မကြာမီဈေးကွက်ထဲရောက်ရှိလာမည့် Oppo ၏ Selfile Expert စီးရီးနောက်ဆုံးမျိုးဆက် Oppo F-7၏ အချက်အလက်တချို့ ထွက်ပေါ်လာ

မကြာမီဈေးကွက်ထဲရောက်ရှိလာတော့မည့် Oppo ၏ Selfile Expert စီးရီးနောက်ဆုံးမျိုးဆက် Oppo F-7 ၏ အသေးစိတ်အချက်အလက်တချို့ ထွက်ပေါ်လာသည်ဟု သိရသည်။
Oppo F-5 ပေါ်တွင် အခြေခံတည်ဆောက်ထားသော အဆိုပါဖုန်းတွင် F-5 ကဲ့သို့ ဥာဏ်ရည်တုနည်းပညာများပါဝင်လာပြီး ရှေ့ကင်မရာအား 25 Megapixel သိပ်သည်းဆ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 2.0 ရှိသည့် အဆိုပါဥာဏ်ရည်တုနည်းပညာသည် Group ပုံများတွင် တစ်ဦးချင်းစီ၏ မျက်နှာများအား သိရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် Oppo F-7 သည် 6.2″ Full HD မျက်နှာပြင်ဖြင့် လာမည်ဖြစ်ပြီး Body အချို့သည် 89.09 ရာခိုင်နှုန်းနှင့် 19:9 အချိုးအစားဖြစ်သည်။ ထိုအချိုးအစားတွင် မျက်နှာပြင်တစ်ခုလုံးသည် မှန်သားအတိဖြင့် ပြည့်နေမည်ဖြစ်သည်။ ရောင်းချမည့်ရက်အား ကုမ္ပဏီမှအတိအကျထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း အိန္ဒိယတွင် မကြာမီဖြန့်ချိတော့မည်ဟု သတင်းပျံ့လွင့်နေသည်။

ဝေဖြိုးအောင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်