ဝါရင့်မင်းသမီး ကိတ်ဘလန်းချက်က ကမ္ဘာကျော်ဖက်ရှင် ကုမ္ပဏီကြီး Giorgio Armani ရဲ့ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ အလှအပရေးရာသံတမန်ဖြစ်လာပါတယ်။ အသက် ၄၉ နှစ်အရွယ်မင်းသမီးက ၂၀၁၃ ခုနှစ်ကတည်းက Giorgio Armani ရဲ့ Si ရေမွှေး အမှတ်တံဆိပ်အတွက် ပင်တိုင်မော်ဒယ်လ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါ Giorgio Armani ရဲ့ ကမ္ဘာလုံးဆိုင်ရာ အလှအပရေးရာသံတမန်ဖြစ်လာပါတယ်။
ဒီလိုရွေးချယ်ခံရတာ သူမက ပထမဆုံးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ကပ်နဲ့ အသားအရေထိန်းသိမ်းစောင့်ရှောက်ရေး အလှကုန်တွေအပါအဝင် အဆင့်မြင့်အကောင်းစား ဖက်ရှင်ဒီဇိုင်းနာ Giorgio Armani ရဲ့ အလှအပရေးရာထုတ်ကုန်အမျိုးအစားအားလုံးကို ကိုယ်စားပြုပေးရတော့မှာဖြစ်ပါတယ်။ ဘလန်းချက်ဟာ Armani ပစ္စည်းတွေအတွက် စံနမူနာပြ အမျိုးသမီးတစ်ယောက်အသွင်ကို ဆောင်နိုင်သူဖြစ်တာကြောင့် သူမနဲ့လက်တွဲအလုပ်လုပ်ရတာကို စိတ်တက်ကြွတယ်လို့ Giorgio Armani ကုမ္ပဏီက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောပါတယ်။