နယ်ချဲ့ လက်သစ် ဧည့်ဆိုးများ

၂၀၁၈ မတ် ၁၀ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၁၆)

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ် နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ နောက်ဆက်တွဲ အခြေအနေအရ ခိုးဝင်ဘင်္ဂါလီတို့၏ အန္တရာယ် ကို ကာကွယ်ရန် မြန်မာ့တပ်မတော်မှ လုံခြုံရေးတာဝန်ထမ်းဆောင်နေရပြီ ဖြစ်သည်။ ထိုအခြေအနေအပေါ် စိုးရိမ်ဖွယ်ရာ လေသံဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာသံအမတ်ကြီး အား မတ်လ ၁ ရက်နေ့တွင် ခေါ်ယူသတိပေးမှုများ လုပ်ဆောင်လာခဲ့သည်။
နိုင်ငံတော်၏ လုံခြုံရေးကိစ္စရပ်ကို ပင် ဝင်ရောက်စွတ်ဖတ်လာသော ဘင်္ဂလားဒေ့ရှ် ၏ မာန်မာနအပေါ် သတိကြီးစွာ ထားရမည့် အခြေအနေဖြစ်သည်။ လက်ရှိမြန်မာ နိုင်ငံ၏ နယ်မြေအသီးသီးသည် မောင်တော နယ်စပ်မှ တစ်ဆင့် ခိုးဝင်ပျံ့နှံ့ နေသော ဘင်္ဂါလီ လူဦးရေ သိန်းဂဏန်းများစွာတို့၏ အန္တရာယ်ဖြင့် ရင်ဆိုင်နေရပြီးဖြစ်သည်။ ဘင်္ဂါလီ မျိုးနွယ်ဝင်များသည်။ ၎င်းတို့၏ နယ်ချဲ့စနစ် အောင်မြင်ရေးအတွက် မြန်မာနိုင်ငံအပေါ် နေ့စဉ်နည်းမျိုးစုံဖြင့် မရပ်မနား လှုပ်ရှားတိုက်ကွက်ဆင်နေသော်လည်း မြန်မာတို့က အိမ်ကြက်ချင်း အိုးမည်းသုတ်စရာမလိုဘဲ မျက်နှာပြောင်တိုက်ကာ ခွပ်လို့ မဆုံးဖြစ်နေကြသည်။ တစ်ဦးနှင့်တစ်ဦး ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သွေးကွဲကာ လွတ်လပ်ရေး ဆုံးရှုံးမည့် လမ်းကြောင်းကို ဖောက်လုပ်သလို ဖြစ်နေသည်။
ဘင်္ဂါလီတို့ နိုင်ငံတကာတွင်ရှိနေသည့် ၎င်းတို့၏ မျိုးနွယ်ဝင်၊ ဘာသာဝင်များထံသို့ သတင်းမှားများအား လက်ဦးမှုရယူကာ ဖြန့်ဝေကြသည်။ မြန်မာတို့သည် ဘင်္ဂါလီတို့၏ ထောင်ချောက်အတွင်းသို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကျရောက်ခဲ့ပြီးဖြစ်သည်။ နိုင်ငံတစ်ချို့၏ သုံးသပ်ချက်အရ မြန်မာလူမျိုးများ အနေဖြင့် ဘင်္ဂါလီတို့အား လူမျိုးသုဉ်းသတ်ဖြတ်သည့်နှယ် ဖြစ်နေသည်။ အကယ်၍ ထိုကိစ္စမှန်ခဲ့လျှင် ဘင်္ဂါလီတစ်ယောက်မှ မကျန်ဘဲ အားလုံးအသက်မဲ့နေရမည်ဖြစ်သော်လည်း ပကတိ မြေပြင်တွင် ခိုးဝင်ဘင်္ဂါလီဦးရေမှာ နယ်စပ်တွင်ပင် ခြောက်သိန်းခန့်ရှိပြီး ပြည်နယ် ပြည်မတွင်လည်း ထူထပ်များပြားလာနေသည်။
