တိုင်း စည်ပင်ညွှန်မှူးကို ရာထူး တဆင့်လျော့ချ

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်ကို ဝန်ထမ်း စည်းမျဉ်း စည်းကမ်းနဲ့ မညီတဲ့အတွက် ရာထူးတဆင့်လျော့ချပြီး ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး အဖြစ် ဧပြီ ၁၉ ရက် မနေ့ကနေစပြီး ပြောင်းလဲတာဝန်ပေးလိုက်ပါတယ်။
“ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှုတွေရှိလို့ ခုလိုရာထူးလျော့ချအရေးယူရတာ။ ညွှန်ကြားရေးမှူးကနေ ဒုတိယ ညွှန်ကြားရေးမှူး အနေနဲ့ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ တာဝန်ပေးလိုက်တာ” လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ဒီကနေ့မှာ ဖြေကြားခဲ့ပါတယ်။
စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်အနေနဲ့ တာဝန်ပြောင်းလဲတာတွေ မလုပ်ခင်မှာ လက်ရှိ လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်ရမှာဖြစ်ပြီး ၇ ရက် အတွင်း တာဝန်လွဲပြောင်းပေးရမယ်လို့ တိုင်းဒေသကြီးအစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ရာထူးလျော့ချခံရတဲ့ ညွှန်ကြားရေးမှူးရဲ့ နေရာမှာ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး၊ ဒုတိယ အင်ဂျင်နီယာမှူး ကြီး ဦးနိုင်လင်းမောင် ကိုတော့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၈) ဆုံး ဖြတ်ချက် (၁၈) (ဂ) အရ ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး တာဝန်အား ခေတ္တ ထမ်းဆောင်စေရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
မျိုးစံစိုး(ဖျာပုံ)

7Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်