အနိစ္စတွေပဲ ကျန်ခဲ့မယ့် ကမ္ဘာ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထင်းရှားကျော်ကြားသော စစ်သူရဲကောင်းများ ၊ကြေးစားလူမိုက်များ၊ အာဏာရှင်များ၊ အနုပညာရှင်ကြီးများ၊ သိပ္ပံပညာရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ စသဖြင့် ကဏ္ဍပေါင်းစုံတွင် ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များ ပေါ်ပေါက်ခဲ့ဖူးပေသည်။
အထက်ဖော်ပြပါ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များသည် လောက၌ အချိန်ကာလ သက်တမ်းအကန့်အသတ်ဖြင့် သာ ရှင်သန်ခွင့်ရသော လူ့ ခန္ဓာကိုယ်၏ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ သဘောတရားများကို မဖြစ်မနေခံယူရင်း မိမိပတ်ဝန်းကျင်ကိုလည်းကောင်း၊ မိသားစုကိုလည်ကောင်း၊ စည်းစိမ်ဥစ္စာများကို လည်ကောင်း၊မိမိ၏ အတတ်ပညာ၊ အသိပညာများကိုလည်ကောင်း တစ်နေ့တွင် အပြီးစွန့်ခွာကြရမည်ဖြစ်သည်။
လူသားတို့၏ ခန္ဓာကိုယ်ကြီးအား လေ့လာမိသောအခါ နှစ်မြိုဖွယ်ရာနေရာ အစိတ်အပိုင်းတစ်ခုမျှမရှိဘဲ ရွံရှာ စပ်ဆုပ်ဖွယ်ရာများဖြင့်သာ ပြည့်နှက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နံနက်ခင်းအိပ်ရာထသည်နှင့် လူသားတို့သည် မိမိတို့၏ ခန္ဓာဝန်အား ဦးစွာထမ်းဆောင်ကြရသည်။ မျက်နှာသစ်ခြင်း၊ သွားတိုက်ခြင်း၊ အပေါ့သွားခြင်း၊ အလေးအပင်သွားခြင်း၊ စသည့်အပြင် ရေချိုး၊ ခေါင်းလျှော်၊စသဖြင့် အချိန်များစွာ ပေးဆပ်လျက်ပြုပြင်ကြရသည်။
လူသားတို့သည် မည်သို့ပင် က်ြိုးစားရုန်းကန်ခဲ့ကြပြီး မည်မျှအထိ ကြီးကျယ်ခန်းနာစွာ အောင်မြင်စေကာမူ အနိစ္စဟူသော မမြဲခြင်းအောက်တွင်သာ ပျော်ဝင်ရမည်ဖြစ်၍ အရွယ်ကောင်းစဉ် စိတ်ကောင်းဝင်ကာ တရားမျှတစွာ နေထိုက်သင့်ပေသည်။ လူသားအချင်းချင်း စာနာသင့်ပေသည်။
ကမ္ဘာ့ထိပ်တန်း သူဌေးဖြစ်သော မိုက်ခရိုဆော့ လုပ်ငန်းပိုင်ရှင် ဘီလ်ဂိတ်ပင်လျှင် သူ၏ ချမ်းသာ ကြွယ်ဝမှုများထဲမှ ငွေကြေးများစွာတို့ကို နိုင်ငံတကာတွင် လိုအပ်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်း များသို့ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်သည်။
လူသားတစ်ယောက်သည် မည်မျှပင် ကြီးကျယ်ခန်းနားစွာ အောင်မြင်သည်ဖြစ်စေ၊ နေ့စဉ်မမြဲခြင်းတည်းဟူသော သဘာဝတရား၏ အဆုံးအမအောက်တွင် သာရှင်သန်နေရမည်ဖြစ်သည်။
လူသားတစ်ဦးချင်းစီတွင် လောကအတွေ့အကြုံများစွာရှိနေမည်ဖြစ်ပြီး ထိုအတွေ့အကြုံများကို လည်း အမြဲတမ်းဖမ်းဆုတ်ထား၍ မရနိုင်သကဲသို့ မည်သည့်အရာဝတ္ထုမျိုးကိုမှ ထာဝရပိုင်ဆိုင်ထား၍မရပေ။ အရာအားလုံးကို ခြုံငုံတွေးကြည့်လျှင် ဖြစ်ပြီးပျက်သည့် သဘော၌ သာ အဖြေကျန်ခဲ့ ပေသည်။ ဤကားလောက၏ မပြောင်းလဲတတ်သော အရှိတရားဖြစ်စဉ် သဘာဝ ဓမ္မသင်္ခါရ ဖြစ်ပေသည်။ ငြိမ်းချမ်းရေးကိုလိုလာသော လောကလူသားအပေါင်းတို့သည်လည်ကောင်း၊ စစ်ပွဲများဖန်တီးချင်နေသော လောက လူသားအပေါင်းတို့သည် လည်ကောင်း အနိစ္စတည်းဟူသော မမြဲခြင်းအောက်သို့ပင် အချိန်တန်လျှင် ဝပ်ဆင်းခယပေးကြရသည်။
မမြဲခြင်းသဘောတရားကို ဥာဏ်ပညာဖြင့် မကြည့်ရှုတတ်ကြသော လူသားများသည် အရှက်ကင်းမဲ့စွာဖြင့် လူ့ပတ်ဝန်းကျင်တွင်နေထိုင်ခြင်း ၊ မတရားသည့်နည်းဖြင့် ပိုက်ဆံရှာဖွေခြင်း ၊ ရာထူးနှင့်လုပ်ပိုင်ခွင့်များ အသုံးချ၍ ပြည်သူ့ဘဏ္ဍာခိုးယူခြင်း၊ မိမိသာ အောင်မြင်ကျော်ကြားစေလိုခြင်း၊ စသည့် စိတ်ယုတ်မာများ မွေးမြူကြမည်ဖြစ်သည်။ သို့သော် ထိုသူများ၏ အောင်မြင်မှုအားလုံးသည် အနိစ္စအောက်တွင်သာ နိဂုံးချုပ်ရမည်ဖြစ်ပါ၍ လူသားအားလုံး ဥာဏ်ပညာသုံးရင်းစာနာစိတ် ဖြင့် ရှင်သန်သင့်ကြောင်း ယူနတီမှ သုံးသပ်လိုက်ရပါသည်။
အယ်ဒီတာ့ အာဘော်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်