ကမ္ဘာ့ဖလားမတိုင်မီ နေမာ လေ့ကျင့်ခန်းပြန်ဆင်း

ဇွန်လတွင် စတင်တော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဘရာဇီးအသင်းအတွက် စိတ်အားတက်စရာသတင်းအဖြစ် ပီအက်စ်ဂျီကြယ်ပွင့်နေမာသည် မေ ၂၂ တွင် လေ့ကျင့်ခန်းပြန်ဆင်းခဲ့ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးသည် ညာခြေထောက်ဒဏ်ရာတစ်ရပ် ခွဲစိတ်ကုသမှုခံယူပြီးနောက် ဖေဖော်ဝါရီမှစပြီး အနားယူနေခဲ့ရသည်။ သို့သော် မေ ၂၂ က ရီယိုဒေဂျနေးရိုးမြို့အပြင်ဘက်ရှိ ဘရာဇီးအသင်း၏ လေ့ကျင့်ရေးကွင်း၌ တစ်နာရီကြာ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ကြောင်း သိရသည်။ နေမာသည် ဘရာဇီးအသင်းဖော်များဖြစ်သည့် မန်စီးတီးမှ ဂက်ဘရီရယ်ဂျီးဇပ်စ်နှင့် ဒန်နီလိုတို့နှင့်အတူ လေ့ကျင့်ခန်းဆင်းခဲ့ခြင်းဖြစ်သည်။ ယင်းနေ့အစောပိုင်းက ဘရာဇီးအသင်းဆရာဝန်များက နေမာ၏ ဒဏ်ရာပြန်လည်သက်သာမှုအခြေအနေကို စစ်ဆေး၍ လေ့ကျင့်ကစားခွင့်ပြုခဲ့ပြီးနောက် နေမာက ထိုသို့ပြန်လေ့ကျင့်မှု လုပ်ခဲ့ခြင်းဖြစ်သည်။ နာမည်ကြီးဘရာဇီးလက်ရွေးစင်ဟောင်း ရီဗယ်ဒိုက ရွှေဖိနပ်ဆုနှင့် ချန်ပီယံလိဂ်ဖလားရလိုလျှင် ပီအက်စ်ဂျီကို စွန့်ခွာရန် နေမာကို နောက်တစ်ဖန်တိုက်တွန်းထားသည်။ ရီးရဲမက်ဒရစ်သို့ဖြစ်စေ၊ အင်္ဂလိပ်ကလပ်တစ်ခုခုသို့ဖြစ်စေ ပြောင်းရွေ့ကစားခြင်းက နေမာအတွက် ရွှေဖိနပ်ဆုရရန်အခွင့်အရေးပိုရလိမ့်မည်ဟုထင်ကြောင်း ရီဗယ်ဒိုက Sky Sport သို့ ပြောကြားသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်