နိုင်ငံသားတို့ စိတ်ဓာတ်တွေ ရက်စက်ဆိုးရွားနေသရွေ့

၂၀၁၈ မေလ ၁၉ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၂၃)
တလောက မော်ဒယ်အမျိုးသမီး လေးတစ်ဦး၏ အဓမ္မပြုကျင့်ခံရမှုသတင်း လေးတစ်ပုဒ် ဖတ်လိုက်ရသည်။ ထိုမော် ဒယ်အမျိုးသမီးလေးကို အဓမ္မပြုကျင့် သည့်သူမှာ သူမ၏ချစ်သူဖြစ်သောအဆို တော်တစ်ဦးဖြစ်နေ၏။ သူမပြောကြား ချက်အရ သူမ၏ချစ်သူဖြစ်သော ထိုအဆိုတော်သည် အလိုမတူပါဘဲ သူမအား ရိုက်နှက်နှိပ်စက်ပြီး အတင်းအဓမ္မကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်းကို သိရပေသည်။ ထိုအဆိုတော်၏ ရိုက်နှက်နှိပ်စက်မှု ကြောင့် သူမနေဖြင့် သတိမရတစ်ချက်၊ ရတစ်ချက်ဖြစ်နေသောအချိန်အတွင်း တွင် သူမနေဖြင့် အဓမ္မပြုကျင့်ခြင်းအား နှစ်ကြိမ်ခံစားခဲ့ရသည်ဟုလည်း သူမက ထုတ်ဖော်ပြောကြားထားပေသည်။ စင် စစ်တွင်လည်း သူမနေဖြင့် ထိုအဆိုတော် တဏှာဘီလူး၏ ရိုက်နှက်နှိပ်စက်မှု ကြောင့် ခန္ဓာကိုယ်ပြင်ပတွင် ဒဏ်ရာ ဒဏ်ချက်များ သိသာစွာထင်ရှားနေသည် လည်းဖြစ်ပါသည်။ အဆိုတော်ဟူသည့် တံဆိပ်ကပ်ထားသည့် ဆိုးရွားလွန်း သော တဏှာဘီလူးတစ်ကောင်၏ယုတ် မာကောက်ကျစ် ရက်စက်မှုတစ်ခုသာ ဖြစ်ပါပေသည်။
အထက်ပါအဓမ္မပြုကျင့်မှုအပြီး သူက သူ၏လူမှုကွန်ရက်စာမျက်နှာအထက် တွင် ” တကယ်တော့ မုဒိမ်းကျင့်တာမ ဟုတ်ပါဘူး။ အချစ်ကြီးတာပါ” ဟူသော စာသားအား၊ ဆေး၊ အရက်နှစ်ပင်လိမ် ၍ ကွဲနေသော ဆိုးရွားလွန်းသောမျက်နှာ ပေးဖြင့် ပို့စ်တင်၍ပင် မထီမဲ့မြင်လုပ်လိုက် ပြန်ပါသေးသည်။ အတော့်ကိုအောက် တန်းကျလှသော လူယုတ်မာလူရမ်းကား အောက်တန်းစားသာ ဖြစ်သည်ဟုဆိုချင် ပါတော့သည်။ တစ်နည်းအားဖြင့် ထိုအ ဆိုတော်သည် စိတ်ဓာတ်အဆင့်အတန်း အဆိုးရွားဆုံး နိမ့်ကျနေသောသူဟုသာ ဆိုချင်ပါတော့သည်။ အနုပညာအသိုင်း အဝိုင်းအတွင်းမှ အနုပညာသမားပါဟု တံဆိပ်ကပ်နှိပ်ထားပါသော်လည်း စင်စစ်တွင်တော့ စိတ်ဓာတ်နှင့်လုပ်ရပ်က အောက်တန်းစား ဆန်လွန်းလှသည်သာ ဖြစ်ပါသည်။ ယခုသူသည် ထိုအဓမ္မပြု ကျင့်မှုဖြင့် တရားရင်ဆိုင်နေရပြီးလည်း ဖြစ်ပါသည်။ တာဝန်ရှိသူများအနေဖြင့် နစ်နာရသူအတွက် တရားသောစီရင်မှု များ ချမှတ်ရန်တော့ လိုအပ်လှပါပေ သည်။ မည်သို့ပင်ဆိုစေ ထိုအဆိုတော် တဏှာဘီလူး၏ စိတ်ဓာတ်အဆင့်အ တန်းကတော့ အဆိုးရွားဆုံးနိမ့်ကျစွာ တည်ရှိနေသည်မှာလည်း သေချာလွန်း လှပါတော့သည်။
