ရေချိုဖြုန်းတဲ့ လတန်ခူး

ကံ၊ စိတ်၊ ဥတု၊ အာဟာရနဲ့ဓာတ်ကြီး လေးပါးမျှတရင် ကျန်းမာတယ်လို့ လက် ခံထားကြတဲ့ မြန်မာတွေဟာ တန်ခူးရေ ကုန်၊ ကဆုန်ရေခန်းဆိုတဲ့ အချိန်ကျမှ အတာသင်္ကြန်ပွဲတော်ကို ကျင်းပကြ တယ်ဗျ။ တပေါင်းနွေကချောင်းရေကို သောက်ကတည်းက ရေကခန်းချင်နေ ချိန်မှာ ဘာသာရေးပွဲလည်းမဟုတ်၊ ဘယ်ဘုရားကမှလည်း ဟောခဲ့တာ မဟုတ်ဘဲ နှစ်ဟောင်းကအညစ်အကြေး တွေ နှစ်သစ်မှာ မပါသွားရအောင်အတာ ရေနဲ့လောင်းပြီး ဆေးကြောတဲ့ရိုးရာပွဲကို လုပ်ကြတယ်ဆိုပဲ။ ထားပါတော့လေ။ နှစ်ပေါင်းရာချီပြီး လုပ်လာခဲ့တဲ့ပွဲပဲ။ ကိုယ်ကကော ဘာများတတ်နိုင်မှာမို့လို့ လဲ။ ဒါပေမဲ့ အခု လိုသိပ္ပံခေတ်ကြီးထဲ မှာနှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကိုမပါဖို့ ရေနဲ့လောင်းတယ်ဆို တာကိုတော့ အဓိပ္ပာယ်ရှိ မရှိစဉ်းစားရမှာ ပေါ့ဗျာ။

ဓာတ်ပုံ – အမ်ဂျေ

ရေချိုဖြုန်းကောင်းဆဲ

တကယ်တော့ သင်္ကြန်ဆိုတာဟာ တန်ဖိုးရှိတဲ့ ရေချိုတွေကို ဖြုန်းတီးပစ်တဲ့ ရိုးရာပွဲတော်လို့ပြောရင်လည်း မမှားဘူး ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ရေချိုရှားပါးမှုနဲ့ ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံမှာတော့ ရေချိုတွေကိုဖြုန်းတီးနေလို့ပဲဖြစ်ပါတယ်။ ဒီတော့ မြန်မာ နိုင်ငံမှာ ရေချိုတွေပေါများနေလို့ ဒီလို ဖြုန်းတီးနေကြတာလားဆိုတော့ မပေါ များပါဘူး။ တစ်လီတာဆံ့ရေသန့်တစ် ဘူးတောင် ၃၀၀ ကျပ်ပေးပြီး ဝယ် သောက်နေရတယ်မဟုတ်လား။ အထက် အညာ ဒေသရေရှားတဲ့ တောရွာတွေမှာ ဆိုရင် ရေတစ်အိုးရဖို့တော်တော်ဝေး တဲ့နေရာကိုသွားပြီး ခပ်ရတာတွေရှိပါ တယ်။ ရေရှားပါးမှုနဲ့ကြုံရသူတွေသာ ရေရဲ့တန်ဖိုးကိုသိကြတာပေါ့။ ဒါ့ ကြောင့်လည်း မြန်မာနိုင်ငံမှာရှိတဲ့ ကျေး ရွာ ခြောက်သောင်းကျော်မှာ သုံးသောင်း ကျောဟာ ရေရှားပါးမှုရင်ဆိုင်နေရတာ ပါ။ ကမ္ဘာ့ရေအရင်းအမြစ်ပညာရှင်တွေ ကတော့ ကမ္ဘာကြီးဟာ ရေချိုရှားပါးမှုနဲ့ ကြုံတွေ့နေရပြီလို့ ပြောနေကြသလို လာ မယ့် ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံဟာ ရေရှားပါးမှုနဲ့ကြုံတွေ့ရလိမ့်မယ်လို့လည်း ပြောကြပါတယ်။ မြန်မာနိုင်ငံကတော့ အဲဒီအထဲမပါသလို ပုံစံမျိုးနဲ့ ရေချိုဖြုန်းကောင်းနေဆဲပါပဲ။

သဘာဝသယံဇာတရေချို

ရေချိုဂါလန်သန်းပေါင်းများစွာကို လေး၊ ငါးရက်အတွင်း သုံးဖြုန်းပြတဲ့ နိုင်ငံကိုပြပါဆိုရင် ကမ္ဘာမှာ မြန်မာတစ် နိုင်ငံတည်းပဲရှိပါတယ်။ ရေကစားမဏ္ဍပ် ပိုများရင်တော့ ရေပိုသုံးကြတော့မှာပေါ့။ ရေကစားမဏ္ဍပ်ကြီးတွေကလည်း ရေ စုပ်စက်ကြီးတွေနဲ့ ရေပိုက်တွေသုံးပြီး တစ်နေ့ပြီးတစ်နေ့ ရေချိုဂါလန်သိန်းနဲ့ ချီပြီး ချောင်းရေစီးသလို သုံးကြတာဗျ။ ဒီလို သုံးဖြုန်းပစ်လိုက်တဲ့ရေတွေဟာ လူသားတွေ အသက်ရှင်သန်ရပ်တည် ရေးအတွက် အရေးပါတဲ့ သဘာဝသယံ ဇာတရေချို ရေသန့်တွေဖြစ်တယ်ဆိုတာ ထည့်မစဉ်းစားကြဘူးနဲ့တူပါတယ်ဗျာ။

ရေချိုက ၂ ဒသမ ၈ ရာခိုင်နှုန်းပဲရှိ

လူသားတွေနေထိုင်ရာ ကမ္ဘာကြီးရဲ့ ၇၁ ရာခိုင်နှုန်းကို ရေထုက ဖုံးလွှမ်းထား တယ်တဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ ရေအားလုံး ရဲ့ ၉၇ ဒသမ ၂ ရာခိုင်နှုန်းဟာ သောက် သုံးလို့မရတဲ့ ရေငန်တွေဖြစ်ပြီး ရေချိုက ၂ ဒသမ ၈ ရာခိုင်နှုန်းပဲရှိတယ်လို့ဆို တယ်ဗျ။ ရေချိုဆိုတာကလည်း ရေခိုး ရေငွေ့၊ မြစ်၊ ချောင်း၊ ကန်၊ ရေခဲတောင်၊ ရေခဲမြစ်နဲ့ မြေအောက်ရေတွေအဖြစ်နဲ့ တည်ရှိနေတာပါ။ ရေချိုအဖြစ်ချက်ချင်း သုံးစွဲလို့ရတဲ့ ရေပမာဏက ရေအားလုံး ရဲ့ သုည ဒသမ သုံးနှစ်ရာခိုင်နှုန်းလောက် ပဲရှိတယ်လို့သိရတယ်ဗျ။ လူသားတွေရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၇၀ ရာခိုင်နှုန်း ပါဝင်တာကြောင့် လူတစ်ယောက်ဟာ အစာမစားဘဲ ရက်ပေါင်း ၂၀ လောက် နေနိုင်ပေမယ့် ရေမသောက်ဘဲ သုံးရက် လောက်နေရင် သေဆုံးနိုင်တယ်လို့ သိ ရတော့ ရေဟာအသက်တမျှ အရေးကြီး တာပေါ့ဗျာ။

မြစ်ရေတွေညစ်ညမ်း

အခုဆိုရင် ကမ္ဘာပေါ်မှာ လူဦးရေ က တစ်နေ့ထက်တစ်နေ့ တိုးတိုးလာနေ ပါပြီ။ ဒီလိုတိုးလာတဲ့အတွက်ကြောင့် ရေသုံးစွဲမှုကလည်း များများလာနေပါ တယ်။ လူဦးရေသာများလာပေမယ့် ရေ ချိုတွေကတော့ တိုးမလာပါဘူး။ ဒီတော့ လူတစ်ဦးချင်းရဲ့ ရေသုံးစွဲရမှုဟာ လျော့ လာဖို့ပဲရှိပါတော့တယ်။ ဒီနေ့ လူသား တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက် အခဲကတော့ နှစ်စဉ်နှစ်တိုင်း အပူချိန်တိုး တိုးလာခြင်းနဲ့ ရာသီဥတုဖောက်ပြန်လာခြင်းတို့ပဲဖြစ်ပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ လူသားတွေပါ ပဲ။ စက်မှုလုပ်ငန်း တိုးတက်လာတဲ့ အတွက်ကြောင့် အပူ ချိန်နဲ့ဓာတ်ငွေ့တွေ လေထုအတွင်း များပြားလာပါတယ်။ အဲဒီအပူချိန်နဲ့ ဓာတ်ငွေ့တွေကို စုပ်ယူ ပေးမယ့် သစ်တောတွေကလည်း လူ သားတွေကြောင့် ပြုန်းတီးလာပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို ပျက် စီးစေမယ့် ဓာတ်သတ္ထုတူးဖော်ခြင်း၊ ကျောက်တူးဖော်ခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ မီးရှို့ ခြင်းတွေကြောင့် လည်း ရာသီဥတုတွေပြောင်းလဲ လာပါ တယ်။ အခုဆိုရင် အင်းလေးကန်ဟာ ရေဝင်ရောက်မှု လျော့နည်းလာပြီး ခမ်းစ ပြုလာသလို၊ တွင်းတောင်ဟာလည်း စိမ်းပြာရေညှိထွက်ရှိမှု လျော့နည်းလာ တာကိုတွေ့ရပါတယ်။ မြစ်ကူးတံတား တွေတည်ဆောက်မှုကြောင့် မြစ်ကြမ်း ပြင်မြင့်တက်လာသလို သောင်ထွန်းတာ တွေ၊ မြစ်ကြောင်းပြောင်းတာတွေ ရှိလာ ပါတယ်။ စက်မှုလုပ်ငန်းတွေက စွန့်ပစ် ရေတွေကို မြစ်ထဲပစ်ချမှုကြောင့် မြစ်ရေ တွေညစ်ညမ်းမှုရှိလာတော့ ရေကောင်း ရေသန့်သုံးစွဲရဖို့ဟာ မလွယ်တော့ဘူး ပေါ့ဗျာ။

