နှစ်နှစ်တာကာလအတွင်း တိုးတက်သမျှ

ဒေါက်တာထူးပြည့်စုံသျှင်

၂၀၁၈၊ မေ၊ ၁၂ ရက် (ယူနတီဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၂))

စစ်အစိုးရကာလအတွင်း အမေးတစ်ခုဖြေခဲ့ဖူးတယ်။ အကောင်းဆုံးစစ်အစိုးရထက်၊ အညံ့ဆုံးအရပ်သားအစိုးရ က သာလွန်ကောင်းမွန်တယ်လို့။ တကယ်တော့ စစ်အစိုးရလက်ထက်မှာ စစ်စရိတ်မြောက်များစွာ အသုံးပြုတာက တစ်မျိုးသားလုံးထုတ်ကုန် GDP ကို ဘယ်လောက်ထိသုံးခဲ့သလဲဆိုရင်ကမ္ဘာ့ ကျန်းမာရေးစောင့်ရှောက်မှု အညံ့ဆုံး ၁ဝ နိုင်ငံစာရင်းမှာတစ်ခုတည်း၊ အာဖရိကမဟုတ်တဲ့ နိုင်ငံဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကပေးတဲ့ အညွှန်းကိန်းမှာ (သုညဒဿမ ၁၃၈)သာရတယ်။ ကျန်းမာရေးစောင့်ရှောက်မှုက GDP ရဲ့ ၃ ရာခိုင်နှုန်းသာသုံးလို့ ကမ္ဘာပေါ်မှာ ကျန်းမာရေးစောင့်ရှောက် မှုအတွက် ငွေသုံးအနည်းဆုံးနိုင်ငံတွေထဲ တစ်နိုင်ငံဖြစ်သလို နိုင်ငံတကာရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအကူအညီကိုလည်း အနည်းဆုံးရတဲ့ နိုင်ငံထဲမှာလည်း ပါဝင်နေတယ်။ နိုင်ငံသားတို့ဟာ သူတို့ ကိုယ်ပိုင်ငွေကို စိုက်ထုတ်ပြီးဆေးကုသ မှုခံယူနေရတယ်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်ကစပြီး နိုင်ငံတကာမှအကူအညီတွေ သိသာစွာရလာသလို၊ ကျန်းမာရေးစောင့် ရှောက်မှုအာမခံစနစ်လည်း ကျင့်သုံး လာလို့ရေရှည်မှာ တိုးတက်လာမယ့် လက္ခဏာရှိတယ်တဲ့။

NLD အစိုးရသက်တမ်း နှစ်နှစ်ကျော်လာတဲ့အချိန် မြန်မာနိုင်ငံရဲ့အခြေအနေအရပ်ရပ်မှာ ယခင်အစိုးရလက်ထက်ကထက် အကောင်းဘက်ရှိနေမှုကျဆင်းနေကြောင်း အမေရိကန်အခြေစိုက်လူထု စစ်တမ်းIRI- International Republican Institute က ဩဂုတ် ၂၂ ရက်က ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်။ ယခင်ပြည်ခိုင်ဖြိုး၊ စစ်အာဏာရှင်မျိုးဆက် ကောက်ခံခဲ့တဲ့ စစ်တမ်းနဲ့နှိုင်းယှဉ်ကြည့်ရင် ခပ်ညံ့ ညံ့ပြည်သူ့အစိုးရလို့ သုံးသပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီမှာကောက်ခံခဲ့တဲ့ အချက်အလက်အရ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ဟာ အကောင်းဘက်မှာရှိတယ်လို့ ပြောဆိုသူက ၈၈ ရာခိုင်နှုန်းထိရှိခဲ့ပြီး လက်ရှိနှစ်နှစ်ကျော် NLD အစိုးရလက်ထက် မြန်မာနိုင်ငံရဲ့အခြေအနေ အရပ်ရပ်အကောင်းဘက်မှာရှိတယ်လို့ ဖြေဆိုခဲ့တဲ့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအပေါ် အကောင်းမြင်မှု ၇၅ ရာခိုင်နှုန်းသာရှိလို့ ကျဆင်းသွားကြောင်းသိရတယ်။ လက်ရှိအခြေအနေမှာ အဆိုးဘက်ရောက်နေတယ်လို့ ထင်မြင်ယူဆသူ၊ ဦးသိန်းစိန်လက်ထက် ၆ ရာခိုင်နှုန်း သာရှိရာမှ NLD ပြည်သူ့အစိုးရလက်ထက် ၁၆ ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း သိရတယ်။