အထက်ပါအချင်းအရာနှင့်အတူ အနုပညာရှင်များပါဟု အသံကုန်ဟစ် ကြွေးနေကြသော ရုပ်ရှင်လောကသား တချို့၏ အရုပ်ဆိုးအကျည်းတန်လှသော ဖြစ်ရပ်တစ်ခုလည်း မကြာသေးသော ကာလတစ်ခုက အတော်အတန်ပင်လူ ပြော သူပြောများခဲ့ရသည့် ဖြစ်ရပ်ရှိပါသည်။ ထိုဖြစ်ရပ်ကို ခေါင်းစဉ်တပ်ရမည် ဆိုလျှင် ” မုဒြာရဲ့ခေါ်သံ မုဒိတာမပွားနိုင် ကြသူများ” ဟုသာ ဖြစ်ပေသည်။ စင်စစ် ထိုဖြစ်ရပ်မှာ မြန်မာပေါကားလောက အား ရိုက်ချိုးပစ်လိုက်သော ဇာတ်ကား များဖြစ်သည့် ” ဥပါယ်တံမျဉ်” နှင့် ” မု ဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားများကို ဖန်တီးပုံဖော်ထားသော ခီမောင်နှံအား၊ ပေါကားလောကအတွင်းတွင်ကျင်လည် ကျက်စားနေသူအချို့က မနာလိုဝန်တို စိတ်ဖြင့် ၤခေနဘသသု ဃဘ တွင် အတင်း တုပ်ကြခြင်းသာ ဖြစ်ပါသည်။ ထိုအတင်း တုပ်သောစာသားများသည် သူတို့အနေ ဖြင့် ထင်မှတ်မထားပါဘဲ ၤခေန ဘသသု တစ်ခွင်တွင် ပြဲပြဲစင်အောင်ပျံ့နှံ၍သွားရ ပါတော့သည်။ အမျိုးသမီးသရုပ်ဆောင် များပါသလို၊ အမျိုးသားသရုပ်ဆောင် များလည်း ပါ၏။ အတော့်ကိုအရုပ်ဆိုး အကျည်းတန်လွန်းလှသည့် ရုပ်ရှင် လောကသားတချို့၏ အတင်းတုပ်မှုသာ ဖြစ်ပါသည်။ အတင်းတုပ်ခံရသူများမှာ မြန်မာရုပ်ရှင်လောကအတွင်းသို့ အရည် အချင်းပြည့်ဝစွာဖြင့်၊ ယခုမှဝင်ရောက် လာသောသူများဖြစ်ကြပေသည်။မြန်မာ့ ရုပ်ရှင်အား ကမ္ဘာ့အဆင့်အထိထိုးဖောက် နိုင်အောင် စွမ်းဆောင်နိုင်မည့်အရည်အချင်းကောင်းများ ရှိနေကြသူများလည်း ဖြစ်ပါသည်။
ဤသည်ကိုပင် ပေါကားလောက သားတချို့က ထိုအရည်အချင်းပြည့်ဝ သောသူများအား မနာလိုမရှုစိမ့်ဖြင့် အ တင်းတုပ်ကြခြင်းလည်း ဖြစ်ပါသည်။ ဤကိစ္စ ၤခေနဘသသု တွင်ပျံ့နှံသွားပြီး၊ လူပြောသူပြောများလာပါမှ ပေါလောက မှ တာဝန်ရှိသူအကြီးအကဲတစ်ဦးက သတင်းစာရှင်းလင်းပွဲထ၍လုပ်ခါ ဖြေ ရှင်းတောင်းပန်မှု ပြုလုပ်ပါတော့သည်။ ထိုတာဝန်ရှိသူကြီး၏ ဖြေရှင်းချက်က ” ကလေးများကိုယ်စား တောင်းပန်ပါ ကြောင်း။ ၤခေနဘသသု ခဘ မှစာသားများ အား ဖြန့်သူကိုလည်း တရားစွဲဆိုတော့ မည်မဟုတ်ပါကြောင်း” ဟူ၏။ တတ် လည်းတတ်နိုင်သော သူကြီးသာဖြစ်ပါ သည်။ ကလေးတွေဟုဆိုသူများမှာ အသက်များ ဖင်စောင့်နေကြသူများဖြစ်ပြီး သူတို့အမှန်တကယ် အတင်းတုပ်ထား သောစာသားများအား ဖြန့်သူကိုပင်တစ် ဖန်ပြန်လည်၍ တရားစွဲဆိုချင်ကြဟန်တူ ပါသည်။ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းပန်ခြင်းသည် တောင်းပန်ခြင်းနှင့် မတူဘဲ အမှားကိုမှားပါသည်ဟု ဝန်မခံ ဘဲ သွယ်ခါဝိုက်ခါဖြင့် အမှန်တရားအဖြစ် ပုံဖော်သည့်အသွင်ကို ဆောင်၍နေပါ တော့သည်။ ထိုအရာသည် အနုပညာ ရှင်များပါဟု ပါးစပ်မှမနားတမ်းပြော တတ်သော ရုပ်ရှင်လောကသားတချို့၏ အရုပ်ဆိုးအကျည်းတန်လှသော မနာလို ဝန်တိုစိတ်သာဖြစ်ပါပေသည်။ တစ် နည်းအားဖြင့် ရုပ်ရှင်လောကသားတချို့ ၏ အဆိုးရွားဆုံးသောစိတ်ဓာတ်အဆင့် အတန်းနိမ့်ကျမှုတစ်ခုသာ ဖြစ်ပါပေ၏။
အထက်ပါအကြောင်းအရာများ သည် အနုပညာရပ်ဝန်းအတွင်းမှ ရုပ် ရှင်နှင့် ဂီတလောကသားတချို့၏ လူ ပြောသူပြောများခဲ့ရသော၊ လတ်တလောဖြစ်ပေါ်ခဲ့သည့် အဆိုးရွားဆုံးသော စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျမှုများ ကို တင်ပြရခြင်းဖြစ်ပါသည်။ အနုပညာ ရပ်ဝန်းအတွင်းမှ စိတ်ဓာတ်အဆင့်အ တန်းနိမ့်ကျသူတချို့၏ အခြားသောဖြစ် စဉ်ပေါင်းများစွာလည်း တည်ရှိ၍နေပါ သေးသည်။ အမှန်တော့နယ်ပယ်စုံမှ အမိမြန်မာနိုင်ငံသားအများစု၏ စိတ် ဓာတ်အဆင့်အတန်းများသည် အမျိုး မျိုးအဖုံဖုံဖြင့် အဆိုးရွားဆုံးနိမ့်ကျနေကြ ခြင်းလည်းဖြစ်ပါသည်။ လူမှုဘဝပတ် ဝန်းကျင်ကိုပဲ ကြည့်သည်ဖြစ်စေ၊ နိုင်ငံ ရေးလောကကိုပဲ ကြည့်သည်ဖြစ်စေ အများစုသောသူများ၏ စိတ်ဓာတ်အ ဆင့်အတန်းများမှာ အဆိုးရွားဆုံးနိမ့်ကျ နေသည်ကို ပီပီပြင်ပြင်မြင်တွေ့ကြရမည် သာဖြစ်ပါသည်။ အမှန်ပင် အမိမြန်မာ နိုင်ငံသားအများစု၏ စိတ်ဓာတ်အဆင့် အတန်းများမှာ အဆိုးရွားဆုံးနိမ့်ကျနေ ခြင်းသာဖြစ်ပါသည်။ အမိမြန်မာနိုင်ငံ သားအများစုအနေဖြင့် ကိုယ်ကျင့်တရား ပျက်ပြားနေကြ၏။ အရာရာစည်းမဲ့ကမ်း မဲ့ ဗရမ်းပတာနိုင်လွန်းလှပေ၏။ ကိုယ်ချင်းစာတရားများ ရှားပါးလာပြီး ဟီရိဩ တပ္ပတရားများလည်း ခေါင်းပါးနေကြပေ သည်။ စိတ်ကြီးဝင်၍ အကြောင်းမဲ့မာန် မာနတက်ခြင်းဖြင့် အမှန်အမှားကိုခွဲခြား နိုင်စွမ်းနည်းပါးလာကြပေသည်။ အစရှိ သဖြင့် အားမနာတမ်းဆိုရလျှင် ယနေ့ ခေတ် အမိနိုင်ငံသားအများစု၏ ကိုယ်၊ နှုတ်၊ စိတ်သုံးပါးစလုံး၏ အပြုအမူ အတွေးအခေါ် ဆောင်ရွက်ချက်များမှာ စည်းမဲ့ကမ်းမဲ့စွာဖြင့် အမှားယွင်းကြီးမှား ယွင်းနေကြခြင်းသာ ဖြစ်ပါသည်။ တစ် နည်းအားဖြင့် ယနေ့ခေတ်အမိနိုင်ငံသား အများစု၏ နေထိုင်ရှင်သန်မှုအသွင် သဏ္ဍာန်မှာ အသိÓာဏ်ပညာနည်းပါး လွန်းသည့်အဖြစ်သို့ ရောက်ရှိနေပြီး လည်းဖြစ်ပါသည်။ ဤအရာအား မိမိတို့ ၏ အနီးဝန်းကျင်ကို လေ့လာကြည့်ရုံဖြင့် ပီပြင်ပြတ်သားစွာဖြင့် မြင်တွေ့ကြရမည် လည်းဖြစ်ပါသည်။
