သတင်းထောက်နှစ်ယောက်အမှု သက်သေထွက်သည့် ဒုရဲမှူးမိန်းမ ရဲလိုင်းခန်းမှ နှင်ချခံရ

ရိုက်တာ သတင်းထောက်နှစ်ယောက်အမှုဟာ ထာင်ဖမ်းတာဖြစ်တယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးနဲ့ မိသားစုကို နေပြည်တော် ရဲတပ်ဖွဲ့ရဲ့ ဒီကနေ့ တာဝန်ကျ အရာရှိက ဖုန်းဆက်ပီး တိုင်းရဲဝန်ထမ်း လိုင်းခန်းကနေ မောင်းထုတ်ခဲ့ပါတယ်။

“ ဒီပြဿနာတွေ ဖြစ်ကတည်းက မရီးတို့ သားအမိကို မောင်းထုတ်မယ်ဆိုတာ သိလို့ ကျွန်တော့် အိမ်မှာ လူကိုခေါ်ထားတယ်။ အခု မနက်က မရီးဆီကို ဖုန်းဆက်ပြီး လိုင်ခန်းက ထွက်သွားဖို့ ပြောလို့ ကျနော် ပစ္စည်းတွေ သွားရွှေ့နေပါတယ်” လို့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ညီ ဖြစ်သူ ဦးရဲဝင့်နိုင်က လွန်ခဲ့တဲ့ မိနစ်ပိုင်းမှာ ယူနတီကို အတည်ပြုပြောပါတယ်။

ဒုရဲမှူး မိသားစု ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းတာမျိုး မရှိပေမယ့် မနက် ၁၀ နာရီခန့်ကနေ အထုတ်အပိုးများပြောင်းရွှေ့ရာမှာတော့ သယ်ယူတဲ့ လူ၊ ယာဉ်နဲ့ သိမ်းဆည်းပစ္စည်းတွေကို တစ်ခုချင်း ဖွင့်ဖောက် စစ်ဆေးပြီး ဓာတ်ပုံရိုက်ယူတာတွေ ပြုလုပ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာ ပစ္စည်းတွေကို ပြောင်းရွှေ့နေဆဲဖြစ်ပြီး ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။

BS

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်