံလေးနဲ့ ရန်မလုပ်ဘူး။ တစ်ယောက်ကျေးဇူး တစ်ယောက်သိ ပြီးတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်တယ်။ ဦးဇင်းတို့လူသားတွေ ဘာကြောင့်ဘာသာမတူရုံ လူမျိုးမတူ ရုံနဲ့ ရန်ဖြစ်နေကြမှာလဲ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး ဘာလို့မနေနိုင်ရမှာ လဲ။ အဲဒီလိုနေထိုင်နိုင်ဖို့အတွက် ငါ့ ဘာသာမှ ငါ့ဘာသာဆိုပြီး တခြားဘာ သာကို အထင်သေးတာတွေ ရှောင် ကြဉ်ပါ။ ငါ့ဘုရားမှ ငါ့ဘုရားဆိုပြီး သူ များဘုရားကို စော်ကားတာတွေရပ်ပါ။ ငါ့လူမျိုးမှ ငါ့လူမျိုးဆိုပြီး အခြားလူ မျိုးကို လူမထင်တဲ့ အမူအရာတွေ ရှောင်ကြဉ်ပါ။ တစ်ဦးနဲ့တစ်ဦး ဘာသာတစ်ခုနဲ့တစ်ခု ဘုရားတစ်ဆူနဲ့ တစ်ဆူကြား လေးစားမှုရှိပါ။ ဒါတွေ ကိုသာ လေးစား လိုက်နာမှုရှိမယ်ဆိုရင် မြန်မာတင်မကပါဘူး။ တစ်ကမ္ဘာလုံး ငြိမ်းချမ်းမယ်လို့ အပြည့်အဝယုံကြည် ပါတယ်။
မေး။ ။ ဆရာတော်နောက်ဆုံးဘာများ မိန့်ကြားဖို့ရှိပါသေးသလဲဘုရား။
ဖြေ။ ။ ပြည်တွင်းနေ မွတ်စလင်တွေကို ပြောချင်ပါတယ်။ ဇာတ်လမ်းထဲမှာ ဗီလိန်အဖြစ် သရုပ်ဆောင်တိုင်း အပြင်မှာ တကယ့်ဗီလိန်ဖြစ်နေတာ မဟုတ်ပါဘူး။ ပကတိဘဝနဲ့ဆန့်ကျင် ပြီး သရုပ်ဆောင်နေရတဲ့လူသားတွေ လည်း ရှိတတ်ပါတယ်။ ဝီရသူရဲ့ ပင် ကိုယ်စိတ်ရင်းကို လေ့လာကြည့်ပါ ဦးလို့ မှာကြားပါရစေ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်