လဝကတွေရယ် ဘင်္ဂါလီကို အော်ပရာစီပါဦး

၂၀၁၈ ဖေဖော်ရီ ၂၄ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၁၄)
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဘာသာရေးကြောင့် လူဦးရေမထိန်းချုပ်မှု၊ နှစ်စဉ်နှစ်တိုင်းသဘာဝဘေးအန္တရာယ်ခံစားနေရမှု၊ စီးပွားရေးအလွန်ကျပ် တည်းမှုစတဲ့အကြောင်းရင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုးတွေဟာ လက်ရှိကြုံတွေ့နေရတဲ့ လူမှု ဘဝအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အတွက် သူတို့နိုင်ငံထက် အစစအရာရာ နေထိုင်စားသောက်ရမှု သာလွန်ကောင်း မွန်တဲ့နိုင်ငံတွေဆီ တရားဝင်နည်းလမ်း နဲ့ရော တရားမဝင်နည်းလမ်းနဲ့ရော ထွက်ခွာခဲ့၊ ထွက်ခွာဆဲနဲ့ ထွက်ခွာဖို့ လုပ်ဆောင်ကြပါတယ်။
မိသားစုလိုက်ထွက်ခွာ
အဲဒီလိုထွက်ခွာခဲ့ရာမှာ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဆီလည်းမိသားစု အလိုက်ရောက်ရှိလာ သလိုမြန်မာနိုင်ငံရှိမြို့ကြီးတချို့ဆီကိုလည်း အပေါင်းအဖော်တွေနဲ့ ရောက်ရှိလာတာကိုလည်း တွေ့ရပါတယ်။ ဒီလိုရောက်လာတယ်ဆို တာကလည်း တရားဝင်ရောက်ရှိလာကြတာ မဟုတ်ပါဘူး။ ဘင်္ဂါလီတွေဟာ မူရင်းဒေသဆီကနေ နယ်နိမိတ်ချင်းထိ စပ်နေတဲ့ ရခိုင်ဒေသဆီရောက်ခဲ့ကြရင်း အရင်ရောက်နှင့် နေသူတို့ရဲ့ ကူညီစောင့် ရှောက်မှုတွေကြောင့် စားဝတ်နေရေး မပူပင်ရတော့သလို အချိန်တန်ရင် ပေါများတဲ့ လယ်ကွက်တွေရှိလို့ အိမ်ပိုင်၊ လယ်ပိုင်နဲ့အဆင်ပြေကြပြီး မပူမပင်နေ ကြရတာကြောင့် ဒုက္ခမျိုးစုံခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့စာရင် သုခခံစားရမယ့် မြန်မာနိုင်ငံဘက်ဆီ ခိုးဝင်ပြောင်းရွှေ့ဝင်လာကြတာလို့ ပြောရမှာပါ။
ပြန်ရှာလို့ရတယ်
ဘင်္ဂါလီတွေဟာ တစ်ရွာမပြောင်း သူကောင်းမဖြစ်နိုင်တဲ့ ထုံးကိုနှလုံးမူပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ရခိုင်ဒေသ ဘက်ကို လူမှောင်ခိုသမားတွေမှတစ် ဆင့်၊ ဒါမှမဟုတ် လာဘ်လာဘယူပြီး လက်ခံတဲ့ နိုင်ငံဝန်ထမ်းတွေမှ တစ်ဆင့် ဝင်ရောက်လာတယ်ဆိုတာ ငြင်းချက် မထုတ်နိုင်ပါဘူး။ တချို့ဘင်္ဂါလီတွေ ဆိုရင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် လှေစီးပြီး လွတ်မယ်ထင်တဲ့ အပေါက်ကနေဝင်လာကြတာလည်း ရှိကြပါတယ်။ ဒါကြောင့် ရေလမ်းကြောင်းနဲ့ နီးတဲ့ မြို့ တွေမှာ ခိုးဝင်ဘင်္ဂါလီတွေရှိနေကြတာပဲ ဖြစ်ပါတယ်။ သူတို့ခမျာလည်း အဲဒီလို ခိုးဝင်နိုင်ဖို့အတွက် ရခိုင်ဒေသကနေ ရန်ကုန်မြို့အရောက် ကုန်ကျစရိတ်ဟာ သိန်းနှစ်ဆယ်လောက်ပေးပြီး လာကြရတာလို့သိရပါတယ်။ ဆင်းရဲငတ်ပြတ်နေတဲ့ ဘင်္ဂါလီတွေဟာ တစ်ယောက်ကို သိန်းနှစ်ဆယ်လောက်ဘယ်လို ရှာဖွေ ပြီး လူမှောင်ခိုသမားတွေကိုပေးလည်း ဆိုတာ မသိရပေမယ့်သူတို့အတွက်တော့ ဒီကုန်ကျထားတဲ့ ငွေတွေဟာ ရန်ကုန် လိုမြို့ကြီးမှာအခြေကျရင် ခဏနဲ့ ပြန်ရှာ လို့ရတယ်လို့ ခံယူထားကြပါတယ်။
ခွင့်ပြုချက်ရှိမှ သွားလို့ရ
ဘင်္ဂါလီတွေဟာ ဘာအထောက် အထားမှမရှိဘဲ မြန်မာနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်လာကြသလို အထောက် အထားရှိတဲ့ သူတွေကလည်းလာရောက် ကြတာတွေရှိပါတယ်။ ရခိုင်ဒေသမှာရှိ နေတဲ့ ဘင်္ဂါလီတွေဟာ ဒေသတွင်းမှာရှိ တဲ့ တစ်မြို့နယ်ကနေတစ်မြို့နယ်ကိုသွားလာချင်တယ်ဆိုရင် သက်ဆိုင်ရာကို သတင်းပို့ပြီး အထောက်အထားစာရွက် စာတမ်းယူကာ သွားလာရပါတယ်။ ခွင့်ပြုချက်ပြည့်ရင် ပြန်ရောက်ကြောင်း သတင်းပို့ရပါတယ်။ တိုင်းကျော်၊ ပြည် နယ်ကျော်ဒေသတွေဆီ သွားချင်တယ် ဆိုရင်တော့ မြို့နယ်အဆင့်ခွင့်ပြုချက် လောက်နဲ့တင်မရတော့ဘဲ ရခိုင်ပြည် နယ်အဆင့် (လဝက) ရဲ့ ခွင့်ပြုချက်ရှိမှ သွားလာခွင့်ရှိပါတယ်။
ပြန်ထွက်ခွာရမယ်
ဆိုလိုချင်တာကတော့ ရခိုင်ဒေသမှာနေထိုင်တဲ့ ဘင်္ဂါလီတစ်ယောက်ဟာ ရန်ကုန်မြို့ကိုသွားပြီး ဆေးသွားကုသ ချင်တယ်။ တက္ကသိုလ်တက်ချင်တယ် စတဲ့အကြောင်းပြချက်တွေနဲ့ ခရီးသွား လာခွင့်လျှောက် လာရင် သက်ဆိုင်ရာက အဲဒီခရီးသွားမယ့် လူဟာသတ်မှတ်ရက် မတိုင်မီ ပြန်လာပါ့မယ်ဆိုတဲ့ အာမခံတဲ့ သူနှစ်ယောက်ရဲ့ ခံဝန်ကတိပြုလက်မှတ် တွေယူပြီးမှ ခရီးသွားလာခွင့်ပြုမိန့်လက်မှတ်ကို ထုတ်ပေးပါတယ်။ ဒီလိုထုတ်ပေးတယ်ဆိုရာမှာလည်း အလွန်ဆုံး ၄၅ရက် အထိသာ ထုတ်ပေးလေ့ရှိပါတယ်။ ခရီးသွားလာခွင့်လက်မှတ်ရသူဟာ သူ ရောက်ရှိရာမြို့နယ် (လဝက)နဲ့ ရပ်ကွက် အုပ်ချုပ်ရေးဆီအကြောင်း ကြားသတင်း ပို့ရမှာဖြစ်ပြီး သတ်မှတ်ရက်မှာ ပြန်လည်ထွက်ခွာရင်လည်း သတင်းပို့ရမှာ ဖြစ်ပါတယ်။
သက်တမ်းထပ်တိုးကြတယ်
ရခိုင်ဒေသကနေ ရန်ကုန်ကိုရောက်ချင်လွန်းလို့ ရောက်လာကြတဲ့ ဘင်္ဂါလီတွေဟာ သူတို့ရောက်ရှိရာမြို့နယ်ရဲ့ ရပ်ကျေးအုပ်ချုပ်သူတွေထံ သတင်းပို့တယ်ဆိုပေမဲ့ သတ်မှတ်ထားတဲ့ရက်က မလုံလောက်တာကြောင့် မြို့နယ် (လဝက)ရုံးဆီသွားပြီး သက်တမ်းတိုးရတာတွေရှိသလို ရပ်ကျေးရုံးရဲ့ထောက်ခံစာရအောင်လည်း လုပ်ကြရပါတယ်။ အဲဒီလိုသက်တမ်းတိုးခွင့်၊ ထောက်ခံခွင့်ရဖို့အတွက် ကျေနပ်အောင် လုပ်ပေးရတာတွေရှိပါတယ်။ လူမမာနဲ့မတူသူကို ရောဂါမသက်သာသေးလို့ ဆက်လက်နေခွင့်ပြုဖို့ ထောက်ခံရတာမျိုးပေါ့။
