ပင်စင်စား သစ်ခုတ်သမားလေလား

၂၀၁၈ ဖေဖော်ဝါရီ ၂၄ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၁၄)

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် တွင်သူများနိုင်ငံနှင့်မတူသော အဓိက အချက်တစ်ချက်မှာ ခေတ်တစ်ခုကိုထု ဆစ်ကြပြီးနောက် ဖယ်ကျဉ်ခြင်းခံထား ရသော နိုင်ငံရေးအကျဉ်းသားများရှိကြ ပြီး အဲဒီနိုင်ငံရေးအကျဉ်းသားဟောင်း တွေအတွက် အဲဒီနိုင်ငံရေးအကျဉ်းသား ဟောင်းထဲမှ ငွေကြေးတတ် နိုင်သူတချို့ စုစည်းကာ အစစအရာရာမပြေလည် သည့်ချို့တဲ့သော နိုင်ငံရေးအကျဉ်းသား ဟောင်းများအတွက် ကျန်းမာရေး ၊ စား ဝတ်နေရေး နှင့် အလုပ်အကိုင်အခြေတ ကျဖြစ်ရေး ဆောင်ရွက်ပေးသည့် အဖွဲ့များ ပေါ်ပေါက်လာ ခြင်းပင်ဖြစ်သည်။ဒီဘက် ခေတ် ၁၉၈၈ နောက်ပိုင်းမြန်မာနိုင်ငံ တွင်နိုင်ငံရေးအကျဉ်းသား မြောက်များ စွာရှိခဲ့သည့်အထဲမှ တကယ်တမ်းနိုင်ငံ အတွက်အသက်စွန့် စွန့်လွှတ်သူများ၊ ဘဝပေးစွန့်လွှတ်သူများနှင့် ကိုယ်ကျိုး စွန့်အနစ်နာခံသူများ အများအပြား ရှိကြသည်ကို အားလုံးသိကြသည် ။ အဲဒီ နိုင်ငံရေး အကျဉ်းသားဟောင်းများကို သစ်ခုတ်သမားများဟုလည်း တချို့က ခေါ်ကြသည် ။ သစ်ခုတ်ပေးသူနှင့် ပန်းပု ထုသူဟုခွဲခြားဟန်တူသည် ။
၂ဝ၁၂ ခုနှစ်မတိုင်မီနှင့် ၂ဝ၁၂ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံအကျဉ်း ထောင်အသီးသီးမှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား အများအပြားရှိ ခဲ့ရာထိုအထဲမှ ယနေ့အထိသဘာဝအ လျောက်သေဆုံးသူ ၊ ထောင်တွင်းဒဏ် ရာများဖြင့် တဖြည်းဖြည်းလုံးပါးပါးပြီး သေဆုံးသူ၊ ထောင်ထဲမှ ရောဂါရလာပြီး အချိန်သိပ်မကြာခင်တွင် သေဆုံးသူ များနှင့် ယခုတိုင်ထောင်တွင်းရောဂါများ ခံစားနေကြရပြီး သေခြင်းတရားဘယ် နေ့ ရောက်မလည်းဆိုတာကို ရင်ဆိုင်နေ ရသူတွေများစွာရှိနေသည်။ ထောက် လှမ်းရေး၏ ရိုက်နှက်မှုဒဏ်တွေနဲ့ထောင် တွင်းညှဉ်းပမ်းနှိပ်စက်မှုဒဏ်တွေ က နိုင်ငံရေး အကျဉ်းသားဟောင်းတိုင်းမှာ ခေတ်စနစ်ဆိုးရဲ့ ဆုလာဒ်အဖြစ်ယနေ့ အချိန်ထိ ရှိနေဆဲပင်ဖြစ်သည် ။
