အမုန်းစကား ရေးသားသူများ အကောင့်ပိတ်သိမ်းရန် ဖေ့စ်ဘွတ်ခ် စီစဉ်

ဖေ့စ်ဘွတ်ခ်မှာ အမုန်းစကား ရေးသားဖြန့်ချိသူတွေရဲ့ အကောင့်ကို ဖျက်သိမ်းနိုင်ဖို့ စီစဉ်နေတယ်လို့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီပိုင်ရှင် မာ့ခ်ဇူကာဘတ်က ဧပြီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။

Cambridge Analytica ကုမ္ပဏီက ဖေ့စ်ဘွတ်ခ် အသုံးပြုတဲ့ လူပေါင်း ၈၇ သန်းရဲ့ အချက်အလက်တွေကို ရယူခဲ့တယ်ဆိုတဲ့ အချက်အလက် ထွက်ပေါ်လာတဲ့ နောက်ပိုင်း အမေရိကန် အထက်လွှတ်တော် ကော်မတီအစုံပါဝင်တဲ့ ဒီစစ်ဆေးမှုမှာ မြန်မာရဲ့ ရခိုင်အရေးကိုလည်း ထည့်သွင်းမေးမြန်းခဲ့တာပါ။

https://techcrunch.com/2018/04/10/myanmar-facebook-zuckerberg-senate-hearing-genocide/
WASHINGTON, DC – APRIL 10: Facebook co-founder, Chairman and CEO Mark Zuckerberg arrives to testify before a combined Senate Judiciary and Commerce committee hearing in the Hart Senate Office Building on Capitol Hill April 10, 2018 in Washington, DC. Zuckerberg, 33, was called to testify after it was reported that 87 million Facebook users had their personal information harvested by Cambridge Analytica, a British political consulting firm linked to the Trump campaign. (Photo by Chip Somodevilla/Getty Images)

ဖေ့စ်ဘွတ်ခ်ရဲ့ ကုမ္ပဏီပိုင်ရှင်ကို မြန်မာနိုင်ငံအတွင်း ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသ အရေးအခင်းမှာ ဖေ့စ်ဘုတ်အနေနဲ့ အမုန်းတရား လှုံ့ဆော်မှုနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေမှ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့တွေက အပြစ်တင်ခဲ့ကြပါတယ်။

ဒီလိုအမုန်းစကားတွေကို ၂၄ နာရီအတွင်း ဖြုတ်ချဖို့ မစွမ်းဆောင်နိုင်ခဲ့တာနဲ့ ပတ်သက်လို့ မနေ့က ဧပြီ ၁၀ ရက် အင်္ဂါနေ့မှာ ပြုလုပ်တဲ့ အမေရိကန်အထက်လွှတ်တော် ကော်မတီအစုံပါဝင်တဲ့ ကြားနာစစ်ဆေးတဲ့အချိန်မှာ ဖေ့စ်ဘွတ် ကုမ္ပဏီပိုင်ရှင် မာ့ခ်ဇူကာဘတ် ကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီမေးခွန်းတွေနဲ့ ပတ်သက်လို့ မာ့ခ်ဇူကာဘတ်က အချက် သုံးချက်ကို ပြောဆိုခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ မြန်မာစကား ပြောဆိုနားလည်တဲ့သူတွေကို အလုပ်ခန့်ထားခြင်းများ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ ဒုတိယအနေနဲ့ အမုန်းတရား ဖြန့်ချိသူတွေ ဘယ်သူတွေဖြစ်မယ်ဆိုတာကို သိနိုင်ဖို့ မြန်မာနိုင်ငံအတွင်းက အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ရတာကတော့ အမုန်းစကား ပို့စ်တွေကိုသာမက အသုံးပြုသူရဲ့ အကောင့်ကိုပါ ပိတ်သိမ်း ပစ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအချက်အနေနဲ့က ကတော့ ဒီလိုကိစ္စတွေ ထပ်မံမကြုံတွေ့ရအောင်လို့ နည်းပညာဆိုင်ရာ ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
BS

Photo Credit – Bloomberg News and Tech Crunch
ကိုးကား – ဝါရှင်တန်ပို့စ်, TechCrunch

Ref: post – https://www.washingtonpost.com/news/worldviews/wp/2018/04/10/the-big-questions-for-mark-zuckerberg-on-facebooks-role-in-burma/?noredirect=on&utm_term=.b1d231386553, https://techcrunch.com/2018/04/10/myanmar-facebook-zuckerberg-senate-hearing-genocide/

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်