သက်တမ်းတိုးပြီးပျောက်
တကယ်ဆိုရင် ဘင်္ဂါလီတစ်ယောက် ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက်ထဲတရားဝင်ရောက်လာတယ်ဆိုတာက လိပ်စာအတိအကျနဲ့ တည်းခိုမယ့်အိမ်ကိုပါ ခရီးသွားလာခွင့်စာရွက်မှာ ဖော်ပြထားပါတယ်။ အချိန်တန်ရင်ပြန်ဖို့ အတွက် အိမ်ရှင်ကတာဝန်ယူရမှာဖြစ်သလို သက်ဆိုင်ရာ လဝကကလည်း ရုံးလုပ်ငန်းအတိုင်း အဆင့်ဆင့်သတင်းပို့ရတဲ့အပြင်ရပ်ကွက်အုပ်ချုပ်ရေးရုံးနဲ့ အဲဒီလူရှိသေးလား၊ ပြန်သွားပြီလား ဆိုတာလည်း အဆက်အသွယ်မပြတ်ဘဲ ရှိနေရပါတယ်။ မြို့နယ်လဝကရော၊ ရပ်ကျေးရုံးရော ဘာသိဘာသာမဆိုင်သလိုနေကြရင်တော့ အဲဒီဘင်္ဂါလီဟာ သက်တမ်းတိုးရင်းနဲ့ပဲ ပျောက်သွားတတ်ပါတယ်။ အဲဒီလိုပျောက်သွားတာကိုလည်း ဘာကြောင့်ပျောက်သွားတယ်ဆိုတာ အိမ်ရှင်ကသတင်းမပို့တဲ့အတွက် ပြန်သွားတယ်ထင်မှတ်ပြီး ဘာပြဿနာ မှမပေါ်တာဘဲဆိုကာ ဒီလိုပဲအေးအေးလူလူနေလိုက်ကြပါတယ်လို့ ပြောရမှာပါ။
ဗမာစကားသင်ကြတယ်
ဘင်္ဂါလီတွေဟာ ရခိုင်ဒေသမှာနေ တယ်ဆိုပေမယ့် ရခိုင်စကားကိုမပြောကြ တဲ့အတွက် ဗမာစကားပြောရာမှာ အနည်းငယ် အခက်အခဲရှိကြပါတယ်။ ဒီအခက်အခဲကိုဖြေရှင်းဖို့အတွက် ရခိုင် ဒေသကနေရန်ကုန်မြို့ကို တရားဝင် ရော၊ တရားမဝင်ရောရောက်လာတဲ့ ဘင်္ဂါလီတွေဟာ သူတို့တည်းခိုရာအိမ်မှာ လက်ပူတိုက်ပြီး ဗမာစကားကိုသင် ကြားတတ်ကြပါတယ်။ ရန်ကုန်မြို့မှာ ဘင်္ဂါလီတွေကို လက်ခံထားတဲ့အိမ်တွေဟာ စည်ပင်သာယာရဲ့ ဥပဒေကိုဖောက် ဖျက်ပြီးတော့ ခြံဝန်းကိုအမြင့်ကြီးကာ ရံထားကြပါတယ်။ အိမ်ထဲမှာ ဘယ်သူတွေနေတယ်၊ ဘာတွေလုပ်နေတယ်ဆို တာမသိရအောင် လုံခြုံစွာအမြင့်ကြီး ကာရံထားတဲ့အတွက် ပတ်ဝန်းကျင်ကလည်း တော်ရုံတန်ရုံ ဘယ်သူမှန်းခွဲခြား မသိကြပါဘူး။ ဒီလိုမသိတာဟာ ဘင်္ဂါလီတွေအတွက် အခွင့်ရေးကောင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာ အိမ်တွေနဲ့ရောနှောနေရတဲ့ ရပ်ကွက်တွေ၊ လမ်းတွေမှာဆိုရင်အိမ်ကို ခြံစည်း ရိုးအမြင့်ကြီးကာရံထားတာဟာ မသမာ မှုလုပ်ဖို့အတွက် အလုပ်ဖြစ်လို့ပါပဲ။ လူမျိုးတူ၊ ဘာသာတူတွေစုနေကြတဲ့ လမ်းတွေမှာဆိုရင်တော့ တိုက်ခန်းတွေ အိမ် တွေဟာ အဲဒီလိုလုပ်ဖို့မလိုအပ်လို့ ပွင့်လင်းမြင်သာစွာ နေထိုင်ကြတာ တွေ့ရပါတယ်။
သွားတတ်လာတတ်အောင်လွှတ်
