ထင်ရှားသည့် အီဂျစ်တက်ကြွလှုပ်ရှားသူနှင့် ဘလော့ဂါဝါအယ်အဘားစ်ကို မေ ၂၃ တွင် အီဂျစ်အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ယင်းနေ့နံနက်အစောပိုင်းက အဘားစ်၏နေအိမ်ကို ဝင်ရောက်စီးနင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် အီဂျစ်အစိုးရတာဝန်ရှိသူများက ၎င်းအားဖမ်းဆီးမှုကို အတည်ပြုခဲ့သည်။ ယခုနှစ်အစောပိုင်းက ရွေးကောက်ပွဲများပြုလုပ်ခဲ့ပြီး နောက်ပ်ိုင်း အီဂျစ်အာဏာပိုင်များသည် အစိုးရနှင့်သဘောထားကွဲလွဲသူများအား ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ အစိုးရကို ဝေဖန်မှုအတွက် လူသိများသည့် အဘားစ်အဖမ်းခံရမှုက ယခုနောက်ဆုံးဖြစ်လာသည်။
အဘားစ်သည် သတင်းတုဖြန့်ချိမှုနှင့် တရားအသင်းဆက်သွယ်မှုတို့ အပါအဝင်ဖြစ်သော စွပ်စွဲချက်များအတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်ဟု အမည်ဖော်ရမှာစိုးရွံ့သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တက်ကြွလှုပ်ရှားသူသည် ကိုင်ရိုဆင်ခြေဖုံးတစ်ခုရှိသူ့အိမ်မှ မျက်လုံးကိုအဝတ်စည်းလျက် အမည်မသိနေရာတစ်ခုသို့ ခေါ်ဆောင်ခ ံခဲ့ရပြီး သူ့ရှေ့နေနှင့်လည်း ဆက်သွယ်ခွင့်တားဆီးပိတ်ပင်ခံထားရသည်ဟု အာရပ်လူ့အခွင့်အရေးကွန်ရက်(ANHR) က ပြောကြားသည်။ အဖမ်းခံရပြီးမကြာမီ အဘားစ်က သူအဖမ်းခံလိုက်ရပြီးဖြစ်ကြောင်း ဖေ့စ်ဘုတ်တွင်အသိပေးခဲ့သည်ဟု သိရသည်။
မှုလောက်စရာမရှိသော ယှဉ်ပြိုင်ဘက်များနှင့် ပြိုင်ဆိုင်ခဲ့ရသည့် မတ်လရွေးကောက်ပွဲများတွင် သမ္မတအယ်စီစီပြန်လည်အနိုင်ရခဲ့ပြီးကတည်းက အီဂျစ်တွင် ဘာသာရေးမဖက်သော တက်ကြွလှုပ်ရှားသူအများအပြား အဖမ်းခံနေရသည်။
