ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ၂၀၃၀ ပစ်မှတ်ကို အချိန်စော၍ ပြည့်မီနိုင်မည်ဟု တရုတ်ယုံကြည်

လာမည့် ၂၀၃၀ ခုနှစ်ကို ပစ်မှတ်ပြုသည့် ကာဗွန်ထုတ်လွှတ်မှု၏ လျှော့ချရေးရည်မှန်းချက်ကို တရုတ်အနေဖြင့် အချိန်စော၍ ပြည့်မီစေလိမ့်မည်ဟု နိုင်ငံ၏ထိပ်တန်းရာသီဥတုဆိုင်ရာ သံတမန်တစ်ဦးက မေ ၂၃ တွင်ပြောကြားသည်။

၂၀၁၅ နှောင်းပိုင်းက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်အတွက် တရုတ်၏ ညှိနှိုင်းရေးခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူ ရှီဇန်းဟွာက တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အမီ ဖြည့်ဆည်းရန် ကတိပြုထားသည့် ကာဗွန်ထုတ်လွှတ်မှုလျော့ချရေး ဦးတည်ချက်တော်တော်များများကို ပြည့်မီခဲ့ပြီးဖြစ်သည်ဟု ပြောကြားသည်။ ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့ပြီးသည့် ဦးတည်ချက်များတွင် နိုင်ငံ၏ ကာဗွန်သိပ်သည်းဆကို ၄၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းသို့ သုံးနှစ်စော၍ လျှော့ချနိုင်ငံခြင်းလည်း အပါအဝင်ဖြစ်သည်ဟု ဆိုသည်။

ရာသီဥတုပူနွေးစေသည့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များကို ကမ္ဘာတွင်အများဆုံးထုတ်လွှတ်သည့်နိုင်ငံဖြစ်သော တရုတ်က ပါရီသဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်မည်ဟု သမ္မတဒေါ်နယ်ထရမ့်ဆုံးဖြတ်ခဲ့သော်လည်း မိမိအနေဖြင့် သဘောတူညီချက်တွင် ဆက်လက်ပါဝင်သွားမည်ဟု ထပ်လောင်းပြောကြားထားသည်။ မကြာသေးခင်က မြို့တော်ပေကျင်းတွင် ပြုလုပ်ခဲ့သော ကမ္ဘာ့ရာသီဥတုဆိုင်ရာ ညီလာခံတစ်ရပ်တွင် တရုတ်သမ္မတရှီကျင်းပင်က မိမိအနေဖြင့် တရုတ်သည် ကာဗွန်ထုတ်လွှတ်မှုလျော့ချရေး ၂၀၃၀ ပစ်မှတ်ကို ကြိုတင်၍ပြည့်မီစေနိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။ ထုတ်လွှတ်မှုလျော့ချရေး ဦးတည်ချက်များနှင့်စပ်လျဉ်း၍ ယခုအထိ တရုတ်ရရှိထားသည့် စွမ်းဆောင်အောင်မြင်မှုများကို ထောက်ရှု၍ ထိုသို့ထင်မြင်ရခြင်းဖြစ်သည်ဟု ရှီကျင်းပင်က ဆိုသည်။

Source: Reuters

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်