ယခုဖြေဆိုမှုများ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖြေဆိုသူ ၂၂၄၉ ဦးရှိခဲ့ရာ အဆိုးဘက်ဦးတည်နေတယ်လို့ ထင် မြင်သူ ၄၉၃ ဦးမဲပေးခဲ့ပြီး လမ်းတံတားဖောက်လုပ်ခြင်းအတွက် ၄ဝ ရာခိုင်နှုန်း အကောင်းဘက်ရှုမြင်ကာ စီးပွားရေးတိုးတက်ကာ အလုပ်အကိုင်ရရှိလာတယ်လို့ထင်သူ ၁ဝ ရာခိုင်နှုန်း၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုစံနှုန်းအပေါ်အကောင်းမြင်သူ ၆ ရာခိုင်နှုန်း၊ လူမှုရေးဝန်ဆောင်မှုအပေါ် ၆ ရာခိုင်နှုန်း၊ အစိုးရသစ်ကြောင့် ထင်မြင်ယူဆသူ ၅ ရာခိုင်နှုန်းထိရှိပြီး မဖြေသူ ၉ ရာခိုင်နှုန်းရှိကာ အဆိုးဘက် ဦးတည်နေတယ်လို့ ယူဆသူ ၅၃ ရာခိုင် နှုန်းရှိကြောင်း ဆိုတယ်။

မြန်မာနိုင်ငံရဲ့GDP ၃ဝ ရာခိုင်နှုန်းရှိတဲ့ လယ်ယာကဏ္ဍအခြေခံနိုင်ငံဖြစ်လို့ စီးပွားရေးဖွံ့ဖြိုးမှု မူဝါဒနဲ့နည်းဗျူဟာရေးဆွဲရာမှာ လယ်ယာကဏ္ဍအခြေခံကာ အခြားစီးပွားရေးကဏ္ဍတွေကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး အလေးထားခဲ့တယ်။ လယ်ယာကဏ္ဍမှာ ၂ဝ၁၇ ခုနှစ် အချိန်ခါမဲ့မိုးနဲ့ရေကြီးရေလျှံမှုတွေကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးတစ်ခုတည်းတင် စိုက်ဧက ၅ဝဝဝဝ ရေနစ်မြုပ်ခဲ့ပြီး လယ်ဧက ၂ဝဝဝဝ နီးပါး ပျက်စီးခဲ့ရတယ်။ ကြက်ငှက်တုပ်ကွေး H5N1 ကြောင့် ကြက်ငုံး မွေးမြူရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၆၅ သန်းဝန်းကျင် ဆုံးရှုံးခဲ့တယ်။ စိုက်ပျိုးမွေးမြူရေးဟာ နိုင်ငံတစ်နိုင်ငံတိုး တက်ထွန်းကားဖို့ သိပ်မသေချာဘူး။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် အသက်မွေးဝမ်းကျောင်းပညာကိုယ်စီတတ်ကျွမ်းကာ တစ်ဦးချင်းဝင်ငွေမြင့်မားရေး အလေးပေးရမယ်။ စက်မှုနည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းဦးစား ပေးခဲ့တဲ့ စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ ကိုရီးယားမှာ သံယံဇာတ၊ စိုက်ပျိုးမြေနဲ့ သစ်တောတွေမရှိသလောက်ပါ ပဲ။ အစိုးရကအသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဦးစားပေးကာချေး ငွေတွေထုတ်ချေးခဲ့သလို အကြီးစားစက်မှုလုပ်ငန်းတွေ အောင်မြင်နေတယ်။ ယနေ့စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ အာရှကျားလေးကောင်စာရင်းဝင်နေပါပြီ။ ဈေး ကွက်စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးခဲ့တဲ့ တရုတ်၊ ဗီယက်နမ်ကွန်မြူနစ်နိုင်ငံတွေတောင် အသက်မွေးဝမ်းကျောင်း ပညာပြောင်းလဲကျင့်သုံးခဲ့လို့ ယနေ့စက်မှုတိုးတက်တဲ့ နိုင်ငံထဲဝင်ရောက်လာပါပြီ။ မြန်မာနိုင်ငံမှာ သံယံဇာတကို အရိုင်းတုံးအတိုင်း သစ်လုံးအတိုင်းတင်ပို့ခဲ့လို့လည်း သံယံဇာတကုန်ခမ်းကာ ရသင့်သလောက် နိုင်ငံခြားငွေမရတဲ့အပြင် ရာသီဥတုဆိုးရွားလာတယ်။

