Featured Video Play Icon

ယူရိုသန်းငါးဆယ်နှင့် ဝယ်ယူထာသည့် မီးသတ်ယန္တရားများ တိုင်းနှင့်ပြည်နယ်အလိုက်ခွဲပေးမည်

ရန်အောင်ထွန်း
ရန်ကုန်၊ မေ ၅

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို အဆင့်မြှင့်တင်နိုင်ဖို့ အဆင့်မြှင့် မီးသတ်စက်တွေကို ယူရို သန်း ငါးဆယ်ဖို့ ဝယ်ယူထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ (၇၂) နှစ်မြောက် ဂုဏ်ပြုအခမ်းအနားကျင်းပတဲ့ မေ ၅ ရက် ဒီကနေ့မှာ အခုလိုပြောကြား လိုက်တာပါ။ ဒီစက်ပစ္စည်းတွေဝယ်ယူဖို့ ဥရောပချေးငွေ ယူရိုသန်းငါးဆယ်ကို ရယူထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဝယ်ယူထားတဲ့ စက်ပစ္စည်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဖွံ့ဖြိုးမှုအလိုက် ခွဲဝေပေးအပ်သွား မှာပါ။ လက်ရှိမှာတော့ ပထမအသုတ်အဖြစ် မီးသတ်ကားတွေ ရောက်ရှိနေပြီ ဖြစ်ပေမယ့် ဝယ်ယူထားသမျှ အားလုံးရောက်မှ ခွဲဝေပေးမှာ ဖြစ်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

ပထမအသုတ် ရောက်ရှိထားတဲ့ ခေတ်မီ မီးသတ်ကားနဲ့ စက်ယန္တရားတွေကို မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ဂုဏ်ပြု အခမ်းအနား ကျင်းပါတဲ့ ဒီကနေ့မှာ သရုပ်ပြအသုံးပြုခဲ့ပါတယ်။ အဲ့ဒီစက်ပစ္စည်တွေကို ပိုလန်နိုင်ငံ ကနေ ဝယ်ယူထားတာပါ။

လက်ရှိမြန်မာ နိုင်ငံမှာ မီးသတ်ယာဉ်၊ စက်ယန္တရားအင်အား (၃၂၅၉) စီးရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်