ကျောင်းကုန်းမြို့နယ် လေးကျွန်းစကြာဘုန်းတော်ကြီးကျောင်း၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်မည်

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် စံပါယ်ရုံကျေးရွာအုပ်စု၊ ကုန်းစံပါယ်ရုံကျေးရွာ၊ လေးကျွန်းစကြာဘုန်းတော်ကြီးကျောင်း၌ မတ်လ ၁၂ ရက် နံနက် ၉ နာရီတွင် ဗုဒ္ဓရင်သွေးဖောင်ဒေးရှင်းမှဦးစီး၍ ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်တန်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းသို့ စံပါယ်ရုံကျေးရွာနှင့် ပတ်ဝန်ကျင်ကျေးရွာများမှ သင်တန်းသား/သူ ၁၂၇ ဦးတက်ရောက်ခဲ့ပြီး ထိုသင်တန်း” ဗုဒ္ဓရင်သွေးဖောင်ဒေးရှင်း” မှ သံဃာတော်များက ကြီးမှူးပို့ချသွားမည်ဖြစ်သည်။ သင်တန်းကာလမှာ ၁၄ ရက်ကြာမြင့်မည်ဖြစ်ကာ စာမေးပွဲအောင်မြင်သည့် သင်တန်းသား/သူများကို အဆင့်အလိုက်ဆုရွေးချယ်၍ ဆုနှင်းသဘင်နှင့် သင်တန်းအောင်မြင်သည့် အထိမ်းအမှတ်တရားပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ အခုလိုဗုဒ္ဓဘာသာဝင်များအနေနဲ့ မိရိုးဖလာဗုဒ္ဓဘာသာအဆင့်မှာ ဘာသာရေးအသိလျော့ရဲစပြုလာတဲ့ အခြေအနေအပေါ် ဗုဒ္ဓဘာသာဝင်လူငယ်တွေကို သိသင့်သိထိုက်တဲ့ ဘာသာရေးအခြေခံအချက်အလက်တွေကို ပို့ချပေးလိုက်ခြင်းဟာ ဗုဒ္ဓသာသနာရေရှည်တည်တံ့ဖို့အတွက် အခြေခံအုတ်မြစ်ကို ချပေးလိုက်တယ်လို့ ခံစားမိပါတယ်” ဟု ထိုသင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင်လှုပ်ရှားသူ ကိုသက်မောင်မောင်က ယူနတီသို့ပြောသည်။
ထိုသင်တန်း၏ ကုန်ကျစရိတ်နှင့် သင်တန်းဝန်ဆောင်မှုကိစ္စအဝဝကို ကုန်းစံပါယ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ စေတနာရှင်များက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာမောင်မောင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်