NLD အစိုးရလက်ထက် ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် ဝင်မလာခဲ့ပါ ဘူး။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုအ တွက် လွယ်ကူမှုညွှန်းကိန်း Doing Business မှာ အကဲဖြတ်တဲ့အဆင့် ၁၈ ဆင့်ရှိပြီး စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း၊ အဆောက်အအုံဆောက်လုပ်ခွင့်ရယူခြင်း၊ လျှပ်စစ်မီးသွယ်တန်းရယူခြင်း မြေနဲ့အိမ်ရာအဆောက်အအုံ မှတ်ပုံတင်ခြင်း၊ ချေးငွေရယူခြင်း၊ အနည်းစုရင်းနှီး မြှုပ်နှံသူတွေကို အကာအကွယ်ပေးခြင်း ပြည်ပကိုကုန်သွယ်ခြင်း၊ စာချုပ်များ သဘောတူညီမှု အာဏာတည်လိုက်နာစေခြင်း၊ ဒေဝါလီခံမှုကိုဖြေရှင်းခြင်းစတဲ့ အချက်တွေနဲ့ တိုင်းတာခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ၂ဝ၁၈ ခုနှစ် နိုင်ငံပေါင်း ၁၉ဝ အနက် အဆင့် ၁၇၁ ဆင့်ရှိတယ်။ စွမ်းဆောင်မှု ကွာလှမ်းရမှတ်တွေမှာ ကဏ္ဍခြောက်ခု မြင့်လာခဲ့တယ်။

မြန်မာနိုင်ငံက စီးပွားရေးညံ့တယ်။ အဓိကမှာ ကုန်သွယ်မှု Trade ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု Foreign Direct Investment FDI တို့ဟာ ကုန်ထုတ်လုပ်မှု Production ထက် တိုးတက်လျက် ရှိတယ်။ ထုတ်ကုန်အရည်အသွေးနဲ့ နည်းပညာဆန်းသစ်တီထွင်မှုတို့ ပိုမိုမြင့်မားစေကာ အသေးစားနဲ့အလတ်စား SMEs တို့အတွက် အသိပညာနဲ့နည်းပညာတွေရရှိစေကာ အချို့ပုံတူကူးယူ ဆောင်ရွက်နိုင်ခြင်း အချို့ကိုလွှဲပြောင်းရ ယူနိုင်ခြင်း ကောင်းကျိုးတွေရရှိနိုင်ခဲ့ပါတယ်။

NLD ပြည်သူ့အစိုးရလက်ထက် အလုပ်အကိုင်သစ် အခွင့်အလမ်းသစ်တွေရှာဖွေမပေးနိုင်လို့ နိုင်ငံခြားကိုရွှေ့ ပြောင်းလုပ်သားအဖြစ် ပိုမိုထွက်ခွာနေကြတယ်။ ရွှေ့ပြောင်းလုပ်သားတွေဟာ သူ့လူမျိုးမလုပ်လိုတဲ့ အလွန်ပင်ပန်းတဲ့အလုပ်၊ ညစ်ပတ်ပေရေတဲ့အလုပ်၊ အသက်အန္တရာယ်ကြီးတဲ့အလုပ်လုပ်ကိုင် ကြရကာ သူ့လူမျိုးရရှိတဲ့လုပ်ခထက် လျော့နည်းရနေတဲ့အတိုင်း မြန်မာနိုင်ငံရဲ့တစ်နေ့ ၈ နာရီအနည်းဆုံးလုပ်အားခ ကျပ် ၄၈ဝဝ ထက် ၄-၁ဝ ဆသာလွန်နေလို့ ယနေ့တိုင် ထွက်ခွာနေဆဲဖြစ်တယ်။ ရွှေ့ပြောင်းတို့စုဆောင်းထားတဲ့ ငွေအချို့ နိုင်ငံအတွင်းပြန်ပို့နေလို့မိသားစုအချို့စားဝတ်နေရေး ပြေလည်နေကြ လို့ နိုင်ငံအတွက် အကျိုးရှိလှတဲ့လုပ်ငန်းပဲဖြစ်တယ်။ နိုင်ငံတော်အစိုးရက အခမဲ့ငွေကြေးလွှဲပေးနိုင်ရင် နိုင်ငံခြားဝင်ငွေ အသားတင်ရရှိမှာပဲဖြစ်တယ်။

