သမ္မတသစ်လက်ထက် စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေး

မတ်လလယ်က သမ္မတဦးထင်ကျော် နုတ်ထွက်သွားပြီး သမ္မတသစ်အတွက် ဒုတိယသမ္မတသုံးဦး ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးဝင်းမြင့်တို့ ပြည်ထောင်စုလွှတ်တော်အတွင်း သမ္မတရွေးကောက်ပွဲခံယူတယ်။ ဦးဝင်းမြင့်မဲအသာရရှိပြီး သမ္မတသစ်ဖြစ်လာတယ်။ မြန်မာပြည်သူတွေကရော ကမ္ဘာကပါစစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးနဲ့ပတ်သက်ပြီး စောင့်ကြည့်နေကြပါတယ်။
” အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဟာ ပြေလည်ဖို့လိုတယ်။ စစ်ဘက်ဆက်ဆံရေးမှာ အာဏာရှင်နဲ့တပ်မတော်ခွဲ ခြားမြင်ဖို့လိုပြီး တပ်မတော်ကိုအာဏာ ရှင်လို့ မြင်နေသမျှ စစ်ဘက်အရပ်ဆက် ဆံရေး ရှေ့ဆက်သွားနိုင်မှာမဟုတ် ကြောင်း” ဒီဗီဘီဒီဘိတ်မှာ ဒုတိယဗိုလ် ချုပ်ကြီး(ငြိမ်း) ဦးမြင့်စိုးကပြောခဲ့တယ်။ ပအိုဝ့်အဖွဲ့မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက တော့ အာဏာချိန်ခွင်လျှာထိန်းညှိတဲ့ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးလို့ ဆိုတယ်။
ဦးသန်းစိုးနိုင်က မြန်မာနိုင်ငံအနေ နဲ့ နိုင်ငံရေးမှာ တပ်မတော်ပါဝင်တဲ့အပိုင်းက ဟိုးလွတ်လပ်ရေးကြိုးပမ်းမှု ကာလမှသည် ယနေ့ထိတိုင်ဖြစ်တယ်။ စစ်အာဏာရှင်အောက်မှာ ကာလကြာ ကြာနေခဲ့ရလို့ ရေရှည်မှာစစ်အစိုးရက တိုင်းပြည်ကောင်းစားရေးထက် ယင်းတို့ ကောင်းစားရေးသာ ဖော်ဆောင်နေခဲ့ တာကြောင့် စစ်အာဏာရှင်ကို လူတွေ ရွံမုန်းခဲ့တယ်။ တပ်မတော်က အာဏာ ရှင်ရဲ့အစိတ်အပိုင်းမဟုတ်ဘဲ ပြည်သူ လူထုရဲ့အစိတ်အပိုင်းဖြစ်အောင် ဘယ် လိုလုပ်ကြမလဲဆိုတာ စဉ်းစားရမယ့် ကိစ္စလို့မြင်ပါတယ်လို့ဆိုတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေအရ ဒုတိယ သမ္မတသုံးဦးရွေးချယ်ရာမှာ လွှတ်တော် ကိုယ်စားလှယ်များ ဆန္ဒပြုတဲ့ဒုတိယ သမ္မတနှစ်ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြု တစ်ဦး၊ ပေါင်းသုံးဦးရွေးခဲ့ပါတယ်။ အဲဒီ ဒုတိယသမ္မတသုံးဦးထဲက မဲအများဆုံး ရသူက သမ္မတ၊ ဒုတိယမဲအများဆုံးရ သူက ဒုတိယသမ္မတ(၁)၊ တတိယမဲအများဆုံးရသူက ဒုတိယသမ္မတ(၂)အသီးသီးခန့်အပ်ခြင်းဖြစ်တယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့် အပ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးသုံးဦးကို အစိုးရအဖွဲ့ထဲ ပါဝင်စေတယ်။ ဆိုရရင် အရပ်သားသမ္မတအစိုးရအဖွဲ့နဲ့ ကာ ကွယ်ရေးဦးစီးချုပ်ကိုယ်စားပြု ဒုတိယ သမ္မတတစ်ဦး၊ ဝန်ကြီးဌာနသုံးခုတို့အကြား ပွတ်တိုက်မှု၊ လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်းရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ်များနဲ့ ရွေးကောက်ခံပြည် သူ့လွှတ်တာ်ကိုယ်စားလှယ်တို့ကြား ပွတ်တိုက်မှုတွေ ရှိခဲ့ကြပါတယ်။ ယခု သမ္မတသစ်လက်ထက် ပွတ်တိုက်မှုတွေ လျော့ပါးစေမှာလား။
နီပေါနိုင်ငံမှာ မော်ဝါဒီကွန်မြူနစ် သူပုန်တွေ ဆယ်စုနှစ်နဲ့ချီပြီး တိုက်ပွဲဝင် ခဲ့တယ်။ ယနေ့နီပေါမှာ ငြိမ်းချမ်းရေးရ ယူတော့ သူပုန်တစ်ဦးကိုအမေရိကန်ဒေါ် လာတစ်သိန်းပေးပြီး လုပ်ကိုင်စား သောက်စေတယ်။ တပ်ထဲဝင်လိုသူတွေ နယ်ခြားစောင့်တပ်အနေနဲ့ ဖွဲ့စည်းခွင့်ရ တယ်။ ဒေသဖွံ့ဖြိုးရေးတွေမှာ ကူညီ ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံမှာအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးပြီး လက်နက်ကိုင် တွေ၊ NCA စာချုပ်လက်မှတ်မထိုးသေး ဘဲ တိုက်ပွဲဖြစ်စဉ်တွေ ယနေ့ထိရှိနေတယ်။ ဘယ်သူတွေက ဘယ်ဒေသကို အုပ်ချုပ်ဆိုပြီး သတ်မှတ်မထားတဲ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ဖွဲ့စည်းစေခဲ့ပြီး တိုင်းပြည်ကာကွယ်ရေးအတွက် တစ် ဖက်ကဆောင်ရွက်စေတယ်။ ဖာပွန် ဘက်မှာ ကားလမ်းဖောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အပစ်ရပ် NCA ဆိုပြီး KNU တပ် ရင်းနဲ့ စစ်တပ်အားပြိုင်ခဲ့ကြတယ်။ ဒီလို ပဲ ကျောက်မဲအနီး တအာင်း TNLA နဲ့ တိုက်ပွဲ KIA ကချင်နဲ့ မြောက်ပိုင်းမဟာ မိတ်တိုက်ပွဲတွေကြောင့် ယနေ့ထိစစ် ဘေးရှောင်တွေ မြို့ပေါ်ပြေးဝင်ခိုလှုံလာ တယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောခရိုင်မှာ ဘင်္ဂါလီဒုက္ခသည် ခြောက်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံနေတယ်။ မွတ်စလင်အကြမ်းဖက် ARSA တို့အနေနဲ့ မောင်တောခရိုင်ကို အာကစ္စတန် Arkistan ထူထောင်လိုကြ တယ်။ ဘင်္ဂါလီတွေတောင်းဆိုနေတာ က (၁) နိုင်ငံသားစိစစ်ရေးလက်မှတ် ထုတ်ပေးရမယ်။ (၂) နိုင်ငံသားစိစစ်ရေး လက်မှတ်နဲ့ မြန်မာနိုင်ငံတစ်ဝန်းသွား လာခွင့်ပြုရမယ်။ (၃) ကုလသမဂ္ဂစောင့် ကြည့်ပေးရမယ်။ (၄) ကိုးကန့်ဒေသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြုရမယ်။ (၅) မြန် မာနိုင်ငံတိုင်းရင်းသားတစ်မျိုးအဖြစ် အသိအမှတ်ပြုရမယ်တို့ပါဝင်လာတော့ မြန်မာဘက်က လက်ခံဖို့အင်မတန်နည်းပါးနေတယ်။ ဘင်္ဂလားဒေ့ရှ်က ပထမ ဆုံးစေလွှတ်မယ့် လူရှစ်ထောင်ကျော်မှာ မြန်မာနိုင်ငံမှာနေဖူးသူ ငါးရာကျော်နဲ့ အာစာ ARSA အဖွဲ့ဝင်ငါးဦးပါဝင်နေ တော့ ဘင်္ဂါလီလက်ခံရေးအဆင်မပြေ နိုင်သေးဘူး။
