ဆိုလာပြားဘတ္ထရီမှ အပူချိန်​လွန်​ကဲမှု​ကြောင့် ​နေအိမ်​သုံးလုံးမီး​လောင်​ဆုံးရှုံး

နေအိမ်ခေါင်မိုးပေါ်ရှိ ဆိုလာပြား ဘတ္ထရီ အပူချိန်လွန်ကဲမှုကြောင့် ရှော့ဖြစ်ပြီး မီးလောင်ခဲ့တဲ့အတွက် နေအိမ်သုံးလုံး စုစုပေါင်းတန်ဖိုး ကျပ် ငါးသိန်း လေးသောင်း ဖိုးခန့် ဆုံးရှုံးတဲ့ မီးလောင်မှုတစ်ခု ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ နောက်မီးကျေးရွာ အုပ်စုမှာ ဧပြီလ ၂၅ ရက် မနက် ငါးနာရီ ငါးဆယ် မိနစ်က ဖြစ်ပွားခဲ့တယ်လို့ ဖျာပုံရဲတပ်ဖွဲ့မှူး ရုံးကနေတဆင့် သိရပါတယ်။

ဓာတ်ပုံ – ဖျာပုံ ရဲတပ်ဖွဲ့

နောက်မီးကျေးရွာက ရေလုပ်ငန်းရှင် ဥိးဇော်ဝင်းနိုင်ရဲ့ ဝန်ထမ်းလိုင်းခန်းမှာ နေထိုင်တဲ့ မအေးအေးရဲ့ အိမ်ခေါင်မိုးပေါ်မျာ တပ်ထားတဲ့ ဆိုလာ ဘတ္ထရီဟာ အပူချိန်ကြောင့် ရှော့ဖြစ် မီးလောင်ခဲ့ပြီး ဘေးကပ်ရက်ရှိ နေအိမ် နှစ်လုံးကိုပါ လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

မီးငြိမ်းသတ်ဖို့အတွက် အရံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့တဲ့အတွက် မနက် ၆ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသတ်နိုင် ခဲ့ပါတယ်။

ဒီမီး​လောင်​မှု​ကြောင်​့ အိမ်​​ထောင်​စု သုံးစု၊ လူဦးရေ ၂၁ ယောက်တို့ကို ရေလုပ်​ငန်​းရှင်​က အလုပ်​ရုံတွင်​ ​ခေတ္တ​နေထိုင်​နိုင်​ရန်​စီစဉ်​​ပေးထားတယ်လို့ သိရပါတယ်​။

မီး​ပေါ့ဆတဲ့ မ​အေး​အေး ၃၄ နှစ်​ကို ဒုရဲအုပ်​ သက်​​ဇော်​​အောင်​မှ တရားလို ပြုလုပ်ပြီး အမာနယ်​​မြေရဲစခန်​းမှာ ပြစ်မှုအမှတ် ၄၃/၂၀၁၈၊ ရာဇသတ်​ကြီး ပုဒ်​မ ၂၈၅ နဲ့ အမှုဖွင်​့လှစ်​စစ်​​ဆေး​ဆောင်​ရွက်​လျက်​ရှိ​တယ်လို့ သိရပါ တယ်။

မျိုးစံစိုး (ဖျာပုံ)

 

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်