မြေအောက်ရေခန်းခြောက်

အညာဒေသတွေမှာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရ သလို မြို့ကြီးတွေမှာလည်း ရေပေါများပေမယ့် မဆင်မခြင် သုံးစွဲမှု တွေက ရှိနေပါသေးတယ်။ ရန်ကုန်မြို့မှာ ဆိုရင် စည်ပင်ကတစ်နေ့ကို ရေဂါလန် သန်း ၂၀၀ လောက် ပေးဝေနေပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ၄၀ ရာခိုင် နှုန်းလောက် လေလွင့်ဆုံးရှုံးမှုကရှိနေ တယ်လို့ သိရပါတယ်။ စည်ပင်ရေပိုက် တွေကနေ တရားမဝင် ရေခိုးသွယ်ထား တာတွေလည်း အများကြီးပါပဲ။ လမ်း ဘေးဈေးဆိုင်ကအစ စည်ပင်ရေကို တရားမဝင်ရယူထားတာကိုလည်း တွေ့ ရပါတယ်။ လွယ်လွယ်ရတော့ တန်ဖိုး မထားဘဲ သုံးနေကြတာပေါ့။ အခုဆိုရင် ကန်ထရိုက်တိုက်တွေ ဆောက်ခွင့်ပြု ထားတာတွေရော၊ မပြုတာတွေရောမှာ အဝီစိတွင်းတွေ တူးလာတာကို တွေ့နေ ရပါတယ်။ ပေ ၂၀ တစ်တွင်းနှုန်းနဲ့ တူး နေတာဆိုတော့ စဉ်းစားသာကြည့်ပေါ့ ဗျာ။ ကြာလာရင် မြေအောက်ရေခန်း ခြောက်မှုရှိလာပြီး မြေကျွံတာတွေရှိလာ တော့မှာပါ။ ဒါ့အပြင် ရှိပြီးသား ရေကန် တွေတောင် ပျောက်သွားတာ၊ ပျက်စီး လာတာတွေ ရှိလာပါတယ်။ ဒီတော့ စည်ပင်အနေနဲ့ တရားမဝင် ရေဆက် သွယ်ထားသူတွေကို ခွင့်ပြုထားတဲ့ ဝန် ထမ်းတွေအပေါ် အရေးယူသင့်ပြီပေါ့ဗျာ။

ရေကိုရေလိုသုံး

စင်ကာပူတို့၊ မလေးရှားတို့မှာ ရေ ဆိုး၊ ရေညစ်ကို ပြန်သန့်စင်ပြီး သောက် သုံးနေရချိန်မှာ မြန်မာနိုင်ငံမှာတော့ ရေ ချိုရေသန့်မသောက်ရတဲ့ ကျေးလက်ဒေ သတွေ အများကြီးရှိနေပါသေးတယ်။ ပခုက္ကူဒေသဘက်မှာဆိုရင် မသန့်ရှင်း တဲ့လက်ယက်တွင်း ရေသောက်မိလို့ သေဆုံးရတာတွေ ဖြစ်ခဲ့ရပါတယ်။တချို့ ဒေသတွေမှာဆိုရင် ရေရှားပါးလွန်းလို့ အဝတ်ကိုရေဆွတ်ပြီး ရေပတ်တိုက်ရင်း နေရတာတွေ၊ ရေချိုးရရင်တောင် သစ် သား ဇလားထဲဝင်ချိုး။ ချိုးပြီးသားရေကို အိမ်မှာမွေးတဲ့နွားကို တိုက်ရတာတွေ ရှိပါတယ်။ ဒီလို ရေအခက်ခဲရှိနေ ချိန်မှာ မြို့ပေါ်တွေမှာတော့ မသန့်ရှင်းတဲ့ ရေကြောင့် သေဆုံးရသူဟာ စစ်ပွဲကြောင့် သေဆုံးရသူထက် များတယ်ဆိုတာမသိ ကျတော့ ရေကိုသုံးနေကြတုန်းပါပဲ။ ဒီ တော့ ရေရှားပါတဲ့ဒေသတွေမှာ ရေ တွင်း၊ ရေကန် တွေ တူးဖော်ပေးသင့်ပြီ ပေါ့ဗျာ။

