အမိမြေပေါ်က ဧည့်ဆိုးများ(အယ်ဒီတာ့ အာဘော်)

ကမ္ဘာပေါ်တွင် လူသားမျိုးနွယ်ပေါင်း မြောက်မြားစွာတည်ရှိပြီး နိုင်ငံတကာ တွင်လည်း လူမျိုးစုများစွာ ဖြင့် ရောယှက် ရှင်သန် နေထိုင်ကြလျက်ရှိကြသည်။
လူသားမျိုးနွယ်စုများအား လေ့လာမိသောအခါ မြန်မာတစ်နိုင်ငံတည်းတွင်မူ ၁၃၅ မျိုးဟု သမိုင်းစာပေရှင်များ ရေးသားပြောဆိုနေကြသော်လည်း နိုင်ငံသားအများစု၏ မှတ်ဥာဏ်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ဟူသော ရှစ်မျိုးကိုသာ အလွတ်ကျက်မှတ်ထားကြသည်။
လူမျိုးစုမည်မျှပင် ရှိစေကာမူ မြန်မာပြည်တွင် နေထိုင်မည်ဆိုပါက တရားဥပဒေကို လေးစားလိုက်နာကြရမည်ဖြစ်သည်။
မြန်မာလူမျိုးအများစုသည် ဖော်ရွေခြင်း၊ အားနာခြင်း၊ ငါးပါးသီလအဆုံးအမဖြင့် ကြီးပြင်းခဲ့ခြင်းတို့ကြောင့် သူတစ်ပါးအပေါ်တွင် အနိုင်ကျင့်လိုစိတ်မရှိပေ။ သို့သော် မြန်မာပြည်အတွင်း သို့ ခိုးဝင်ရောက်ရှိနေကြသော ဘင်္ဂါလီအများစုသည် နယ်မြေ ထူထောင်လိုသော ရည်ရွယ်ချက်ပြင်းထန်နေပုံရပေသည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းဖြစ်သော အိုင်အက်စ်တို့သည် အမေရိကန်နှင့် မဟာမိတ်တို့၏ ဝေဟင်အထူးစစ်ဆင်ရေးများကြောင့် အီရတ်တွင် ခြေကုပ်ယူရန် မဖြစ်နိုင်တော့၍ အရှေ့တောင်အာရှကို နယ်မြေသစ်ရှာဖွေလာနိုင်သည်။
ဘင်္ဂါလီတို့သည် နိုင်ငံတကာတွင်ဖွဲ့စည်းထားသည့် OIC ဟူသော အစ္စလာမ္မစ်လူမှုအဖွဲ့အစည်း ကော်ပိုရေးရှင်း ၏ထောပ်ပံ့မှုများရရှိထားကြသည်။ ထို့ကြောင့်လည်း လာဘ်ငွေ အမြောက်အများထိုး၍ ရန်ကုန်သို့ရောက်ရှိရန် ချီတက်ကြသည်။ ရန်ကုန်ရောက်လျှင် မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် နေစရာအိမ်ခြံများကိုပါ ပိုင်ဆိုင်သွားကြသည်ဟု ကြားသိနေရသည်။ ရန်ကုန်မှ တစ်ဆင့် တခြားမြို့များတွင် အခြေချသည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သတ်၍ နိုင်ငံတကာမှ တပ်မတော်အပေါ် ဖိအားပေးနေချိန်တွင် ကချင်ပြည်နယ်တိုက်ပွဲကလည်း မြန်မာများ ဒုက္ခတွေ့ရန် ချိန်ကိုက်လုပ်သလိုဖြစ်နေသည်။ ထိုတိုက်ပွဲတွင် ပိတ်မိနေသော စစ်ဘေးသင့် ပြည်သူဆိုသည်မှာ အကယ်၍ ကချင်ပြောက်ကျားလက်နက်ကိုင်များ ဖြစ်ခဲ့သော် မြန်မာပြည်အရေးက ကံဆိုးမိုးမှောင်ကျမည်ဖြစ်နေသည်။ စစ်ပွဲဆင်နွဲနေသူတိုင်းသည် မိမိတို့ အောင်မြင်မှုရရှိရေးအတွက် နည်းပရိယာယ် အမျိုးမျိုးကို အသုံးပြုကြမည်ဖြစ်သည်။ ထို့ကြောင့် စစ်ပွဲများရပ်ဟူသော ကြွေးကြော်မှုမှာ စစ်ဖြစ်ရခြင်းကိစ္စကို ထဲထဲဝင်ဝင် သိဖို့လိုပေမည်။ ငြိမ်းစုစီ ခေါင်းစဉ်အောက်တွင် အော်ဟစ်ဆူပူနေကြခြင်းနှင့် လမ်းဘေးစရိုက်ဆန်ဆန်ကြမ်းတမ်းစွာ ဟောပြောခြင်းများက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းမျိုး မဟုတ်တော့ပေ။
လူသားတိုင်း မွေးရာပါအခွင့်အရေးရှိ၍ လွတ်လပ်စွာဆန္ဒဖော်ထုတ်နိုင်သည်။ သို့သော် တိုင်းပြည်လူထု စိတ်ခြောက်ခြားစေရန် တစ်ဖက်သတ် အော်ဟစ်ဆူပူနေကြခြင်းနှင့် လမ်းဘေးစရိုက်ဆန်ဆန်ကြမ်းတမ်းစွာ ဟောပြောခြင်းများက ငြိမ်းချမ်းစွာ စီတမ်းလှည့်လည်ခြင်းမျိုး မဟုတ်တော့ပေ။
လူသားတိုင်း မွေးရာပါ အခွင့်အရေးရှိ၍ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်နိုင်သည်။ သို့သော် တိုင်းပြည်လူထု စိတ်ခြောက်ခြားစေရန် တစ်ဖက်သတ် အော်ဟစ်ဆဲဆို ဂုဏ်သိက္ခာချခြင်းများရှောင်ရှားရပေမည်။
စစ်ပွဲရပ်ဆိုလျှင် ကချင်တောတွင်းလက်နက်ကိုင်အဖွဲ့ကေအိုင်အေ ကိုပါ တားမြစ်ရမည်။ နှစ်ဖက်စလုံးက ရပ်မှအဆင်ပြေကြမည်။ တစ်ဖက်သတ်စစ်ပွဲများ ရပ်ဆိုင်းခိုင်းခြင်းသည်မည်သို့မျှ အပြုသဘော မဆောင်ပေ။ ယနေ့ မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေး အလှမ်းဝေးနေခြင်းမှာ ကချင်ကလည်း ကချင်လူမျိုးများ အတွက်သာဦးစားပေးပြောဆိုသည်။ ဘင်္ဂါလီမျိုးနွယ်က ဘင်္ဂါလီများအတွက်သာ ပြောဆိုတိုက်ပွဲဝင်ချင်နေကြသည်။ သို့သော် မြန်မာကိုကယ်တင်ရန်အတွက် တာဝန်အရှိဆုံးဖြစ်သည့် မြန်မာလူမျိုးများက ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်နေ၍လက်ရှိပြည်တွင်း အန္တရာယ်က စိုးရိမ်စရာ။

23Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်