လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့တိုင်ကြားခံရတဲ့ ပဲန်မြန်မာဒါရိုက်တာကို နောက်ကြောင်းပြန်အရေးမယူရန် ဆုံးဖြတ်

အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ ပန်မြန်မာ (PEN Myanmar) ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးကို တိုင်ကြားထားတဲ့ ကိစ္စက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ဟန့်တားရေးမူဝါဒ မထုတ်ပြန်မီက ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် နောက်ကြောင်းပြန် သက်ရောက်မှုမရှိစေရလို့ ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်လိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
တိုင်ကြားသူက ပဲန်မြန်မာ ဒါရိုက်တာအဖွဲ့ဝင် ဦးခင်အောင်အေးက အမျိုးသမီးတစ်ဦးရဲ့ ကွန်ပျူတာအတွင်းကို အပြာကားတွေ ထည့်ပေးခဲ့ပြီး လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့သဖြင့် အရေးယူပေးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်က တိုင်ကြားထားတာ ဖြစ်ပါတယ် ဒီလိုတိုင်ကြားချက်ကို စစ်ဆေးခဲ့ရာမှာ ပဲန်မြန်မာရဲ့ လိင်ပိုင်းဆိုင်ရာ ဟန့်တားရေးမူဝါဒထဲက Sexual Harassment ရဲ့ အဓိပ္ပာယ် သတ်မှတ်ချက် အပိုဒ် ၈၊ အပိုဒ်ခွဲ (ဂ) (၁) ပါ “လိင်ကိစ္စကို သိသိသာသာ၊ သို့မဟုတ် အရိပ်အမြွက်ပြသော အရာဝတ္တု တစ်ခုခုကို ခင်းကျင်းပြသခြင်း” ဆိုတဲ့ အချက်နဲ့ ငြိစွန်းတယ်လို့ သံသယဖြစ်ဖွယ်ရာ အကြောင်းများ ရှိတယ်လို့ သုံးသပ်ခဲ့ပေမယ့် နောက်ကြောင်းပြန် သက်ရောက်မှု မရှိစေရလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပဲန်မြန်မာက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ဟန့်တားရေး မူဝါဒကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ စတင်ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ ၂၃ ရက် ကနေ စတင်အသက်ဝင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

Photo – Pen Myanmar

PEN Myanmar
4.1 · Community Center
445/447, 4th Floor, PK Condo, Lower Pazundaung Road, Pazundaung Township, Yangon, 11171

 

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်