၂၁ ရာစုပင်လုံညီလာခံ တတိယအစည်းအဝေးကို မွန် NMSP နဲ့ ရှမ်း RCSS/SSA တို့ ညီလာခံမကျင်းပရသေး လို့ မေလကုန်ထိရွှေ့ဆိုင်းထားတယ်။ အပစ်ရပ် NCA လက်မှတ်ထိုးပြီးသူ မွန် NMSP နဲ့ လားဟူ LDU အပါအဝင် ၁ဝ ဖွဲ့ရှိလာခဲ့တယ်။ ပြည်တွင်းစစ်အဆုံးသတ်ရေးက မရေရာသေးဘူး။ တပ်မတော်နဲ့ ကချင် KIA ၊ တအာင်း TNLA ၊ ရခိုင် AA တို့ တိုက်ပွဲတွေ သင်္ကြန်တွင်းမှာပင်ဖြစ်ခဲ့ကြသေးတယ်။ အကြမ်းဖက်မှုတွေက အဆိုးဘက်ဦးတည်နေတယ်လို့ ၂ဝ ရာခိုင်နှုန်းက ထင်မြင်ချက်ပေးပြီး ပြစ်မှုများပြားလာခြင်း၊ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနဲ့ လုံခြုံရေးအားနည်းလာခြင်းတို့စတဲ့ တရားဥပဒေစိုးမိုးမှု ကျဆင်းနေတယ်လို့ ထင်မြင်ကာ အဆိုးဘက်ဦးတည်နေတယ်လို့ ယူဆသူ ၁၄ ရာခိုင်နှုန်းထိရှိတယ်။ မြန်မာနိုင်ငံလုံခြုံရေးနဲ့ပတ်သက်ပြီး လွန်စွာကောင်းတယ် ၁၉ ရာခိုင်နှုန်း၊ သာမန်ကောင်းတယ် ၅ဝ ရာခိုင်နှုန်း၊ ဆိုးရွားတယ် ၇ ရာခိုင်နှုန်း၊ မဖြေလိုသူ ၅ ရာခိုင်နှုန်းရှိကြောင်း သိရတယ်။

အိန္ဒိယနိုင်ငံကို အတုယူသင့်တယ်။ ၂ဝ၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ကျေးလက်နေ ၇ဝ ရာခိုင်နှုန်း အိန္ဒိယလိုပဲရှိနေပြီး၊ အိန္ဒိယကကျေး လက်ထိ ၂၄ နာရီလျှပ်စစ်မီးလင်းတော့ ကျေးလက်ဗဟိုပြု စီးပွားရေးလုပ်ငန်းတွေ ခွင့်ပြုလိုက်တဲ့အခါ အလုပ်အကိုင်သစ်၊ အခွင့်အလမ်းသစ်များလာပြီး ရွှေ့ ပြောင်းလုပ်သားပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံ ခြားကုမ္ပဏီတစ်ခု လုပ်ငန်းစတင်ဖို့ယခင် ၁၅ ရက်မှ ၂၄ နာရီအတွင်း ရလာပြီ။ ထိုင်းက စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှု အတွက် လွယ်ကူမှုညွှန်းကိန်း မြန်မာ ထက်သာပါတယ်။

NLD ပြည်သူ့အစိုးရလက်ထက်မှာ အခွန်ပေါင်းစုံအမျိုးမျိုး ကောက်ယူလာပြီး ဖုန်းဘေလ်ကနေ အခွန်ကောက်ယူခြင်း၊ စားသောက်ခွန်စတဲ့ အခွန်မြင့်မားလာပြီး အသက် ၉ဝ နှင့်အထက် ဘိုးဘွားတွေ တစ်လကျပ် ၁၅ဝဝဝ လူမှုရေး ပင်စင်ပေးနိုင်သလို၊ ကလေးနှစ်နှစ်အောက်ထိ ကျပ်တစ်သောင်းနဲ့လစဉ်ပေး ခြင်းနဲ့ အသက် ၈၅ နှစ်နှင့်အောက် ဘိုးဘွားများ လစဉ်လူမှုရေးပင်စင်ပေးနိုင် တော့မယ်ဆိုတယ်။ နိုင်ငံ့ဝန်ထမ်း လောကမှာ လာဘ်ပေးလာဘ်ယူမှုရှိနေ ဆဲဖြစ်ပြီး အဂတိတိုက်ဖျက်ရေးကော်မရှင်အဖွဲ့နဲ့ ဆောင်ရွက်နေတဲ့တိုင် သက်ဆိုးရှည်နေတယ်။ နှစ်နှစ်တာကာလအတွင်း အကြီးမားဆုံးပြောင်းလဲမှုကတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နေရာကို သမ္မတဦးဝင်းမြင့်နဲ့ ပြောင်းလဲပေးခဲ့ခြင်း ဖြစ်ပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်