ထိုအရာများကို သက်သာလျော့ပါး စေရန်အလို့ငှာ ငွေကြေးမတည်နိုင်သော နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ငွေကြေးထည့်ဝင်နိုင်သော နိုင်ငံရေး အကျဉ်းသားဟောင်းတချို့က မြေကွက် များဝယ်ပြီး ချို့တဲ့သောနိုင်ငံရေးအကျဉ်း သားဟောင်းများအတွက် စားဝတ်နေ ရေးနှင့် အလုပ်အကိုင် ဖန်တီးပေးရေးကို အစပျိုးအကောင်အထည်ဖော်နေပြီ ဖြစ်သည် ။ ရန်ကုန်တိုင်း တိုက်ကြီးမြို့ နယ် တိုက်ကြီး -ဖောင်ကြီးလမ်းပေါ်ရှိ အုန်းနှဲပင်ကျေးရွာတွင် မြေနေရာသုံး ဧကခန့်ပေါ်၌ အဆောက်အဦများ ဆောက်လုပ်မည် ။ ထိုသို့ဆောက်လုပ် ရာတွင် ရင်ဘတ်တူ ၊နှလုံးသားချင်းတူ၊ ခံစားချက်ချင်းတူ၊ အသိချင်းတူ၊နား လည်မှုချင်းတူတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် စီးပွားရေးပြေလည်၊ ငွေ ကြေးတတ်နိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများစုစည်းကာ ထိုမြေနေ ရာကို ဝယ်ယူလုပ် ဆောင်တာဟုသိရ၏။မည်သို့ပင်ဆိုစေ ထိုလုပ်ငန်းသည် စိတ် စေတနာသန့်သန့်ဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းအချင်းချင်းစိတ်ပိုင်း ၊ ရုပ်ပိုင်းပြန်လည်ထူထောင်ပေးရေးလုပ်ငန်း စဉ်ဖြစ်သဖြင့် ကြိုဆိုရမည်ဖြစ်၏။ လက် ရှိအစိုးရလက်ထက်တွင် လွှတ်တော် အသီးသီး၌ နိုင်ငံရေးအကျဉ်းသား ဟောင်း များရှိနေကြသည်ကိုသိ၏ ၊ လက်ရှိရန် ကုန်တိုင်း ဝန်ကြီးချုပ်ကိုယ်တိုင်တောင် ငူထောင်ထွက် နိုင်ငံရေး အကျဉ်းသား ဟောင်းတစ်ယောက်ဖြစ်၏ ၊မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့ သည်လည်း နိုင်ငံရေးအကျဉ်းသားဟောင်း များဖြစ်ကြ၏။ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်သည်ပင်လျင် နိုင်ငံရေးအကျဉ်း သား ဟောင်းဖြစ်နေသည်။ထို့ကြောင့် ချို့တဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းတို့မှာလာမည့် နှစ်များတွင် အသက်ရှုရ ချောင်လာနိုင်သည် ။ သူတို့၏အသက် များပို၍ ဆွဲဆန့်လာနိုင်တော့မည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ သည်ယနေ့တိုင်းပြည်၏ အင်အားတစ် ရပ်ဖြစ်သည်ဟုဆိုလျင် လွန်အံ့မထင်ပါ။ အဘယ်ကြောင့်မူ ယနေ့လွှတ်တော် အသီးသီးတွင် တာဝန်ထမ်းဆောင်နေ သူများရှိနေသလို ပြင်ပအရပ်အဖွဲ့လူ့အဖွဲ့အစည်းများတွင်လည်းကောင်း ၊ ပါတီ နှင့် ပါတီပြင်ပတွင်လည်းကောင်း ၊ နိုင်ငံ ရေးလုပ်ရင်း ၊ အများအကျိုးသယ်ပိုးနေ သူများ အများအပြားပင်ရှိနေသည် ။ နိုင်ငံရေးအကျဉ်းသားများသည် ထောင် မကျခင်တွင်လည်း နိုင်ငံရေးလုပ်သည်၊ ထောင်ကျသည် ။ ထောင်ထဲတွင်လည်း နိုင်ငံရေးလုပ်သည်၊နိုင်ငံရေးနည်းဖြင့် ရပ်ခံခဲ့သည် ။ ပြန်လွတ်လာပြီးနိုင်ငံရေး ထပ်လုပ်သည် ၊ ထောင်ထပ်ကျသည် ။ ထောင်ကလွတ်လာလိုက် ထောင်ပြန်ကျ လိုက်နှင့် သံသရာလည်ရင်း ဒီမိုကရေစီ ခရီးအစသို့ ယနေ့ရောက်ရှိခဲ့သည်ဆို တာကို မည်သူမှမငြင်းနိုင်ပါ ။ မဆလ ၊ နဝတ ၊ နအဖ စစ်အစိုးရ ( တပ်မတော် ) ခေတ်တွေနှင့်နှိုင်းယှဉ်သော် အလုံးစုံတိုး တက်လာသည်ဟုဆို၍ မရသေးဘဲပွင့် လင်းမြင်သာမှုနှင့် တိုးတက်လာမှုရှိ သည်ကိုတွေ့ရသည်။ ထိုအခြေအနေ များ သည် နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ချက်အချို့ဟု ပြော၍ရသည်။ ထို့ကြောင့်ချို့တဲ့လာ သည့်၊ချို့တဲ့နေသည့် နိုင်ငံရေးအကျဉ်း သားဟောင်းများကို ကြည့်ရှုစောင့် ရှောက်ခြင်းသည် ကောင်းမွန်သောလုပ် ရပ်ဖြစ်ကြောင်း ပြောရင်ရသည် ။
နိုင်ငံရေးအကျဉ်းသားဟောင်းများ ၏ချို့ယွင်းယိုင်နဲ့လာသောကျန်းမာရေးကိုလည်း ကူညီစောင့်ရှောက်ပေးမည့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာဖွင့်လှစ်ထားသော နိုင်ငံရေးအကျဉ်းသားဟောင်း များ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ သည်လည်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် မဖြူဖြူသင်းဦးဆောင်ကာ လုပ်ငန်းများ လည်ပတ်နေပြီဖြစ်သည် ။နိုင်ငံရေး အကျဉ်းသားဟောင်းများကို ကျန်းမာရေးစောင့်ရှောက်ပေးမည်၊ နေ စရာအိမ်ဆောက်ပေးမည်၊ အလုပ်အကိုင်ရှာဖွေပေးမည်ဟုဆိုရာ၊ ဆောင် ရွက်ပေးသူတွေရော ၊ ရင်ဘတ်တူ ၊နှလုံး သားချင်းတူ ၊ခံစားချက်ချင်းတူ ၊ အသိ ချင်းတူ ၊နားလည်မှုချင်းတူတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် စီးပွား ရေးပြေလည် ၊ ငွေကြေးတတ်နိုင်သည့် နိုင်ငံရေးအကျဉ်းသား ဟောင်းများရော ပြင်ပက အလှူရှင်များကိုပါ ကျေးဇူးတင် ထိုက်ပါကြောင်း။
နိုင်ငံရေးအကျဉ်းသားဟောင်းများ အပေါ် စောင့်ရှောက်ပံ့ပိုးပေးခြင်းအား ဖြင့်တစ်ချိန်က သူတို့၏ဒုက္ခခံခဲ့ရမှုများ အား ကုသပေးသလိုဖြစ်နေသည့် အပြင် အမှန်တရားအတွက် ရပ်တည်ပေးချင် ခဲ့သော အားအင်သစ်များ ထပ်မံပေါ် ထွက်လာမည်ဖြစ်သည်။
တစ်ခုပြောလိုသည်က နိုင်ငံရေး ဆောင်ရွက်ခဲ့သည့် နိုင်ကျဉ်းအများစုမှာ သူတို့အခွင့်အရေးကို မျှော်ကိုးပြီး လုပ် ကိုင်ခဲ့သူမဟုတ်၍ ပိုပြီးလေးစားသင့်ပါ ကြောင်း သုံးသပ်လိုက်ရပါသည်။
သန့်ဇော်(သန်လျင်)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်