အထက်မှာရေးခဲ့သလို ဘင်္ဂါလီ တစ်ယောက်ဟာ ရောက်လာလာချင်းမှာ ဗမာစကားကိုအဓိကထား သင်ကြားကြ ပါတယ်။ စကားအနည်းငယ်ပြောတတ် ပြီဆိုရင် ဟိုနားဒီနားလွှတ်ပြီး ဈေးဝယ်ခိုင်းတတ်ပါတယ်။ ဒီလိုထွက်တယ်ဆို တာကလည်း ဒီအတိုင်း လွှတ်လိုက်တာတော့မဟုတ်ပါဘူး။ ကလေးဖြစ်ဖြစ် အဖော်ထည့်ပေးလိုက်သလိုအမျိုးသမီး ဆိုရင်တစ်ကိုယ်လုံးမှာ မျက်လုံးပဲမြင်အောင်ဆင်ယင်ပြီး လွှတ်တတ်ပါတယ်။ တချို့ကျတော့ ခေါင်းမြီးခြုံပြီးလွှတ်တတ် ပါတယ်။ သွားတတ်လာတတ်အောင်ပါ။ မမြင်ဖူးလို့ စပ်စပ်းစုမေးလာသူရှိရင်တော့ သင်္ဃန်းကျွန်းက၊ သာကေတက၊ တာမွေက၊ တောင်ညွန့်ကစတဲ့ မြို့နယ် တစ်ခုခုကိုပြောပြီး ဆွေမျိုးဘယ်လို တော်စပ်တယ်ပြောကာလာလည်တာ လို့ အဖော်ကပြောတတ်ပါတယ်။ ဒါပေမဲ့ တော်တော်များများ ဗုဒ္ဓဘာသာဝင်တွေကတော့ ကိုယ်နဲ့မဆိုင်သလို နေတတ် ကြပါတယ်။ ဘင်္ဂါလီမှန်းသိလည်း အလုပ်ရှုပ်ခံကာ သတင်းမပို့ချင်ကြပါဘူး။ ကိုယ့်ထမင်းကိုယ်စားပြီး ရဲကခေါ် စစ်လိုက်၊ လဝကကခေါ်ပြီး စစ်ချက်ယူလိုက်၊ ကိုယ်တိုင်မှန်းသိအောင် လုပ်နေသူတွေကိုလည်း မယုံရဲတာလည်းပါတာပေါ့။
ဆွေမျိုးမှန်သမျှ ပြန်ခေါ်
အဲဒီလိုသွားတတ်လာတတ်စကားပြောတတ်ပြီဆိုရင် တရားဝင်လာသူကလည်း ပြန်ပြီဆိုပြီး သတင်းပို့ကာ ပြန် သွား၊ တရားမဝင်ရောက်လာသူကလည်း ဆက်နေရင်နေ၊ မနေရင်လည်း ပြန်သွားတတ်ပါတယ်။ ပြန်သွားတယ်ဆိုလို့ ရခိုင်ဒေသဆီပြန်တာတော့ မဟုတ်ပါဘူး။ အခြားရပ်ကွက်၊ ဒါမှမဟုတ် ရန်ကုန်မှာရှိတဲ့ မြို့နယ်တစ်ခုခုဆီ ပြောင်း သွားတာပါ။ သူတို့နဲ့ ဘာသာ၊ လူမျိုးတူရာတွေနေတဲ့ အိမ်ဆီကိုပေါ့။ အဲဒီဘင်္ဂါလီတွေကို အများဆုံးလက်ခံနေထိုင်စေတဲ့ အိမ်ကလည်း ဆွေမျိုးမကင်းတဲ့အိမ်တွေကပဲ လက်ခံကြတာများပါတယ်။ ဘာလို့လဲဆိုတော့ ရခိုင်ဒေသကနေ ရောက်လာတဲ့ ဘင်္ဂါလီအများစုဟာ ရောက်စမှာ ကြုံရာကျပန်းလုပ်ကိုင်ရင်း စီးပွားရေးအဆင်ပြေလာတာနဲ့ စုမိ ဆောင်းမိတာလေးတွေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်တယ်။ အိမ်ငှားတယ်။ ဟိုမှာ ကျန်နေတဲ့ မိသားစုကိုခေါ်တယ်။ အတူ စီးပွားရေးလုပ်ကြတယ်။ နောက်ဆုံးတော့ ဆွေမျိုးမှန်သမျှ ရန်ကုန်မရောက် ရောက်အောင် နည်းလမ်းမျိုးစုံသုံးခေါ်ပြီး အလုပ်ပေးနိုင်တဲ့အထိ အခြေအနေမျိုး ရောက်အောင်ဖန်တီးကြလို့ပါပဲ။ တချို့တွေကျတော့ အဖွဲ့အစည်းတွေထံကနေ ငွေကြေးအကူအညီရအောင် တောင်းကြတာတွေလည်း ရှိပါတယ်။
ရန်ကုန်ရောက်ရင် ဘဝငြိမ်းပြီ