သီတအာပေါဓာတ်

မကြာခင်မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲ ကျင်းပတော့မှာပါ။ အဲဒီပွဲတော်မှာ မီး သတ်ပိုက်တွေအသုံးပြုပြီး ရေကစားမှာ ဖြစ်တာကြောင့် နား၊ မျက်စိထိခိုက်မှု တွေလည်း ရှိလာတော့မှာပါ။ စည်းကမ်း ချက်တွေ ဘယ်လောက်ထုတ်ထုတ်လိုက် နာမှုလည်းမရှိကြပါဘူး။ ရေပက်ချိန် သတ်မှတ်ပေးထားပေမဲ့ ပက်ချင်တိုင်း ပက်နေကြတာပါပဲ။ အခုလို ပူပြင်းတဲ့ နေမင်းကြောင့် ဥဏှတေဇောဓာတ် လောင်ကျွမ်းနေချိန်မှာ အေးမြတဲ့ သီတ အာပေါဓာတ်ရဲ့ ဖျန်းပက်မှုကိုခံလိုက်ရ ရင် ဇီဝိန်ပါချုပ်သွားနိုင်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ နာမ်လိမ္မာ မှ ရုပ်သက်သာမှာ ဖြစ်တာကြောင့် အသိ၊ သတိနဲ့ ဆင်ခြင်မှဖြစ်မှာပေါ့ဗျာ။

ဥပဒေတစ်ရပ်တော့ ရေးဆွဲဖို့လိုပြီ

အခုဆိုရင် မြန်မာနိုင်ငံဟာ မုတ် သုန်ကာလ ဝင်ရောက်မှုနောက်ကျသလို ထွက်တာလည်း စောလာပါတယ်။ ရာသီဥတုပြောင်းလဲလာတာနဲ့အတူ မိုးရွာ တာလည်း မညီမျှတော့ပါဘူး။ နွေရာသီ မှာဆို ရင်လည်းအယ်လ်နီညိုကြောင့် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုက လည်း လွန်ကဲအဆင့်ကိုရောက်နေပါပြီ။ ပညာရှင်တွေကလည်း နေပူထဲသွားရင် ဘယ်လိုဝတ်စားဆင်ယင်ပြီးသွား လာရ မယ်ဆိုပြီး အကြံပြုထားကြပါတယ်။ အခုလို အန္တရာယ်ရှိတဲ့ကာလမှာ တန်ဖိုး ရှိတဲ့လူတွေရဲ့ အသက်ကိုတန်ဖိုးရှိတဲ့ ရေချိုတွေနဲ့ပက်ဖျန်းပြီး တန်ဖိုးမဲ့ ပျော် ပျော်ပါးပါးအသေခံကြမလား။ ဥပုသ် စောင့်တည်ပြီး ကုသိုလ်ကောင်းမှုလုပ် ကြမလားဆိုတာတော့ စဉ်းစားကြရ တော့မှာဖြစ်ပါတယ်။ တာဝန်ရှိသူတွေက လည်း နောင်တစ်ချိန်မှာ နှောင်းလူတွေရဲ့ အပြစ် ပြောတာမခံရအောင် ရေချိုတွေ မဖြုန်းတီးဖို့အတွက် ဥပဒေတစ်ရပ်တော့ ရေးဆွဲဖို့လိုပြီဆိုတာ စဉ်းစားသင့်ပါပြီ။ သင်္ကြန်ကာလမှာ မီးသတ်ပိုက်ကြီးတွေ သုံးပြီး ရေမကစားဖို့ဆိုတဲ့ အချက်တွေ ပါတဲ့ ဥပဒေ မျိုးပေါ့။ ဒီလိုဥပဒေမျိုးရှိမှ သာ မြန်မာနိုင်ငံအနေနဲ့ ရေချိုရှားပါးမှုကို အသင့်အတင့်ထိန်းသိမ်းနိုင်မှာဖြစ်ပြီး ရေချိုဖြုန်းတဲ့ လတန်ခူးမဖြစ်ရအောင် ထိန်းသိမ်းဖို့ လိုအပ်ပြီဖြစ်ကြောင်း ရေး သားလိုက်ရပါတယ်။

နောင်တင်စိုး

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်