တွစ်တာက အမျိုးသမီးအခွင့်အရေးချိုးဖောက်ဟု Amnesty International ဆို

လူမှုကွန်ရက်ပလက်ဖောင်း တွစ်တာသည် အမျိုးသမီးများ၏ အခွင့်အရေးကို ချိုးဖောက်ကြောင်း နိုင်ငံတကာလူ့အခွင့်အ ရေးအဖွဲ့အစည်း Amnesty International (AI) က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ပြောကြားလိုက်သည်။
Toxic Twitter: Violence and abuse against women online ဟု အမည်ပေးထားသော AI ၏ အစီရင်ခံစာ၌ အမျိုး သမီးများကို အွန်လိုင်းပေါ်တွင် ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် ၎င်းတို့အပေါ် အကြမ်းဖက်မှုနှင့် စော်ကားမှုတို့အား တားဆီးကာကွယ်ရန် တွစ်တာ၏ပျက်ကွက်မှုများကို အသေးစိတ်ရှင်းလင်း ဖော်ပြထားသည်။ မိမိကိုယ်ပိုင် မူဝါဒများကို လုံလုံလောက်လောက်နှင့် အမြဲမပြတ်သက် ရောက်မှုရှိရေး ဆောင်ရွက်ရန် တွစ်တာ၏ပျက်ကွက်မှုက အမျိုး သမီးများကို အွန်လိုင်းပေါ်တွင် ပါးစပ်ပိတ်နေရခြင်း သို့မဟုတ် မိမိဖော်ပြ ပြောဆိုလိုသည်ကို စိစစ်ဖြတ်တောက်ရခြင်းတို့ အကျိုးဆက်ထွက် ပေါ်စေသည် ဟု AI ၏ နည်းပညာနှင့် လူ့ အခွင့်အရေးသုတေသီ အက်ဇ်မီ နာဒရိုဒီယာက ပြောကြားသည်။
AI သည် အရေအတွက်နှင့် အရည်အသွေးပိုင်းဆိုင်ရာ သုနေသနပြုမှုတို့ကို ပေါင်းစပ်ထားသည့် ၁၄ ကြာ စူးစမ်းလေ့ လာမှု တစ်ခုလုပ်အပြီး ယခုအစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အစီရင်ခံစာကို အမျိုး သမီး ၈၆ ဦးနှင့် အမေရိကန်ပြည် ထောင်စုနှင့် ဗြိတိန်တစ်နံတစ်လျားရှိသတင်းသမားများ၊ နိုင်ငံရေးသမားများနှင့် နေ့စဉ်တွစ် တာသုံးသူများ အပါအဝင်ဖြစ်သည့်ကျား၊ မစုံကို ၎င်းတို့၏အွန်လိုင်းပေါ် အတွေ့အကြုံများကို တွေ့ဆုံမေးမြန်းမှုများအပေါ် အခြေပြုထုတ်ပြန်ခြင်းဖြစ်သည် ဟုသိရသည်။
Source: techcrunch.com

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်