ရန်ကုန်မှာအခြေကျတာနဲ့ ဟိုမှာ ကျန်ခဲ့တဲ့သူတွေကိုခေါ်တယ်ဆိုတော့ လွယ်လွန်းလှချည်လားလို့ မေးစရာဖြစ် လာပါတယ်။ လွယ်လွန်းလို့လည်း ရန်ကုန်မှာ ဘင်္ဂါလီတွေရှိနေတာ မဟုတ်လား။ လူကုန်ကူးသူပွဲစားတွေက အခြေ အနေမဟန်လို့ ပစ်ထားခဲ့မှ၊ စစ်ဆေးရေးအဖွဲ့တွေက တစ်ခါတစ်ရံ ရန်ကုန်အဝင်မှာစစ်ဆေးမှ မိကြတာများပါတယ်။ သတင်းရလို့ဝင်ရှာတာတော့ သိပ်မကြားရပါဘူး။ ဘင်္ဂါလီတွေကလည်း မိရင်ပြန်၊ မမိရင်စံကိုနှလုံးမူပြီး ဆွေမျိုးတွေရှိရာ လာကြတာပါပဲ။ ရန်ကုန်ရောက်ပြီဆိုတာနဲ့ သူတို့ဘဝငြိမ်းပြီလို့ ပြောရမှာပါ။
မှတ်ပုံတင်လုပ်ကြတယ်
ဒီတော့ အထောက်အထားမပြနိုင် သူတွေက ရန်ကုန်မှာ ဘယ်လုပ်ပြီးနေကြသလဲဆိုရင် ဒီလိုပဲနေကြတာပေါ့လို့ ပြောရမှာပါ။ မြန်မာပြည်မှာ လူတစ်ယောက်ကို မသင်္ကာလို့မှတ်ပုံတင်ပြပါလို့ စစ်ဆေးတာ နယ်စပ်ဂိတ်တွေကလွဲရင် မြို့ပေါ်တွေမှာ လုပ်ရိုးထုံးစံမရှိလို့ ဘင်္ဂါလီတွေဟာ အနှောင့်အယှက်မရှိနေရတာပါပဲ။ ဒီတော့ အထောက်မရှိဘဲနေကြ တာလားဆိုတော့ ဒီလိုလည်းမဟုတ်ပါဘူး။ အထောက်အထားဖြစ်တဲ့ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ မှတ်ပုံတင်တွေကို ဖန်တီးလုပ်ယူကြသူတွေလည်းရှိပါတယ်။ တချို့ဆိုရင်မှတ်ပုံတင်ရဖို့ ၂၅ သိန်းပေးပြီးလုပ်တာ အဖမ်းခံရမှ အတုမှန်းသိကြပါတယ်။ ဘင်္ဂါလီတွေဟာ ရန်ကုန်မှာရှိတဲ့အိမ်လိပ်စာနဲ့ လူဦးရေစာရင်းကိုငွေ ဘယ်လောက်ကုန်ကုန် အကုန်ခံလုပ်သလို မှတ်ပုံတင်ရဖို့ အတွက်လည်း ထိုနည်းလည်းကောင်း လုပ်ကြပါတယ်။ ဒါမှသာသူတို့တွေက နေမွေးဖွားတဲ့ နောင်လာနောက်သားတွေရဲ့ဘဝ စိတ်အေးရမှာပါ။ ရေရှည်ကိုမြော်တွေးတတ်တယ်လို့ ပြောရမှာပေါ့။ သူတို့တွေ အဲဒီလိုအထောက်အထားတွေရဖို့ ဘယ်လိုလုပ်ကြသလဲဆိုတာကိုတော့ နည်းလမ်းကစုံပြီး လက်ထောက်ချ သလိုဖြစ်မှာစိုးလို့ မရေးပြတော့ပါဘူး။
တဖြည်းဖြည်းများလာတယ်
ရန်ကုန်မြို့မှာ ဘင်္ဂါလီတွေပေါများနေတာဟာ တာဝန်ရှိသူတွေရဲ့တာဝန် ပျက်ကွက်မှုကြောင့်လို့ ပြောရမှာပါ။ တရားဝင်လာတဲ့ သူအမှန်တကယ်ပြန် သွားတာဟုတ်၊မဟုတ် စိစစ်တာမလုပ် ကြသလို အဲဒီလူ နေရပ်ပြန်ရောက် မရောက်လည်း မမေးကြလို့ဖြစ်မှာပါ။ စေလွှတ်လိုက်တဲ့ဒေသက လဝကက လည်း လိပ်စာပါနေရပ်ကို ရောက် မရောက်၊ ပြန်လည်ရောက်ရှိရင်လည်း ပြန် ရောက်ကြောင်းလဝကအချင်းချင်း သိပ် မဆက်သွယ်တော့ ဘင်္ဂါလီတွေဟာ အခြေနေပေးရင်ပေးသလို ဒုက္ခပြန်ခံရ မယ့်နေရပ်ဒေသဆီ မပြန်တော့ဘဲ သုခ ခံရမယ့်ရန်ကုန်မှာ အပြီးနေထိုင်မှုတွေ ရှိလာပါတယ်။ ဒါ့အပြင် ခိုးဝင်ပြီး ရောက် လာတဲ့ ဘင်္ဂါလီတွေကြောင့်လည်း တဖြည်းဖြည်း များပြားလာတာဖြစ်ပါ တယ်။
