လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးရေးတွင် နည်းပညာနှင့် သက်မွေးပညာကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကပြောသည်။
နည်းပညာ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ Koica သို့ ပူးပေါင်းဖွင့်လှစ်မည်နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ဆရာအတတ်သင် ကျောင်းတည်ဆောက်ခြင်း ပန္နက်တင် အခမ်းအနားကို ရန်ကုန်မြို့ သံလွင်လမ်း ရှိ နည်းပညာသက်မွေးပညာဆိုင်ရာ အတတ်သင်ကျောင်း TTT ၌ ဝန်ကြီး က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုဖွင့်လှစ်မည့် နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ဆရာအတတ်သင်ကျောင်း TTT တွင် ဆရာ၊ ဆရာမများနှင့် သင်တန်းနည်းပြများအတွက် ဖွင့်လှစ်မည့် သင်တန်းများတွင် Teachnical Training Teaching Methodology နှင့် Management Skill များ သင်ကြားသည့် အစီးအစဉ်များဖြစ်ကြောင်းသိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ KIOCA တို့ Record of Discussion အားလက်မှတ်ရေးထိုးပြီး ချိန်မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။
ဇင်နိုင်