အမေရိကန်၏ တားမြစ်ပိတ်ပင်မှုကြောင့် တရုတ်တယ်လီဆက်သွယ်ရေးကုမ္ပဏီ ZTE ဒေါ်လာသုံးဘီလျံ နစ်နာဆုံးရှုံး

တရုတ်တယ်လီဆက်သွယ်ရေးကုမ္ပဏီကြီး ZTE သည် အမေရိကန်၏တာမြစ်ပိတ်ပင်ခြင်းခံရမှုကြောင့် အကြမ်းအားဖြင့်ဒေါ်လာ ၃ ဒဿမ ၁ ဘီလျံ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

နည်းပညာပစ္စည်းအမျိုးမျိုးထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းများကို ZTE ထံ တင်ပို့ရောင်းချခြင်းမလုပ်ရန် အမေရိကန်ကုမ္ပဏီများကို အမေရိကန်အစိုးရတားမြစ်ပိတ်ပင်ပြီးနောက် ZTE ၏ စီပွားရေးထိုသို့အထိနာခဲ့ရခြင်းဖြစ်သည်။ အမေရိကန်ကုမ္ပဏီများမှ ထုတ်လုပ်သောအစိတ်အပိုင်းများဖြင့် တပ်ဆင်ထုတ်လုပ်သည့် ZTE ၏ နည်းပညာများကို အမေရိကန်၏ပိတ်ဆို့အရေးယူမှုများ ချမှတ်ခံထားရသည့် မြောက်ကိုရီးယားနှင့် အီရန်တို့သို့တင်ပို့ရောင်းချကြောင်း ဖော်ထုတ်သိရှိရပြီးနောက် ထိုတားမြစ်ပိတ်ပင်ချက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားနှင့် အီရန်တို့သို့ ထုတ်ကုန်များတင်ပို့ရောင်းချခြင်းဖြင့် ZTE သည် အမေရိကန်နှင့် သူ့ကြားသတ်မှတ်ထားသော သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ခဲ့သည်ဟု သိရသည်။

ဤဖြစ်စဉ်နှင့်စပ်လျဉ်း၍ အမေရိကန်နှင့် တရုတ်ကြားညှိန်ှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေပြီး သဘောတူညီချက်တစ်ခုရရန် နီးစပ်နေပြီဖြစ်ကြောင်း မကြာသေးခင်မှစ၍ သတင်းများထွက်ပေါ်ခဲ့သည်။ ဖြစ်မြောက်လာဖွယ်ရာရှိသော ထိုသဘောတူညီချက်အရတရုတ်အမေရိကန်၏ စိုက်ပျိုးရေးထုတ်ကုန်များအပေါ် အခွန်လျှော့ချပေးကာ အမေရိကန်ထံမှ ယင်းသတင်းများကဆိုသည်။ အပြန်အလှန်အားဖြင့် အမေရိကန်က တားမြစ်ပိတ်ပင်ချက်ကို ပြန်လည်ရုပ်သိမ်းပေးရမည်ဖြစ်သည်။

Source: itproportal.com

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်