ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်း မီးလောင်မှု ဒေသခံများကျန်းမာရေး ဆိုးရွားစွာထိခိုက်

လကလေး
ရန်ကုန်၊ မေ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘန်းချောင်း (ပေါခလိုး) ဒေသအတွင်းရှိ ကျောက်မီးသွေး စီမံကိန်း စွန့်ပစ်မြေစာပုံ မီးလောင်ကျွမ်းမှုကြောင့် ဒေသခံများ ကျန်းမာရေးပြဿနာကို ဆိုးဝါးစွာခံစားနေရသည့်အတွက် အစိုးရမှ ထိရောက်စွာဖြေရှင်းပေးပါရန် ဒေသခံများက တောင်းဆိုခဲ့သည်။

ဘန်းချောင်း ဒေသခံများက မေ ၄ ရက်က ဒိဌ ပန်းချီပြခန်းတွင်ပြုလုပ်သည့် ဘန်းချောင်းဒေသရှိ ဌာနေတိုင်းရင်းသားတို့၏ ဥာဏ်ပညာ၊ ဗဟုသုတနှင့် ဓလေ့ထုံးတမ်းများ သုတေသနစာတမ်း ထုတ်ပြန်ပွဲတွင် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

‘ ကျွန်တော်တို့ကျေးရွာ နေရာအနှံကို ပျံ့နှံ့လောင်ကျွမ်းလျှက်ရှိတဲ့ ဆိုးရွားလှသော ကျောက်မီးသွေး မီးလောင်ကျွမ်းမှုကိုရပ်တန့်အောင် ပြုလုပ်ပေးရန်နှင့် ဘန်းချောင်း ဒေသအတွင်း ကျောက်မီးသွေးသတ္တုတွင်း စီမံကိန်းလုံး၀(လုံး၀) ရပ်နားသွားသည်အထိ ပြုလုပ်ပေးရန် ကရင်အမျိုးသား အစည်းအရုံးနှင့် မြန်မာအစိုးရ နှစ်ရပ်စလုံးတို့ကို ကျွန်တော်တို့တောင်းဆိုပါတယ် ’ ဟု တာကပေါ လူငယ်အဖွဲ့၏ အကြံပေး ပုဂ္ဂိုလ်ဖြစ်သူ နော်ပီသလောမှဆိုသည်။

လတ်တလောအခြေအနေတွင် မီးခိုးငွေ့များကြောင့် ဘန်းချောင်းဒေသမှ ပြောင်းရွေ့သွားသူများရှိနေပြီး ယင်းဒေသတွင် ကျေးရွာ ၂၂ ရွာမှ ဒေသခံပေါင်း ၁၆၀၀၀ ကျော်နေထိုင်လျှက်ရှိကြောင်း သိရသည်။ အဆိုပါဒေသခံဖြစ်သူ နော်အစန က ‘ ဒီမီးလောင်တာတွေက မီးခိုးတွေကြောင့် အသက်ရှုရ ခက်တာတင်မဟုတ်ဘူး အဲဒီကနေစီးလာတဲ့ရေတွေက ကျွန်မတို့သုံးတဲ့ချောင်းထဲကိုပါ စီးဝင်တော့ အဲဒီရေတွေနဲ့ ထိတဲ့အခါ အရေပြားရောဂါတွေပါ ဖြစ်လာပါတယ် ’ ဟု ဆိုသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၂ ခုနှစ်ကစတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုမှာ ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း ယခုအချိန်ထိ ထိထိရောက်ရောက် ဖြေရှင်ေးပးခြင်း မရှိသေးကြောင်းနှင့် စီမံကိန်းမှာ ၂၀၁၇ ခုနှစ်က ယာယီရပ်ဆိုင်းခဲ့သောကြောင့် စီမံကိန်းတာဝန်ခံများကလည်း ဖြေရှင်းပေးမှု မပြုကြောင်း သိရသည်။

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်