ရာထူးမတိုးလို့ မဖမ်းဘူး
ဒီလိုများပြားလာတဲ့ ဘင်္ဂါလီတွေကို သက်ဆိုင်ရာတာဝန်ရှိတဲ့ရဲတို့၊ လဝကတို့၊ ရပ်ကျေးအုပ်ချုပ်ရေးတို့က ဘာ ကြောင့် မှတ်ပုံတင်တောင်းမကြည့်ကြတာလဲ။ ရခိုင်ဒေသသင်္ကေတနဲ့ ထုတ် ပေးထားတဲ့ မှတ်ပုံတင်တွေဖြစ်တာနဲ့ ဘာကြောင့်မဖမ်းကြတာလဲလို့ မေး မယ်ဆိုရင်တော့ မေးစရာပါ။ ဘာ ကြောင့် မစစ်ဆေးတာ၊ မဖမ်းတာလဲဆို တော့ ဘင်္ဂါလီတွေကိုဖမ်းရင် ဝန်ထမ်း တွေအတွက် ရာထူးတိုးမှာ မဟုတ်သလို အကျိုးရှိဖို့ထက် အကျိုးယုတ်ဖို့ကကျိန်း သေနေလို့ ဒီအရှုပ်ထုပ်တွေကို မဖမ်းကြ တာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန် ကုန်မှာရောက်နေတဲ့ ဘင်္ဂါလီတွေဟာ အကြောက်အလန့်အစိုးရိမ်မရှိဘဲသွား လာနေကြသလို ရန်ကုန်ဒေသမှာထုတ် ပေးတဲ့ မှတ်ပုံတင်ရဖို့အတွက် အိမ် ထောင်စုလူဦးရေစာရင်းကို အသည်း အသန်လုပ်နေကြတာပဲဖြစ်ပါတယ်။ ဒါမှသာ သူတို့ရဲ့သားသမီးတွေ ရန်ကုန် ဒေသကထုတ်ပေးမယ့် မှတ်ပုံတင်ကိုင် နိုင်ကြဖို့ မျှော်ကိုးပြီး ဘယ်လောက်ကုန် ကုန် လုပ်နေကြတာပဲဖြစ်ပါတယ်။
လက်တွေ့မှာတော့ ခက်တယ်
ခုနက ရေးလိုက်တဲ့ဘင်္ဂါလီကို ဖမ်း ရင်အကျိုး ယုတ်ဖို့ပဲရှိတယ်ဆိုတာက ဒီလိုပါ။ တာဝန်သိတဲ့ ရပ်ကျေးအဖွဲ့က ဘင်္ဂါလီတစ်ယောက် ရပ်ကွက်ထဲရောက် နေလို့မသင်္ကာတာနဲ့ သွားရောက်စစ် ဆေးမယ်။ ခေါ်ယူစစ်ဆေးမယ် စတာ တွေကိုလုပ်ပိုင်ခွင့်ရှိသလို သက်ဆိုင်ရာ ရဲနဲ့ လဝကကိုအကြောင်းကြားပြီး သူ တို့တွေနဲ့အတူ စစ်ဆေးလို့လည်းရပါ တယ်။ ဒီလိုစစ်ဆေးတဲ့အခါမှာ လဝက က အခရာကျပါတယ်။ စစ်ဆေးခံရတဲ့ ဘင်္ဂါလီဟာ ရခိုင်ဒေသကလာသူဖြစ် တယ်ဆိုတာနဲ့ ဖမ်းဖို့လုပ်ရပါတော့တယ်။ ဖမ်းတယ်ဆိုတာ အပြောလွယ်ပေမယ့် လက်တွေ့မှာတော့ မလွယ်ပါဘူး။ ရပ် ကျေးအဖွဲ့ကလည်း အဲဒီဘင်္ဂါလီကို သူ့ ရုံးမှာခေါ်ထားလို့မရသလို၊ ရဲကလည်း ရဲစခန်းဆီမခေါ်သွားချင်ပါဘူး။ လဝက ကလည်း ထိုနည်းလည်းကောင်းပါပဲ။
နေရပ်ကိုပြန်ပို့ရတယ်
ဘာလို့လဲဆိုတော့ ဖမ်းပြီဆိုတာနဲ့ အိမ်ရှင်ကိုရော၊ ဘင်္ဂါလီကိုရော တရားစွဲ ရမှာဖြစ်လို့ပါပဲ။ ဒီဖြစ်စဉ်မှာ သက်သာ တာကတော့ ရပ်ကျေးမှူးနဲ့ ရဲတို့က တော့ သက်သာတယ်လို့ ပြောရမှာပါ။ သူတို့ထဲမှာ ရပ်ကျေးမှူးကဖမ်းထားတဲ့ ဘင်္ဂါလီကို ရဲစခန်းဆီရောက်အောင် တာဝန်ယူပို့ပေးရုံနဲ့ အချိန်တန်ရင်တရား ရုံးမှာ သက်သေထွက်ပေးရုံဆိုပေမယ့် သူလည်း ထွက်ဆိုချက်တွေပေးရ၊ အချိန်ကုန်ငွေကုန်ခံပြီး