Featured Video Play Icon

ရနောင်းလူသတ်မှု မြန်မာ တာဝန်ရှိသူတွေကူညီပေးခြင်းမရှိ

ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ဖြစ်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ်ကျောင်းသူ အသတ်ခံရမှုကြောင့် မြန်မာ လုပ်သား ၄ ဦး အပြစ်ပေးခံခဲ့ရတာနဲ့ ပတ်သက်ပြီး မြန်မာန်ိုင်ငံ ဘက်က တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူ တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အကူအညီပေးမှု မရှိခဲ့ဘူးလို့ ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင် အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းကျောင်းသူကို သတ်မှုနဲ့ စတင် အဖမ်းအဆီးခံရ ကတည်းက အဖမ်အဆီးခံ မြန်မာအလုပ်သမား ၄ ယောက်ရဲ့ သက်ဆိုင်ရာနယ်မြေတွေက တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အလုပ်သမား ဝန်ကြီးဌာန နိုင်ငံခြားရေး နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိ အကူအညီ တောင်းခံမှု ပြုလုပ်ခဲ့တယ်လို့ ဦးထူးချစ်ကပြောပါတယ်။

ထောင်ဒဏ် ၄ နှစ်ကျခံနေရတဲ့ ကိုမိုးဇင်အောင်ရဲ့အမေ ဒေါ်အိအိမိုး ကတော့ အမှုပြီးတဲ့အထိ အခြေအနေ လာမေးတာကလွဲလို့ ဘာအကူအညီမှ မရခဲ့ဘူးလို့ ပြောပါတယ်။

အသက် ၁၈ နှစ်အရွယ် မပြည့်လို့ လူငယ်တရားရုံးမှာ တရားရင်ဆိုင်ခဲ့ရတဲ့ မောင်မိုးဇင်အောင်ကို ထောင်ဒဏ် ၄ နှစ်နဲ့ မောင်ကျော်စိုးဝင်းကိုတော့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ မောင်ကျော်စိုးဝင်း ကတော့ အမိန့်ချတဲ့နေမှာပဲ ချုပ်ရက်နှစ်နှစ်ပြည့်သွားလို့ လွတ်လာခဲ့ပြီး မောင်မိုးဇင်အောင် ကတော့ ထိုင်းဥပဒေအရ အသက် ၁၈ နှစ်အရွယ် မပြည့်သေးလ်ို့ သူ့မွေးနေ့ဖြစ်တဲ့ လာမယ့်ဒီဇင်ဘာ ၃ ရက်နေ့မှာ လွတ်လာဖို့ မျှော်လင့်ရတယ်လို့ ဦးထူးချစ်ကဆိုပါတယ်။ လူသတ်မှတ်မှုနဲ့ အဖမ်းခံခဲ့ရပေမယ့် ချုပ်ရက် ၂ နှစ် ပြည့်လို့ ပြန်လွတ်လာခဲ့သူ မောင်ကျော်စိုးဝင်းကတော့ အသတ်ခံရတဲ့ အမျိုးသမီးဟာ သူတို့နဲ့ဘယ်လိုမှ ပတ်သက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

၂၀၁၅ ခုနှစ်ကဖြစ်ခဲ့တဲ့ ရနောင်းလူသတ်မှုနဲ့ ပတ်သက်ပြီး ရုံးချိန်းပေါင်း ၇၅ ကြိမ် တက်ရောက်ခဲ့ရတာပါ၊ အမှုကိုပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းတရားရုံးမှာ အမိန့်ချမှတ်ခဲ့ပြီး ဖမ်းဆီးခံ မြန်မာအလုပ်သမားတွေဖြစ်တဲ့ အသက် ၁၈ နှစ်ကျော်အရွယ် စိန်ကတုံးကို ထောင်ဒဏ် ၈ နှစ်နဲ့ ဝေလင်းကို ၆ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး အမှုအတွက်ထိုင်းဘက်က တရားလိုပြ သက်သေ ၂၂ ယောက် တင်ခဲ့သလို ၊ မြန်မာအလုပ်သမားတွေ ဘက်ကလည်း ၉ ယောက်တင်ခဲ့တာပါ။ သက်သေအဖြစ်ရရှိထားတဲ့ DNA နဲ့ အဖမ်းခံရတဲ့ ကလေးတွေရဲ့ DNA တွေက မတူညီဘူးလို့ ထွက်ဆိုချက်တွေ ရှိခဲ့ပေမယ့် အခုလို ပြစ်ဒဏ်အမိန့်ချမှတ်ခဲ့တဲ့ အပေါ်မှာတော့ အယူခံဆက်တင်သွားဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကျွန်တော် ရန်အောင်ထွန်းပါ-

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်