လက်နက်ကိုင်တွေက ဖက်ဒရယ် စနစ်လိုချင်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေမှာ ဖက်ဒရယ်မူ၊ ဖက်ဒရယ်စနစ် နဲ့ ဘင်္ဂါလီအရေးပါဝင်ခြင်းမရှိလို့ လုပ်ကိုင်ရခက်ခဲနေတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကိုပြင်ဆင်ဖို့ လိုလာတယ်။ ပြင် ဆင်ဖို့ခက်ခဲလွန်းရင် အသစ်ပြင်ရေးဆွဲ တာက ပိုပြီးသင့်တော်မယ်။ ယနေ့အ ချိန်ထိ လက်နက်ကိုင်များထောက်ပြတာက ဖက်ဒရယ်စနစ်နဲ့သွားရင် သယံဇာတ အပေါ် အကျိုးခံစားခွင့်သိချင်ကြတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် မှာ ဖက်ဒရယ်စနစ်အုပ်ချုပ်တော့ ကမ်းလွန်ကထွက်ရှိတဲ့ ရေနံနဲ့ဓာတ်ငွေ့ ၃ဝ ရာခိုင်နှုန်းကို အာချေးအစိုးရရရှိတယ်။ ကျန် ၇ဝ ရာခိုင်နှုန်းကို အင်ဒိုနီးရှားအစိုး ရကရယူပြီး အာချေးပြည်နယ်ရှိ ဝန်ထမ်းလစာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးတယ်။
ဆွစ်ဇာလန်နိုင်ငံမှာတော့ လက်နက်ကိုင်တွေအားလုံး သဘောတူညီ ချက်နဲ့ ဖက်ဒရယ်နိုင်ငံတည်ထောင်တယ်။ ဆွစ်ဇာလန်နိုင်ငံ အသက် ၁၈ နှစ်ပြည့်ပြီးသူတို့က ဆွစ်ဇာလန်တပ်မတော်မှာ တာဝန်ထမ်းဆောင်တယ်။ ဆွစ်ဇာလန်ပြည်နယ် တိုင်းဖက်ဒရယ်အကျိုးခံစားခွင့်ရရှိထားပြီး ဗဟိုအစိုးရနဲ့ သဘောတူညီမှုရယူထားတယ်။ တစ်ခု တည်းသော တပ်မတော်ကိုဖွဲ့စည်းတည်ထောင်ထားတယ်။
အိန္ဒိယမီဇိုလူမျိုးကို သီးခြားပြည်နယ်အဖြစ် အသိအမှတ်ပြုခြင်းဟာ အိန္ဒိယနိုင်ငံသားတို့ရဲ့နိုင်ငံပေါ်သစ္စာစောင့် သိမှုရရှိခြင်းနဲ့ ကြီးထွားလာတဲ့စစ်သွေး ကြွမှုတိုက်ဖျက်ရာမှာ အရေးပါတဲ့အခန်း ကဏ္ဍပါဝင်ခဲ့တာဖြစ်တယ်။ အိန္ဒိယမှာ မီဇိုရမ်ပြည်နယ်ကို ဖက်ဒရယ်ပြည်ထောင်စုအတွင်း သီးခြားပြည်နယ်တည် ထောင်ခွင့်ပြုခြင်းက အစိုးရနဲ့သဘော ထားကွဲပြားမှုအပေါ် ကြီးစွာသောအပြောင်းအလဲဖြစ်စေတယ်။ သည်လိုမှမလုပ်ရင် အိန္ဒိယရဲ့ နယ်မြေဆိုင်ရာ တည်တံ့ခိုင်မြဲမှု စိန်ခေါ်မှုနဲ့ကြုံနိုင်တယ်။ အိန္ဒိယမှာ ဘာသာစကား ကွဲပြားသလို၊ ဇာတ်နိမ့်ဇာတ်မြင့်ကွဲပြားမှု ၁၈ဝဝကျော် ရှိသလို ဖွံ့ဖြိုးဆဲလူ့အဖွဲ့အစည်းများ အကန့်အသတ်နဲ့ရှိနေတဲ့ သယံဇာတများရ ပိုင်ခွင့်ယှဉ်ပြိုင်ရာမှာ တင်းမာမှုဖြစ်ပေါ် စေနိုင်တယ်။ ဖက်ဒရယ်ပြည်ထောင်စု အရ၊ ဘာသာစကားအရ အများစုရှိတဲ့လူမျိုးစုတွေ ခိုင်မာတောင့်တင်းစေနိုင်ပြီး အချို့လူမျိုးတို့၊ လူနည်းစုအဖြစ်ပြောင်း လဲစေခဲ့တယ်။ လူနည်းစုဟာ ယခင်က စီးပွားရေး၊ နိုင်ငံရေးအရေးပါပေမယ့် ယခုဖက်ဒရယ်ပြည်ထောင်စုမှာ သူ့ ပြည်နယ် သူ့အစိုးရတာဝန်ဖြစ်လာ တယ်။ အာသံပြည်နယ်မှာ ၁၉၈ဝ-၁၉၈၆ ခုနှစ်တွေအတွင်း လူမျိုးစုအကြမ်း ဖက်မှုကြောင့် လူငါးထောင်သေဆုံးခဲ့ ဖူးတယ်။
