ဂျာမနီနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့များတွင် ဒီဇယ်ကားများကို စတင်ကန့် သတ်ပိတ်ပင်

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သည်လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် ဒီဇယ်သုံးယာဉ်များကို တစ်စိတ်တစ်ပိုင်းတားမြစ်ပိတ်ပင်သည့် ပထမဆုံး ဥရောပမြို့ ဖြစ်လာတော့မည်ဖြစ်သည်။
ဟမ်းဘတ်မြို့၏ အုပ်ချုပ်ရေးတာဝန်ရှိသူများက မိမိတို့ သည် မေ ၃၁ မှာစကာ ဒီဇယ်သုံးကားဟောင်းများနှင့် ကုန်တင်ယာဉ်များကို ဟမ်းဘတ်မြို့လယ်ရှိ အဓိက လမ်းမကြီး တစ်ခုပေါ် မောင်းနှင်းခြင်းမှတားမြစ်ပိတ်ပင်သွားမည်ဟု ပြောကြားသည်။ ဂျာမနီ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဟမ်းဘတ်ရှိအခြားလမ်းမကြီးတစ်ခုတွင် လည်း ဒီဇယ်သုံးကုန်တင်ယာဉ်ဟောင်းများ ကို ကန့်သတ်မှုများ ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဂျာမနီရှိ မြို့ကြီးအများအပြားသည် ဥရောပသမဂ္ဂက သတ်မှတ်ထားသော လေထုညစ်ညမ်းမှုအကန့်အသတ်များထက်မကြာမကြာကျော်လွန်နေတတ်ပြီး မြို့များအနေဖြင့် ဒီဇယ်စွန်းအင်သုံးယာဉ်များကို တားမြစ်ပိတ်ပင်လိုက တားမြစ်ပိတ်ပင်နိုင်သည်ဟု ယခုနှစ်ဖေဖော်ဝါရီတွင် နိုင်ငံ၏ ထိပ်တန်းတရားရုံးတစ်ခုက စီရင်ဆုံးဖြတ်ခဲ့သည်။ ဒီဇယ်လောင်စာသုံးယာဉ်များကို ကန့်သတ်မှုနှင့် စပ်လျဉ်း၍ ယာဉ်မောင်းများကို စည်းမျဉ်းသစ်များသတိပေးရန်နှင့် အခြားမောင်းနှင်နိုင်သောလမ်းကြောင်းများ အသိပေးရန် ဟမ်းဘတ်တွင် လမ်းပေါ်အမှတ်အသား ၁၀၀ ဝန်းကျင်တပ်ဆင်ထားကြောင်း သိရသည်။
ဂျာမနီရှိ ကားများ၏ သုံးပုံတစ်ပုံနီးပါးသည် ဒီဇယ်ကားများဖြစ်သည်ဟု ဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (EAMA)၏ အချက်အလက်များကဖော်ပြသည်။ ၂၀၁၆ မတိုင်မီ ရောင်းချခဲ့သော ဒီဇယ်ကားအများစုမှာ ဟမ်းဘတ်၏ ယခုကန့်သတ်ပိတ်ပင်မှုတွင် အကျုံးဝင်မည်ဖြစ်သည်။
လေထုအရည်အသွေးဆိုင်ရာစည်းမျဉ်းများကို လေးစားလိုက်နာရန်ပျက်ကွက်မှုအတွက် ဂျာမနီကိုအခြားငါးနိုင်ငံနှင့်အတူ ဥရောပ၏ ထိပ်တန်းတရားရုံးတစ်ခုသို့ တိုင်ကြားမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ယခုလတွင် ကြေညာခဲ့သည်။
Source : CNN

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်