Featured Video Play Icon

ရိုက်တာသတင်းထောက်နှစ်ယောက်ကို လျှိ့ဝှက်စာရွက်မပေးဟု ဒုတပ်ကြပ်ထွက်ဆို

ရိုက်တာသတင်းထောက်တွေကို စာရွက်စာတမ်း ပေးခြင်မရှိဟု ဒုတပ်ကြပ် နိုင်လင်းထွက်ဆို
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ရဲ့ ၁၈ ကြိမ်မြောက်ရုံးထုတ်မှာ ဒုတပ်ကြပ်နိုင်လင်းက ကိုဝလုံးနဲ့ ကိုကျော်စိုးဦးဆီကို ဘာစာရွက်စာတမ်းမှ မပေးခဲ့ဘူးလို့ ထွက်ဆိုလိုက်ပါတယ်။
ဒါ့အပြင် ရိုက်တာသတင်းထောက်တွေနဲ့ ဆက်သွယ်ခဲ့တဲ့ ဒုတပ်ကြပ်နိုင်လင်းရဲ့ ဖုန်းအဝင်အထွက်စာရင်းကို မြန်မာဆက်သွယ်ရေးလုပ်ငန်းကနေ ယူဆောင်ပေးရေးအတွက် သမ္မာန်စာထုတ်ပေးဖို့ လျှောက်ထားချက် ကိုလည်း တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒုတပ်ကြပ်နိုင်လင်းကတော့ သူအမှန်တရားအတိုင်း ထွက်ဆို ခဲ့တာလို့ တရားရုံးကပြန်အထွက်မှာ ပြောပါတယ်။

ဒါဟာ အရင်ရုံးချိန်းတွေတုန်းက ဒုရဲမှူးဟောင်း မိုးရန်နိုင်ရဲ့ ဒုတပ်ကြပ်နိုင်လင်းအနေနဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးကို ရဲမှူးချုပ် တင်ကိုကိုရဲ့ ခိုင်းစေချက်ကြောင့် စာရွက်စာတမ်းပေးပြီး ထောင်ချောက်ဆင်ဖမ်းဆီးဖို့ တာဝန်ပေးခံရတဲ့သူ ဖြစ်တယ်ဆိုတဲ့ တရားခွင် ထွက်ဆိုချက်နဲ့ ကွဲလွဲနေပါတယ်။ ရိုက်တာသတင်းသမားနှစ်ဦးကို ရဲတပ်ဖွဲ့က အမှုဆင်ထောင်ဖမ်းတာမရှိခဲ့ဘူးလို့ မေလ ၁၅ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက နေပြည်တော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာက အမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေဆဲအမှုအတွက် ထိခိုက်နိုင်တယ်လို့ ရိုက်တာ သတင်းထောက်တွေဘက်က တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

နိုင်ငံတော်လျိွဳ႕ဝှက်ချက်အက် ဥပဒေပုဒ်မနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို တရားလိုပြသက်သေ ဒုတပ်ကြပ်နိုင်လင်းနဲ့ အတူ ဒီကနေ့ နံနက်ပိုင်းက အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်