နိုင်ငံ၏စီမံကိန်းများ လွှတ်တော်တွင်မဆွေးနွေးပါက ပြည်သူလူထု ရေရှည်ဒုက္ခကျရောက်နိုင်

အစိုးရအဖွဲ့သည် စီမံကိန်းများကို လွှတ်တော်တွင်ဆွေးနွေးမှုမရှိပါက ကြာလာရင်ပြည်သူလူထု ဒုက္ခရောက်လာနိုင် ကြောင်း တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်တင်ဦးက ပြောသည်။
” အခုတွံတေးမှာ ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက်ဆိုပြီး ဧကတစ်သောင်းကို အကောင်အထည်ဖော်ဖို့ ပြောသွားတာက ယေဘူယျဆန်ဆန်လား မသိဘူး။ အမှန်အစိုးရက ပရောဂျက်ရှိတယ်သာပြောတာ လွှတ်တော်မှာလည်းမပြောဘူး။ သက် ဆိုင်ရာ ကိုယ်စားလှယ်တွေကို လည်းချမပြဘူး။ ဒါတွေဟာမကောင်းဘူး။ ကြာလာရင် ပြည်သူတွေဒုက္ခရောက်နိုင်ပါ တယ်” ဟု ၎င်းကပြောသည်။
ငါးလုပ်ငန်းဖွံ့ဖြိုးရေး အတွက်ပြုလုပ်သည့် အဧကတစ်သောင်းသည် အစိုးရပိုင်သော မြေနေရာမရှိဘဲ ယင်းနေရာ၌ တပ်ပိုင်မြေ၊ အကျဉ်းဦးစီးဌာန မြေများသာရှိပြီး အစိုးရပိုင်သော မြေနေရာမှာ စည်ပင်ပိုင် ဘုရားငုတ်တိုမြေ၊ ငါးလုပ်ငန်းဦးစီးဌာနပိုင်မြေသာရှိပြီး ဧကအားဖြင့် ငါးရာသာရှိကြောင်း ဦးကျော်ဇင်ဦးက ဖြည့်စွက်ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များ စီမံကိန်းသော်လည်းကောင်း၊ စီမံချက်သော်လည်း ကောင်း၊ လုပ်ဆောင်ပါက သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်များသို့ ချပြဆွေးနွေးမှုပြု လုပ်ရမည်ဖြစ်ပြီး လက်ရှိတွင် အစီအစဉ်ဆွဲပြီးမှသာ ကိုယ်စားလှယ်များကို ပြောပြလေ့ရှိကြောင်းသိရသည်။
အဆိုပါ ငါးလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးအတွက် တွံတေးမြို့ နယ်ဘက်တွင် ဧကတစ်သောင်း ခန့်ရှိစီမံကိန်းကြီးတစ်ခု တည် ဆောက်ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂ဝ၁၈ခုနှစ် မတ်လ ၇ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဇင်နိုင်

23Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်