စပိန်နိုင်ငံသားအများဆုံးက အလုပ်ရှင်ဖြစ်စေချင်သော အားကစားကြယ်ပွင့်အဖြစ် ရာဖေးနာဒယ် ရွေးချယ်ခံရ

စပိန်တင်းနစ်အကျော်အမော် ရာဖေးနာဒယ်သည် စပိန်နိုင်ငံသားများအနက် အများဆုံးက မိမိတို့၏ အလုပ်ရှင်ဖြစ်စေချင်သည်ဟု ဆန္ဒပြုခြင်းခံရသော အားကစားကြယ်ပွင့်ဖြစ်ကြောင်း လူသားအရင်းအမြစ်ကုမ္ပဏီတစ်ခုကပြုလုပ်သည့် စစ်တမ်းတစ်ရပ်က ဖော်ပြသည်။
ကမ္ဘာ့နံပါတ်နှစ် တင်းနစ်ကစားသမားသည် စစ်တမ်းတွင် မဲ ၃၄ ဒဿမ ၄ ရာခိုင်နှုန်းရရှိပြီး စပိန်နိုင်ငံသားများထဲမှ အများဆုံးက မိမိတို့၏ အလုပ်ရှင်ဖြစ်စေချင်သော အားကစားအကျော်အမော်အဖြစ် လေးနှစ်ဆက်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်တမ်းသည် အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြားရှိ လူပေါင်း ၂,၃၀၀ ကို တွေ့ဆုံမေးမြန်းပြီး အားကစားလောက၊ ဖျော်ဖြေရေးလောက၊ ဆက်သွယ်ရေးနယ်ပယ်နှင့် နိုင်ငံတကာရေးရာနယ်ပယ်တို့မှ မိမိတို့၏အလုပ်ရှင်အဖြစ် အလုပ်တွဲအလုပ်ချင်ဆုံးစပိန်သား ထင်ရှားကျော်ကြားသူများကို ရွေးချယ်ခိုင်းခြင်းဖြစ်သည်။ အောင်မြင်သည့် စပျစ်ခြံတစ်ခုပိုင်ဆိုင်လုပ်ကိုင်နေသော ဘာစီလိုနာဘောလုံးသမား အန်ဒရက်စ်အင်နီယေစတာကဆန္ဒမဲ ၂၁ ဒဿမ ၅ ရာခိုင်နှုန်းရရှိပြီး အားကစားနယ်ပယ်တွင် နာဒယ်နောက် ဒုတိယနေရာတွင်ရပ်တည်ခဲ့သည်။ မဲရအရေအတွက်နည်းသော်လည်း စပိန်နိုင်ငံသားများက ၎င်းတို့၏အလုပ်ရှင်ဖြစ်စေလိုသည်ဟု ဆန္ဒပြုခံရသော အားကစားနယ်ပယ်မှ အခြားအကျော်အမော်များတွင် ရေကူးမယ်မီရေရာဘယ်မွန်တီ၊ ဖော်မြူလာဝမ်းကားမောင်းသမား ဖာနန်ဒိုအလွန်ဆိုနှင့် လက်ရှိရီးရဲမက်ဒရစ်နည်းပြ ဇီနက်ဒင်းဇီဒန်းတို့လည်း အပါအဝင်ဖြစ်သည်။
Source: Xinhua

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်