သက်ငယ်မုးဒိမ်းမှု ပပျောက်ရေးအတွက် ရေနံချောင်းတွင်ပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း မူခင်းပညာပေးဟောပြောပွဲကို မေ ၆ ရက် ညနေ ၃ နာရီက နဂါးရွာသစ်ကျေးရွာ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ဒေါ် ဖြိုးမွန်မွန်ထွန်း မြို့နယ်ပြန်ဆက်ဦးစီးမှူးက စာဖတ်ခြင်းအကြောင်းဟောပြောခဲ့သည်။ ထို့နောက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းမှ သက်ငယ်မုဒိမ်းမှုပပျောက်ရေး မူးရစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေး၊ လူကုန်ကူးမှုပပျောက်ရေး နှင့် မှုခင်းကျဆင်းရေး များဟောပြောခဲ့သည်။
” ဟောပြောပွဲက အရင်ကလိုမဟုတ်ဘူး။ တက်ရောက်လာတဲ့သူကလည်း မေးလို့ရတယ်။ မှုခင်းပညာပေးမှာ ဒေသခံတစ်ဦးက ကျေးရွာတွေမှာ ဖဲဝိုင်းလုပ်ရင် ဘာလုပ်ရမှာလဲ ၊ ရဲတိုင်ရမှာလားမေးတယ်။ ရဲမှူးကဘာပြောလဲဆိုတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို တိုင်ပါ။ ဖမ်းလို့ရတယ်။ ပြောပါတယ်။ အုပ်ချုပ်ရေးမှူးက အရေးမယူဘူး ဆိုရင်ရောလို့ ဒေသခံကထပ်ပြီးမေးပါတယ်။ ရဲမှူးက အုပ်ချုပ်ရေးမှူးကိုပါ တိုင်လို့ရတယ်ပြောတယ်။ ကျွန်မတို့အပြန်အလှန်မေးကြမြန်းကြပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ် ” ဟု အဆိုပါဟောပြောပွဲသို့ တက်ရောက်သူတစ်ဦးကပြောသည်။
ဆန်းညွှန်(ရေနံချောင်း)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်