ပီအက်စ်ဂျီကို ပြည်တွင်းဖလားသုံးလုံး ဆွတ်ခူးပေးနိုင်ခဲ့သည့် အူနိုင်းအမ်မရီအား အာဆန်နယ်မန်နေဂျာသစ် အဖြစ်ခန့်အပ်

ပီအက်စ်ဂျီနည်းပြဟောင်း အူနိုင်းအမ်မရီကို မန်နေဂျာသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အာဆင်နယ်အသင်းက မေ ၂၃ တွင် တရားဝင်ထုတ်ပြန်ကြေညာ သည်။
၂၂ နှစ်ကြာ လက်တွဲခဲ့သည့် အာစင်ဝင်းဂါးနှင့် ရာသီကုန်တွင်လမ်းခွဲခဲ့သောအာဆင်နယ်သည် အထင်ကရစပိန်နိုင်ငံသားဘောလုံးနည်းပြ အမ်မရီနှင့် ပေါင် ၁၅ သန်းတန်သုံးနှစ် စာချုပ်တစ်ရပ်ချုပ်ဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ စာချုပ်သက်တမ်းတစ်နှစ်ကျန်သေးသော်လည်း ရာသီကုန်တွင်ပီအက်စ်ဂျီနှင့် လမ်းခွဲခဲ့သည့် အမ်မရီသည် ပြင်သစ်ထိပ်သီးကလပ်ကို နှစ်နှစ်ကြာကိုင်တွယ်ပြီး နောက်ယခုအခါ အမ်းမရိတ်သို့ရောက်ရှိလာခြင်းဖြစ်သည်။ အသက် ၂၆ နှစ်အရွယ် နည်းပြသည် ၂၀၁၇-၂၀၁၈ ရာသီတွင် ပီအက်စ်ဂျီအတွက် ပြင်သစ် ပထမတန်းဖလား၊ ပြင်သစ်လိဂ်ဖလားနှင့် ပြင်သစ်ဖလားတို့ဆွတ်ခူးကာ ပြည်တွင်းဖလား သုံးလုံးရယူပေးနိုင်ခဲ့သည်။ အမ်မရီသည် ၎င်း၏ နည်းပြဘဝတစ်လျှောက် ထူးချွန်သည့်အောင်မြင်မှုမှတ်တမ်းတစ်ရပ် ပိုင်ဆိုင်ထားသည်ဟု အာဆင်နယ်အသင်းက ၎င်း၏ နည်းပြဘဝတစ်လျှောက် ထူးချွန်သည့် အောင်မြင်မှုမှတ်တမ်းတစ်ရပ် ပိုင်ဆိုင်ထားသည်ဟု အာဆင်နယ်အသင်းက ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပြောကြားသည်။
အာဆင်နယ်ကို ၁၉၉၆ မှစပြီး တာဝန်ယူခဲ့သောဝင်းဂါး၏ အာဆင်နယ်မန်နေဂျာဘဝ နောက်ဆုံးရာသီမှာ မကျေနပ်ဖွယ်ရာဖြင့် အဆုံးသတ်ခဲ့ပြီး လန်ဒန်ကလပ်သည် အမှတ်ပေးဇယား၌ အဆင့်ခြောက်နေရာဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ကို နှစ်ရာသီဆက်ဆုံးရှုံးခဲ့သည်။
အာဆင်နယ်မန်နေဂျာသစ် အမ်မရီသည် ၂၀၁၆ တွင် ပီအက်စ်ဂျီသို့မရောက်မီ စပိန်ကလပ်ဆီဗီလာကို သုံးနှစ်ကိုင်တွယ်ခဲ့ပြီးယူရိုပါလိဂ်ဖလား သုံးနှစ်ဆက်ဆွတ်ခူးပေးနိုင်ခဲ့သည်။ ၎င်းသည် ယခင်က စပိန်ကလပ် ဗလင်စီယာနှင့် ရုရှားကလပ်၊ စပါးတပ်မော်စကိုတို့ကိုလည်း ကိုင်တွယ်ဖူးသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်