ခြောက်သိန်းဟူသော လူဦးရေသည် နယ်စပ်မှ အရေအတွက်သာဖြစ်သည်။ လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုလျှင် ခြောက်ယောက်ပင်ကျန်နိုင်မည်မဟုတ်ပေ။ ထိုဖြစ်စဉ်အား ကြည့်ခြင်းအားဖြင့် နိုင်ငံတကာတွင် ဘင်္ဂါလီဘက်မှ လုပ်ကြံဖန်တီး သတင်းများက ဦးစွာပျံ့နှံ့နေကြောင်း သုံးသပ်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာတို့သည် ဘင်္ဂါလီ နှင့် ပတ်သက်လျှင် ဘက်ပေါင်းစုံ၌ သင်ယူရပေဦးမည်။ ခိုးဝင်ဘင်္ဂါလီများ၏ အန္တရာယ်ကို ရှုထောက်အမျိုးမျိုးမှ ဆင်ခြင်တုံတရားဖြင့် အလေးထား ကာကွယ်ကြရတော့မည်ဖြစ်သည်။
ကမ္ဘာ့ အသိုင်းအဝိုင်းတွင် လူမျိုးရေးခွဲခြားမှုအား မုန်းတီးသကဲ့သို့ မြန်မာပြည်၌လည်း အတူတကွယှဉ်တွဲနေထိုင်ရေး မူဝါဒဖြင့် နေထိုင်ကြသည်သာဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအတွင်း တရားဥပဒေမဲ့ ခိုးဝင်နေထိုင်သူများအပေါ် နိုင်ငံတကာမှ မည်သို့မှ ဝိုင်းဝန်းမဟန့်တားကြဘဲ ခိုးဝင်ဘင်္ဂါလီတို့ ၏ ရှေ့ရေးကိုသာ တောင်းဆိုနေကြသည်။
မြေပြင်အခြေအနေအရ ခိုးဝင်ဘင်္ဂါလီတို့သည် ရခိုင်ပြည်နယ် တစ်ခုအတွင်းသာမက ဘဲ တစ်တိုင်းပြည်လုံးသို့ မသာမာသော နည်းမျိုးစုံ သုံးစွဲ၍ ခြေချလာနိုင်ခဲ့ပြီးဖြစ်သည်။ နိုင်ငံတကာ တွင် စီးပွားရေး၊ လူမှုရေး နေရာယူထားသည့် (OIC) အစ္စလာမ္မစ် လူမှုအဖွဲ့ အစည်းကြီး၏ ထောက်ပံ့မှုများက ခိုးဝင်ဘင်္ဂါလီတို့အပေါ် မှောင်ခို လမ်းကြောင်း ဖောက်ပေးသလိုဖြစ်နေသည်။
ဘင်္ဂါလီများသည် မြန်မာနိုင်ငံအတွင်းသို့ စမ်းသပ်ခိုးဝင်ကြရင်း ပြည်တွင်းသစ္စာဖောက်များနှင့် ချိတ်ဆက်မိကာ နေထိုင်အခြေချခွင့် ရရှိနေကြသည်။ ရှေ့မှ ရောက်ရှိနေသူ ဘင်္ဂါလီတို့က ကြာလာသောအခါ ဘင်္ဂလာဒေ့ရှ်တွင် ကျန်ရစ်ခဲ့သည့် သူတို့၏ မျိုးနွယ်ဘာသာတူများအား ထပ်မံခေါ်သွင်းရန် လှုပ်ရှားကြိုးစားကြပြန်သည်။ တိုင်းပြည်တွင် နယ်ချဲလက်သစ် ဧည့်ဆိုးများကြောင့် သွေးချောင်းစီးနိုင်သည့် အန္တရာယ်မှ ကာကွယ်ရန် ပြည်ပမှ ခိုးဝင်လာသော နိုင်ငံခြားသားများအပေါ် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက ထိရောက်စွာ ဝိုင်းဝန်းဟန့်တားထိန်းချုပ်ကြရန် တော့ မည်ဖြစ်ပါကြောင်း ယူနတီမှ သုံးသပ်လိုက်ရပေသည်။

အယ်ဒီတာ့ အာဘော်

8Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်