ဂူလ်ဂယ်လ်၏ လာမည့် Android Police OS တွင် Android 4.1 နှင့် အနိမ့်ဖုန်းများအတွက် တည်ဆောက်ထားသော အပလီကေးရှင်းများ အသုံးပြုခြင်းကို ကန့်သတ်သွားမည်ဟု သိရသည်။
အပလီကေးရှင်း ထုတ်လုပ်သူများသည် အနိမ့်ဆုံး API (Applaction Programming Interface) Level 17 (Android 4.2 နှင့်ညီမျှသော) အပလီကေးရှင်းများကိုသာ ထုတ်လုပ်ရတော့မည်ဖြစ်ပြီး အဆိုပါ API ထက်နိမ့်သော အပလီကေးရှင်းများသည် Android P ထွက်ရှိလာသောအခါတွင် ရပ်နားသွားရတော့မည်ဟု ဆိုလိုရင်းဖြစ်သည်။
Android P မှစတင်၍ အသုံးပြုမည့် အပလီကေးရှင်းများသည် အနိမ့်ဆုံး Android 4.2 နှင့်အထက် ဖြစ်ရမည်ဖြစ်ပြီး အသစ်တည်ဆောက်မည့် အပလီကေးရှင်းများသည် Android 8.0 Oreo သို့မဟုတ် အထက်ဖြစ်ရမည်ဖြစ်သည်။
Android P ထွက်လာသောအခါတွင် အပလီကေးရှင်းများအဟောင်းများအားလုံးကို ကန့်သတ်ပစ်ခြင်းရှိ၊ မရှိကိုတော့ အတိအကျမသိရသေးပေ။ အဆိုပါအရွေ့သည် စိတ်မချရသော အပလီကေးရှင်းများ၏ သင့်ဖုန်းမှကင်မရာများ၊ မိုက်ခ်များကိုသုံးခွင့်တောင်းခြင်းများအား တားဆီးပိတ်ဆို့ထားမည့် Android P ၏ လုံခြုံရေးစနစ်ကို မြှင့်တင်ဖို့ ဂူဂယ်လ်မှ ကြိုးစားခြင်းဖြစ်သည်။
Android P သည် ကင်မရာနှစ်ခုထက်ပိုသော devices များမှ မတူညီသော stream များကို Google ၏ Multi- Camera API အသစ်မှ ခွင့်ပြုမည်ဖြစ်ပြီး Dual Camera Setups များကို များစွာတိုးတက်ပြောင်းလဲစေမည်ဖြစ်သည်။
အဆိုပါ Os အသစ်သည် HDKVP9 Video နှင့် HE1F ပုံရိပ်အရောအနှောများအား ထောက်ပံ့မည်ဖြစ်ပြီး Message Notification များနှင့် Smart Replies များကိုလည်း တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝေဖြိုးအောင်
