သွေးချောင်းစီးဖို့ လက်နှစ်လုံးအလို (အယ်ဒီတာ့ အာဘော်)

မြန်မာနိုင်ငံသည် လုံခြုံရေး အဆမတန်အားနည်းပြီး မီးဟုန်းဟုန်းတောက်မှ မီးသတ်ဖုန်းနံပတ်ရှာဖွေတတ်သည့် အကျင့်ဆိုးများဖြင့် စည်ကားသော ခပ်ညံ့ညံ့လူသား တို့၏ တိုင်းပြည်ကြီးဖြစ်နေသည်။. အစိုးရသည် ပြည်သူကပေါက်ဖွားလာ၍ ပြည်သူညံ့လျှင် အစိုးရညံ့မည်ဖြစ်သည်။ ပြည်သူက အချောင်လိုက်တတ်သည့် လူတန်းစားများနေလျှင် အစိုးရအဖွဲ့တွင်လည်း အချောင်သမားတွေထူထပ်နေမည် ဖြစ်သည်။ ယနေ့ ခိုးဝင် ဘင်္ဂါလီပြဿနာကြောင့် ဤသို့မှာ တမ်းချွေ သတိပေးလိုက်ရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ လဝတ အဖွဲသည် သူတို့နိုင်ငံတွင်းသို့ တရားမဝင်ရောက်ရှိသည့် မည်သည့်လူမျိုးကိုမှ မှတ်ပုံတင်မလုပ်ပေးသည့်အပြင် စုံစမ်းဖော်ထုတ်ကာ ဖမ်းဆီး ထောက်ချခြင်းများပြုလုပ်ကြသည်။ မြန်မာနိုင်ငံကဲ့သို့ တိုင်ကြားမှ အရေးယူတတ်သည့် နိုင်ငံမျိုးမဟုတ်။ ရဲအလုပ်ရဲလုပ်သည်။ စစ်သားအလုပ်စစ်သားလုပ်၊ လဝက အလုပ် လဝကလုပ်သည့် နိုင်ငံဖြစ်ပေသည်။ သူတို့သည် လာဘ်စားမှုကိုရွံရှာကြသည်။
မလေးရှားနိုင်ငံ လဝက အဖွဲ့သည်လည်း ထိုင်းနိုင်ငံကဲ့သို့ပင်ဖြစ်သည်။ နိုင်ငံခြားသားများအား နှစ်စဉ် အော်ပရာစီ စီမံကိန်း ဖြင့် လိုက်လံစစ်ဆေးဖမ်းဆီးသည် ။ ဗီဇာချိုးဖောက်သူများအား အော်ပရာစီ စစ်ဆေးရေးတွင် အများအပြား ဖမ်းဆီးရမိလေ့ရှိပြီး ခိုးဝင်သည့် နိုင်ငံခြားသားများကိုလည်း ဥပဒေအရ ထိရောက်ပြင်းထန်စွာအရေးယူသည်။ ကြိမ်ဒဏ်၊ ငွေဒဏ်၊ ထောင်ဒဏ် ချမှတ်သည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နှစ်စဉ် အော်ပရာစီလုပ်ကာ လမ်းပေါ်တွေ့သမျှ မသင်္ကာသည့် နိုင်ငံခြားသားများအား ရဲနှင့် လဝက ပူးပေါင်းအဖွဲ့က နိုင်ငံသား ကပ်ပြားတောင်းခံခြင်း၊ အလုပ်သမား မှတ်ပုံတင် တောင်းခံခြင်း သို့မဟုတ် နိုင်ငံခြားတွင်းသို့ ဝင်ရောက်လာသည့် အထောက်အထားများ ၊ တောင်းခံကြည့်ရှုခြင်းများ ပြုလုပ်လေ့ရှိသော်လည်း မြန်မာနိုင်ငံမြို့တော်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်၊ စသည့်မြို့ကြီးများတွင် တစ်ခါမျှ ပြုလုပ်မှုမရှိ။ ထိုအတွက်ကြောင့် တိုင်းပြည်တွင် ဘင်္ဂါလီကုလားများ နေရာအနှံ့ ရောက်ရှိနေပြီး ဤအ တိုင်းဆက်လက်ခိုးဝင်နေမည်ဆိုပါက တစ်တိုင်းပြည်လုံး သွေးချောင်းစီးမည့် တိုက်ပွဲကြီးအား မြန်မာများ ဆက်နွဲကြရပေလိမ့်မည်။
မည်သူမျှ စစ်မဖြစ်ချင်ကြသော်လည်း လူဆိုးများ၏ စိတ်ဓာတ်ယုတ်ညံ့မှုကြောင့် နိုင်ငံတကာတွက် တိုက်ပွဲများ ရှိနေပြီဖြစ်သည်။ အမျိုးသား ရေးဟူသည် သူများနိုင်ငံသားကိနု စော်ကားခြင်း၊ မဟုတ်။ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်နယ် နိမိတ်ကို ကာကွယ်ခြင်းဖြစ်၍ နိုင်ငံတကာ ဝိုင်းဆဲနေသည့်တိုင် မြန်မာတွေအတွက် အမျိုးသားရေးကို လုပ်ဆောင်ကြရမည်ဖြစ်သည်။ အမျိုးသားရေး ရည်မှန်းချက်ကို ဗိုလ်ချုပ်အောင်ဆန်းက ချမှတ်ခဲ့သည်ကိုလည်း သမိုင်းမမေ့ဖို့ လိုပေမည်။ ကိုယ့်နိုင်ငံထဲ ခိုးဝင်နေသည်ကို သိနေပါလျက် ငြိမ်ခံနေလျှင် တစ်မျိုးသားလုံး ကျွန်ဘဝ ပြန်ရောက်မည်ဖြစ်သည်။
“ လူမျိုးရေး အခွဲခြားသင့်ဘူး” ဟူသော နိုင်ငံတကာ၏ အမြင်သည် အပေါ်ယံမှန်ကန်သည်ဟု ထင်ရသော်လည်း ဘာသာရေး အယူအဆများ အားပြိုင်လာသော နိုင်ငံအများစုတွင် တစ်ဖက်နှင့် တစ်ဖက် သတ်ဖြတ်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ အိုင်အက်စ်ကဲ့သို့ ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းများ ပေါ်ပေါက်လာသောအခါ လူမှုရပ်ဝန်းများအတွက် အသေခံ ဗုံးခွဲသတ်ဖြတ်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ အိုင်အက်စ်ကဲ့သို့ ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းများပေါ်ပေါက်လာသော အခါ လူမှုရပ်ဝန်းများအတွက် အသေခံ ဗုံးခွဲသတ်ဖြတ်မည့် အန္တရာယ်ကြီးများ နေ့စဉ်ကြုံတွေ့ကြရမည်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရခိုင်ပြည်နယ်အရေးကို ကြားဝင်ဆောင်ရွက်ရာတွင် နှစ်ဖက်မျှတဖို့လိုမည်ဖြစ်သည်။ တစ်ဖက်သတ်ဖိအားပေးခြင်းများကို ရှောင်ရှားရမည်။ မြန်မာနိုင်ငံတွင် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်ဟူသည်ကို လေးစားစွာသိမြင်ထားရမည်။ စစ်ရေးခြိမ်းခြောက်မှုများဖြင့် အကြပ်ကိုင်၍ မရဟု ယူနတီမှ တရားမျှတစွာ သတိပေးလိုက်ရပေသည်။

38Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်