လေပြင်းတိုက်ခတ်မှုဒဏ်ခံ ကြာကန်ကျေးရွာအုပ်စုအား လူကယ်ပြန်မှ ထောက်ပံ့

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စုရှိ ကျေးရွာ ခြောက်ရွာမှ ဒေသခံများ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန က လေပြင်းဘေး ထောက်ပံ့ကြေးငွေကျပ်သိန်းကိုးဆယ်ကျော်နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ဧပြီ ၂ ရက်က ထောက်ပံ့ပေးခဲ့သည်။

ဓာတ်ပုံ – ဇော်မိုးထွန်း (မကွေး)

ဧပြီလ ၁ရက်နေ့ ည ၉ နာရီခွဲအချိန်က လေပြင်းတိုက်ခတ်ခံခဲ့ရသည့် ယင်းဒေသရှိ ကြာကန်ကျေးရွာ၌ အိမ် ၁၈ လုံး ပြိုကျခဲ့ပြီး နေအိမ် အလုံး ၅၀ တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သည်။ ကြူချောင်းကျေးရွာ၌ နေအိမ် ငါးလုံးပြိုကျကာ ၁၁ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်။ ကြို့ပင်အင်းကျေးရွာတွင် နေအိမ် လေးလုံး ပြိုကျခဲ့ကာ အိမ်တစ်လုံး အချို့အစိတ်အပိုင်းများ ပျက်စီးခဲ့သည်။ လေးအိမ်ကျေးရွာတွင် သုံးလုံး ပြိုကျပြီး ၈ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည်။ အလားတူ ပုဂံမျှော်ကျေးရွာတွင် နေအိမ် ၂ လုံး ပြိုကျခဲ့ပြီး ၁၆ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်။ ညောင်ပင်သာကျေးရွာ တွင် ပြိုကျသည့်အိမ်မရှိသော်လည်း အိမ် ၂၆ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ စုစုပေါင်း နေအိမ် ၁၄၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဇော်မိုးထွန်း (မကွေး)

အဆိုပါ ကျေးရွာများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လုံးဝပျက်စီး လူနေအိမ် ၃၂ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၂ သိန်း၊ အမိုးလန်လူနေအိမ် ၄၂ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်လျှင် ၆၀၀၀၀ နှုန်းဖြင့် ၂,၅၂၀,၀၀၀၊ တစိတ်တပိုင်း ပျက်စီးလူနေအိမ် အလုံး ၇၀ အတွက် ၁ အိမ်လျှင် ၃၀၀၀၀ နှုန်းဖြင့် ၂,၁၀၀,၀၀၀၊ စုစုပေါင်း ၇,၈၂၀,၀၀၀ ကျပ်နှင့် လူဦးရေ ၆၃၅ ဦးအတွက် ဆန် ခုနစ်ရက်စာ ကုန်ကျစရိတ် ၁,၃၃၃,၅၀၀ ၊ ထောက်ပံ့ငွေ စုစုပေါင်း ၉,၁၅၃,၅၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကို အိမ်ထောင်စုပေါင်း ၃၂ ခုနှင့် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုးကို အိမ်ထောင်စု ၁၁၄ ခုတို့အတွက် ကျေးရွာများသို့သွားရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်မိုးထွန်း (မကွေး)

29Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်