နိုင်ငံတော်သမ္မတရဲ့ ဓာတ်ပုံဆိုဒ်ကြီး အများဆုံးရောင်းချရ

ရှိုင်းဧကရီလွင်

ရန်ကုန်၊ ဧပြီ ၂၆

ဒီကနေ့မနက်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ပုံကို ဝယ်ယူနိုင်ပြီလို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြော်ငြာပြီး နောက်ပိုင်း တိုင်းနဲ့ပြည်နယ်အသီးသီးက ယခုလက်ရှိအချိန်ထိ ဝယ်ယူမှုအများဆုံးဓာတ်ပုံဟာ ၂၀”×၂၄” ဆိုဒ်ရှိတဲ့ ၁၁၀၀၀ ကျပ်တန် ဓာတ်ပုံဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံက အတည်ပြုသတ်မှတ်ထားတဲ့ ခေါင်းပေါင်း၊ တိုက်ပုံအနက်၊ ရွှေစလွယ်ဝတ်ဆင်ထားသည့် သမ္မတ ဦးဝင်းမြင့်ရဲ့ပုံကို ရုံးဌာနအသီးသီးနှင့် အဖွဲ့အစည်းအသီးသီးတို့အတွက် ဝယ်ယူမယ်ဆိုရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တွေမှာရှိတဲ့ စာပေဗိမာန်အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ကြေညာထားပါတယ်။

နိုင်ငံတော်သမ္မတဓာတ်ပုံကို ပုံစံဆယ့်နှစ်မျိုးခွဲခြားထားပြီး ဈေးနှုန်းအားဖြင့် အနည်းဆုံး ၁၅၀၀ ကျပ်မှ အများဆုံး ၂၅၀၀၀ ကျပ်အထိ ရောင်းချတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက် အရောင်းဆိုင်တွေက ပြောပါ တယ်။ အခုလက်ရှိအခြေအနေမှာဆိုရင် မန္တလေး၊ နေပြည်တော် အရောင်းဆိုင်တွေမှာ ၂၀”×၂၄” ဆိုဒ်တွေ အများဆုံး ရောင်းချရတယ်လို့ ဆိုပါတယ်။ ရန်ကုန်စာပေဗိမာန်အရောင်းဆိုင်မှာတော့ ဆိုဒ်မျိုးစုံရောင်းချ ရတယ်လို့ ပြောပါတယ်။

လက်ရှိနိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ သမ္မတရာထူးကို မတ်လ ၃၀ ရက်က စတင်တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဒါဟာ လက်ရှိ NLD အစိုးရရဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ ဒုတိယမြောက်သမ္မတလည်းဖြစ်ပါတယ်။

Photo – MOI

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်