ဘွဲ့လွန် ဘူမိဗေဒ ဒီပလိုမာ တစ်နှစ်သင်တန်း ဖွင့်လှစ်သင်ကြားမည်

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်တွင် ဘူမိဗေဒ ဒီပလိုမာ တစ်နှစ်သင်တန်း ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တစ်နှစ်သင်တန်း အထူးပြုဘာသာရပ်များမှာ Economicand Mining , Geology, Exploration, Geochemistry , Expioration Geochemistry, Geophysics, Gemmology, Hydrogeology, Engineering Geology, Prtroleum Geology တို့ဖြစ်ပြီး လျှောက်ထားသူများသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသားဖြစ်ပြီး အနိမ့်ဆုံး ပညာ အရည်အချင်းမှာ ဘူမိဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရပြီး မဟာသိပ္ပံအရည်အချင်း စစ်သင်တန်းသို့ တက်ရောက်ရန် အဆင့်မီသူ၊ ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ရ၊ ဘူမိဗေဒ ဘာသာရပ်ဆိုင်ရာ လုပ်ငန်းခွင်မှ ဝန်ထမ်းများသည် သက်ဆိုင်ရာ လုပ်ငန်းဌာနမှ အမြဲတမ်း လုပ်သက် ၂နှစ်ရှိပြီး ဌာနမှ အကြီးအကဲ၏ တရားဝင်ခွင့်ပြုမိန့် ရရှိမှသာ လျှောက်ထားနိုင်ကြောင်းသိရသည်။
ထို့အပြင် ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာ ဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် ၂၀၁၈ခုနှစ်မေ ၂၂ ရက် နောက်ဆုံးထားပြီး ၎င်းရက်ထက် နောက်ကျသည့် လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ကြောင်း အသေးစိတ် အချက်အလက်များအား ဘွဲ့လွန်အသုံးချ ဘူမိဗေဒဌာန လှိုင်တက္ကသိုလ်နယ်မြေတွင် စုံစမ်းနိုင်ကြောင်းသိရသည်
ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်