ရဲစခန်းနဲ့ လဝကရုံးဆီ သွားရလာရနဲ့အမှုမပြီး မချင်း စိတ်ကုန်စရာ အလုပ်ရှုပ်စရာတွေမို့ နောက်ဆိုရင် ဘင်္ဂါလီတွေ့တာတောင် တက်တက်ၾ<ြကၾ<ြကနဲ့ အရင်လိုဖမ်းဖို့ မလုပ်တော့ပါဘူး။ အလုပ်ကပဲသင်လိုက် တာလား၊ တစ်ခါသေဖူးလို့ ပျဉ်ဖိုးနား လည်သွားတာလားတော့ မသိပါဘူး။ ရဲကတော့ အမှုဖွင့်၊ အချုပ်ထဲထည့်၊ တရားရုံးပို့ပေးလုပ်ရုံပါပဲ။ ကံဆိုးသူက တော့ လဝကဝန်ထမ်းပါ။ ရပ်ကွက်ရုံးက ဘင်္ဂါလီ ဖမ်းမိလို့ဆိုပြီး ညရေးညတာ ဖုန်းဆက်ပြီးခေါ်ရင် အဲဒီ ညတာဝန်ကျတဲ့ ကံဆိုးသူမောင်ရှင် အမောင်လဝကက တော့ ဒုက္ခရောက်တော့တာပါပဲ။ ရပ် ကွက်ရုံးမှာပဲ ဘင်္ဂါလီကိုထားလိုက်ဆိုပြီး ပစ်ထားလို့မရသလို အထက်လူကြီးဆီ ဖုန်းဆက် အကြောင်းကြားရတော့တာ ပါပဲ။ နောက်တော့ တစ်ညလုံး စစ်ချက် ယူရတာကနေ ရဲစခန်းပို့ရတာ၊ အမှုဖွင့် ရတာ၊ တရားစွဲရတာတွေကို လုပ်ရတော့ တာပါပဲ။ ငွေကုန်ကြေးကျလည်း များပါ တယ်။ စာရွက်စာတမ်းတွေကို ကွန်ပျူ တာရိုက်ရ၊ ဓာတ်ပုံရိုက်ရ၊ မိတ္တူဆွဲရ၊ ဖုန်းဆက်ရနဲ့ အထက်ဌာနတွေဆီ အစီ ရင်ခံရတာကအစ အိတ်စိုက်ပြီး အလုပ် ရှုပ်ခံလုပ်ရပါတယ်။ နောက်ဆုံး တရား ရုံးက အမိန့်ချပြီးလို့ ထောင်ကပြစ်ဒဏ်စေ့ လွှတ်လိုက်ရင်တောင် အဲဒီဘင်္ဂါလီလာ ခဲ့တဲ့ မူလနေရပ်ဒေသဖြစ်တဲ့ ရခိုင်ဒေသ ဘက်ဆီ ပြန်ရောက်အောင် ထောင်က နေသွားပြန်ခေါ်ပြီး ပြန်ပို့ပေးရ တဲ့အလုပ် ထိလုပ်ရပါတယ်။ ထောင်ကလည်းပြစ် ဒဏ်စေ့ပြီဆိုကာ သွားချင်ရာသွားဆိုပြီး ဒီအတိုင်းလွှတ်မပေးပါဘူး။ လာခေါ်ခိုင်း ပါတယ်။ ကုန်ကျစရိတ်ခံစေချင် အခုလိုရေးလိုက်တာလွယ်ပေမယ့် လက်တွေ့မှာတော့ ဘင်္ဂါလီတစ်ယောက် ဖမ်းမိရင် ဂြိုဟ်ဆိုးဝင်သလိုဖြစ်လို့ တရားစွဲအဖွဲ့အစည်းတွေက လက် ရှောင်ချင်ကြပါတယ်။ နိုင်ငံတော်က ကုန်ကျစရိတ်ကို ရှောရှောရှူရှူ အပြည့် အဝစိုက်ထုတ်ပေးမယ်ဆိုရင်တော့ မျိုး ချစ်စိတ်ရှိတဲ့၊ တာဝန်ယူချင်စိတ်ရှိတဲ့ ဝန်ထမ်းကောင်းတွေရှိလာမှာပါ။ အိတ် စိုက်ပြီး ဖမ်းမိဘင်္ဂါလီတွေကို တရား စွဲရမယ်ဆိုရင်တော့ ဘင်္ဂါလီတွေက များ သထက်များလာလို့ ဝန်ထမ်းခမျာ ဖြူခါ ပြာခါဖြစ်လာမှာပါ။ အခုလည်း များနေပါ ပြီ။ များနေတဲ့ ဘင်္ဂါလီတွေကိုလည်း စိစစ်ရှာဖွေဖော်ထုတ်ပြီး နေရပ်ပြန်ပို့ သင့်နေပါပြီ။ မလေးမှာလည်း ဖမ်းတာပဲ ဒီလိုစိစစ်ရှာဖွေဖော်ထုတ်ဖို့ အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွေနဲ့ပေါင်းပြီး ကူညီဖို့လူငယ် လူရွယ် တွေကို အမြို့မြို့အနယ်နယ်မှာ အဖွဲ့ဖွဲ့ ပေးရပါမယ်။ အဲဒီလိုပူးပေါင်းအဖွဲ့မျိုးကို မလေးရှားနိုင်ငံမှာလည်း ဖွဲ့စည်းပေး ထားပါတယ်။ မလေးရှားနိုင်ငံမှာ အကြောင်းကိစ္စရှိလို့ လူငယ်တွေရဲ့ အကူအညီကို လိုအပ်ရင် သက်ဆိုင်ရာ ကဆင့်ခေါ်လိုက်တာနဲ့ အဲဒီလူငယ်တွေ ဟာ ယူနီဖောင်တွေဝတ်ဆင်ပြီး ရောက် လာကြပါတယ်။ တရားမဝင်နိုင်ငံခြား သားတွေကို ဖမ်းမယ့်စီမံချက်မျိုးဆိုရင် အဲဒီလူငယ်တွေဟာ သက်ဆိုင်ရာအာ ဏာပိုင်ဖြစ်တဲ့ ရဲတပ်ဖွဲ့တို့၊ လဝကတို့နဲ့ ပူးပေါင်းပြီး နေအိမ်၊ စက်ရုံ၊ ဈေးဆိုင် စတဲ့နေရာမှန်သမျှနဲ့ ချောင်ကြိုချောင် ကြားမကျန် ဝင်ရောက်စစ် ဆေးကြသလို မှတ်ပုံတင်မပြနိုင်တဲ့ နိုင်ငံသားနဲ့ အထောက်အထားခိုင်လုံစွာမပြနိုင်တဲ့ နိုင်ငံ ခြားတွေ ကိုဖမ်းဆီးတာပါပဲ။ အော်ပရာစီတယ် အထောက်အထားမပြနိုင်လို့ ဖမ်း လာသူတွေကို စိစစ်ပြီးမှသာ ပြန်လွှတ် ပေးရမယ့်သူကို ပြန်လွှတ်ပေးတာပါ။ နိုင်ငံခြားသားတွေကို ဖမ်းဆီးပြီးတာနဲ့ ထိန်းသိမ်းရေစခန်းတွေဆီပို့ပြီး အဲဒီ ထိန်းသိမ်းရေးစခန်း တွေကတစ်ဆင့် ထိုင်းနိုင်ငံ နယ်စပ်ဆီသွားရောက်စွန့် ပစ်ပါတယ်။ အဲဒီလိုလူငယ်တွေရဲ့ အင် အားကိုယူပြီး စစ်ဆင်ရေးတစ်ရပ်လို ဆင်နွှဲဖမ်းဆီးတာကို မလေးရှားဘာသာ စကားနဲ့ 'အော်ပရာစီ'တယ်။ စွန့်ပစ်တာ ကို'ဗွမ်း'တယ်လို့ ပြောပါတယ်။ မြန်မာ ပြည်မှာလည်း ရန်ကုန်မြို့မှာရောက်နေ ပြီး တရားမဝင်နေထိုင်ကြတဲ့ ဘင်္ဂါလီ တွေကို လူငယ်တွေရဲ့အင်အားကိုယူပြီး 'ဘင်္ဂါလီကို အော်ပရာစီမယ့်' အစီအစဉ် ကို အမြန်လုပ်သင့်ပါပြီ။ ဒီလိုလုပ်မှသာ အတွင်းထိလှိုက်စားလာတဲ့ ဘင်္ဂါလီတွေ ရဲ့ရန်က စိတ်ချရမှာဖြစ်ပြီး ဖမ်းမိတဲ့ ဘင်္ဂါလီတွေကိုလည်း ဘင်္ဂလားဒေ့ရှ်နယ် စပ်ထိခေါ်ဆောင်ပြီး သွားရောက်စွန့်ပစ် 'ဗွမ်း'ရမှာ ဖြစ်ပါတယ်။ ဂရုစိုက်စရာ မလိုပါ ဒီလိုစွန့်ပစ်တာဟာလူသားချင်းမ စာနာလို့မဟုတ် ဘဲ ခိုးဝင်လာသူတွေကို မလေးရှားအစိုးရကထိုင်းနယ်စပ်မှာဗွမ်း သလို မြန်မာအစိုးရကလည်း ခိုးဝင်လာ တဲ့ ဘင်္ဂါလီတွေကို ဘင်္ဂလားနယ်စပ်မှာ သွား 'ဗွမ်း'တာဖြစ်လို့ နိုင်ငံတကာက အော်ရင်လည်း လက်ညှိုးထိုးပြစရာ မလေးရှားနိုင်ငံရှိနေလို့ ဂရုစိုက်စရာ မလိုအပ်ပါကြောင်းနဲ့ဘင်္ဂါလီကို အော် ပရာစီမယ့်အလုပ်ဟာ လဝကဝန်ကြီး ဌာနအနေနဲ့ လုပ်သင့်တဲ့အလုပ်ဖြစ်လို့ လဝကတွေရယ် ဘင်္ဂါလီကို အော်ပရာစီ ပါလို့တောင်းဆိုလိုက်ရပါတယ်။ နောင်တင်စိုး

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်