အများပြည်သူနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ၊ ဂုဏ်သရေရှိရာထူးတွေ ရုံးသုံးဘာသာစကားစတာတွေ ဖက်ဒရယ်စနစ်မှာ ပြန်ပြင်ဖို့လိုတယ်။ မတူကွဲပြားခြားနားမှုက လူမျိုးစုတွေကာကွယ်ပေးခြင်းက လေးနက်တဲ့အကြောင်းရာဖြစ်စေတယ်။ လက်နက်ကိုင်တွေအရေးနဲ့ မြန်မာနိုင်ငံ မှခွဲမထွက်ရကိစ္စနဲ့ပတ်သက်လို့ ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးမှာ သဘောမတူခဲ့ကြဘူး။ နိုင်ငံတစ်နိုင်ငံမှာ တစ်ခု တည်းသော တပ်မတော်သာရှိရမယ်။ လက်နက်ကိုင်များအနေနဲ့ နယ်ခြား စောင့်တပ်ဖွဲ့ဖွဲ့စည်းနိုင်ပါတယ်။
အီသီယိုးပီးယားတပ်မတော်က တော့ လက်နက်ကိုင်များကို တပ်မတော် ထဲဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂနဲ့ အာဖရိက ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ အမှုထမ်းစေ တယ်။ ရရှိတဲ့လစာရဲ့ လေးပုံသုံးပုံကို ယင်းလက်နက်ကိုင်တွေရယူစေပြီးလေး ပုံတစ်ပုံကို ပင်စင်နှင့်ဆုကြေး၊ စစ်မှု ထမ်းဟောင်းအဖွဲ့ရန်ပုံငွေအဖြစ် ထားရှိ တယ်။ ယခင်က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်စစ်တပ်တွေဟာ ကုလသမဂ္ဂ ကို အစေလွှတ်နိုင်ဆုံးနိုင်ငံတွေဖြစ်ပြီး ယနေ့အီသီယိုးပီးယားစစ်တပ်က အင်အားအများဆုံးဖြစ်တယ်။
မြန်မာနိုင်ငံတပ်မတော်က ယနေ့ ထိ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့အနေ နဲ့ စေလွှတ်ခြင်းမရှိသေးတာ ထူးဆန်း နေတယ်။ နိုင်ငံသားတို့ရဲ့အခွန်ငွေတွေ နဲ့ တပ်မတော်လစာ၊ စရိတ်၊ အငြိမ်းစား ဆုကြေးငွေ၊ ပင်စင်အစစအရာရာဖြေ ရှင်းနေကြလို့ နိုင်ငံအတွက် ဝန်ထုပ်ဝန် ပိုးဖြစ်နေတယ်။ လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးရယူခဲ့ရင် ယင်းအဖွဲ့တွေရဲ့ရေရှည်တည်တံ့မှုအတွက် နယ်ခြား စောင့်တပ်ပင်မက ကုလသမဂ္ဂငြိမ်းချမ်း ရေးတပ်ဖွဲ့အထိ စေလွှတ်တန်စေလွှတ် ပေးရမယ်။ အခုအသစ်တက်လာမယ့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတအနေနဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

ဒေါက်တာထူးပြည့်စုံသျှင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်