Featured Video Play Icon

ထိန်ပင်အမှိုက်ပုံအနီး လေထုအရည်အသွေးတိုင်းတာ အန္တရာယ်ရှိ၊ မရှိမထုတ်ပြန်နိုင်

ထိန်ပင်အမှိုက်ပုံ မီးလောင်ပြီးနောက်ပိုင်း အနီးကရပ်ကွက်တွေမှာ တ်ိုင်းတာနေဆဲဖြစ်တာကြောင့် အန္တရာယ်ရှိမရှိကိုတော့ ထုတ်ပြန်မပေးနိုင်သေးဘူးလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်ကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန အတွင်းရေးမှူးက ဧပြီ ၂၆ ရက် ဒီကနေ့ မနက်မှာ ပြောခဲ့ပါတယ်။

မီးလောင်ပြင် အနီးရပ်ကွက်တွေကို လက်ရှိမှာ လေထုအရည်အသွေး တိုင်းတာစစ်ဆေးနေပေမယ့် ကျန်းမာရေး စောင့်ရှောက်မှုကိုတော့ သက်ဆိုင်တဲ့ဌာနတွေက ဆက်လက်လုပ်ဆောင်ဖို့ လိုတယ်လို့ လေထုတိုင်းတာရေး တာဝန်ရှိသူတွေက ဆိုပါတယ်။

လက်ရှိမီးလောင်မှု ခြောက်ရက်မြောက်နေ့မှာတော့ မီးသတ်ဝန်ထမ်း အချို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ စတင်ကြုံတွေ့နေရတာကို တွေ့မြင်ခဲ့ရပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် ပတ်ဝန်းကျင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး အသက်ရှူကြပ်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လှိုင်သာယာမြို့နယ် ဆေးရုံမှာတော့ လူ ၁၈ ယောက် ဆေးကုသမှု ခံယူနေပါတယ်။

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်