ထိုအချက်ကပင် အမိနိုင်ငံအနေဖြင့် တိုးတက်သင့်သလောက် မတိုးတက်ရ ခြင်း၏ အဓိကကျသည့် အချက်လည်း ဖြစ်ပါတော့သည်။ အဘယ်ကြောင့်ဆို သော် ယနေ့ခေတ် တိုးတက်ဖွံ့ဖြိုးမှုထိပ် ဆုံးအဆင့်သို့ ရောက်ရှိနေသောနိုင်ငံများ အား လေ့လာကြည့်လျှင် ပြည်သူတစ် ရပ်လုံး၏ စိတ်ဓာတ်အဆင့်အတန်းများ မြင့်မားခြင်းက အဓိကနေရာမှပါဝင်နေ ခြင်းသာဖြစ်ကြောင်း တွေ့ကြရလိမ့်မည် ဖြစ်ပါသည်။ တိုးတက်ဖွံ့ဖြိုးသည့်နိုင်ငံ များမှ နိုင်ငံသားအများစုသည် အထူးသ ဖြင့် စည်းကမ်းရှိကြပေသည်။ အတွေးအ ခေါ်Óာဏ်ပညာများ မြင့်မားတတ်ကြ သည်။ စိတ်ဓာတ်အဆင့်အတန်းများ လည်း မြင့်မားစွာတည်ရှိနေကြသည် လည်း ဖြစ်ပါ၏။ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော စာပေမိတ်ဆွေတစ်ဦး က ” မြန်မာနိုင်ငံက ယာဉ်မောင်းတွေနဲ့ အမေရိကန်က ယာဉ်မောင်းတွေအရမ်း ကွာတယ်။ အမေရိကန်က ယာဉ်မောင်း တွေက လမ်းသွားလမ်းလာတွေကို ဦး စားပေးတယ်။ မီးစိမ်းလို့ဖြတ်မောင်း တော့မယ်ဆိုရင်တောင်မှ လမ်းသွား လမ်းလာတွေရှိရင် ကားကိုရပ်ပေးတတ် ကြတယ်။ မြန်မာနိုင်ငံမှာတော့ လမ်း သွားလမ်းလာတွေ ကားအရှေ့ ဖြတ်ကူးမိ တာပဲဖြစ်ဖြစ်၊ ကားအချင်းချင်းကျော် တက်မိတာပဲဖြစ်ဖြစ် ညစ်ညမ်းတဲ့စကား တွေနဲ့ ရန်ဆောင်ဖို့ချည်းတွေးနေတတ် ကြတယ်” ဟူ၍ သူ၏အတွေ့ အကြုံအား ရင်ဖွင့်ဖူးလေသည်။ အမှန်တော့ဤသည် မှာ နိုင်ငံသားများ၏စိတ်ဓာတ်အဆင့် အတန်း အနိမ့်အမြင့်ကွာခြားမှုအား ပီပီ ပြင်ပြင်ပြသနေသော သရုပ်သဏ္ဍာန် တစ်ခုသာဖြစ်ပါပေသည်။ ဃ့ညေညနူ လိုင်းတစ်ခုမှလွှင့်သည့် အစီအစဉ်လေး တစ်ခုအားလည်း ကြည့်လိုက်ရသည်။
ကိုရီးယားအနုပညာရှင်များ နယူး ဇီလန်နိုင်ငံမှ တောတွင်းတစ်နေရာအား ပျော်ပွဲစားထွက်သည့်သဏ္ဍာန် ရိုက်ကူး တင်ဆက်ထားခြင်းသာ ဖြစ်ပါသည်။ ထို တောအတွင်းတွင်ပင် အစားအသောက်၊ နေထိုင်စရာကအစ ကြုံသလိုရှာဖွေစား သောက်နေထိုင်ခြင်းအား အနုပညာရှင် များက လက်တွေ့ဖြတ်သန်းပုံဖော်ကြည့် ကြခြင်းသာဖြစ်ပါသည်။ မီးကအစ မီး ခြစ်မသုံးဘဲ ကျောက်တုံးများ သစ်ကိုင်း ခြောက်များဖြင့် မွှေးယူကြရသည်။ ဤ သည်ကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ် ပါသည်။ အဓိကပြောချင်သည်က ကိုရီး ယားအနုပညာရှင်များသည် တောအ တွင်းတွင် အစားအစာစားသောက်ရန်အ တွက် ရေကမ်းစပ်သို့ဆင်းခါ ငါးရှာဖွေ ဖမ်းဆီးကြခြင်းသာ ဖြစ်ပါသည်။ဤတွင် သူတို့၏စည်းကမ်းလိုက်နာမှုအား မြင် တွေ့ရပါတော့သည်။ သူတို့သည် ညစာ စားသောက်ရန်အတွက် ကမ်းစပ်တွင်ရှိ သော ငါးအစရှိသည့် ရေနေသတ္တဝါလေး များအား ခက်ခက်ခဲခဲဖမ်းဆီးကြရပေ သည်။ သို့သော် သူတို့ဖမ်း၍မိသော ငါး၊ ခရုလေးများအတွင်းမှ တချို့သောအ ကောင်လေးများအား နယူးဇီလန်နိုင်ငံက သတ်မှတ်ထားသော ဥပဒေနှင့်အညီ သတ်မှတ်ချက်နှင့် မကိုက်ညီပါက ချက် ချင်းပြန်လည်၍ လွှတ်ပေးကြခြင်းသာ ဖြစ်ပါသည်။ စင်စစ်ထိုအရာသည် ဘာ ရယ်မဟုတ်လှသော လုပ်ဆောင်ချက် လေးသာဖြစ်ပါ၏။ သို့သော် ထိုလုပ်ဆောင်ချက်ကလေးကပင် သူတို့၏စိတ် ဓာတ်အဆင့်အတန်း မြင့်မားမှုကိုအ ကောင်းဆုံး ဖော်ကျူးပြသနေခြင်းလည်း ဖြစ်ပါပေသည်။
အမိမြန်မာနိုင်ငံအတွင်းတွင်တော့ ကွမ်းတံတွေးမထွေးရဟူသော နေရာ တွင် ကွမ်းတံတွေးကွက်များ ပိုမို၍ပြန့် ကြဲနေတတ်သည်။ အမှိုက်မပစ်ရဟူ သော ဆိုင်းဘုတ်ကလေးသည် အမှိုက် များ၏ ဝိုင်းပတ်ဝါးမြိုမှုအောက်တွင် နစ် မြုပ်၍နေရရှာပေသည်။ တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင် များက ငြိမ်းချမ်းရေးလက်များဖြင့် လက် ဆွဲနှုတ်ဆက်နေချိန်တွင် အမိမြန်မာနိုင်ငံ အတွင်းတွင်တော့ ဒေသခံအပြစ်မဲ့ပြည် သူများသာ နစ်နာမှုများရသည့် ပြည် တွင်းစစ်ပွဲများက ဟိုမှသည်မှဆင်နွှဲ၍ ကောင်းနေကြဆဲသာ ဖြစ်ပေသည်။
နိုင်ငံရေးဇာတ်ခုံအပေါ်တွင်လည်း လက်ရှိလူထုအစိုးရအား နောက်ကျောမှ ထိုးစိုက်မည့်ဓားများက တဝင်းဝင်းတ လက်လက်ဖြင့် ဟန်ရေးတပြင်ပြင် အ သင့်အနေအထားတွင် ရှိနေကြသည်မှာ မြင်၍မကောင်းတော့ပေ။ ဤသည်မှာ အမိမြန်မာနိုင်ငံသားများနှင့် တိုးတက် ဖွံ့ဖြိုးပြီးသောနိုင်ငံများမှ နိုင်ငံသားများ ၏ အကြီးမားဆုံးသောကွာခြားချက်ကြီး သာ ဖြစ်ပါသည်။ အမိနိုင်ငံသား အများ စုအနေဖြင့် အသိဥာဏ်နည်းပါးစွာဖြင့် စိတ်ဓာတ်အဆင့်အတန်းများ အဆိုး ရွားဆုံးနိမ့်ကျနေသည်မှာ သေချာမှုတစ် ခုသာ ဖြစ်ပါပေတော့သည်။ ထို့ကြောင့် လည်း လက်ရှိတွင် လူထုခေါင်းဆောင် ဦးဆောင်သော လူထုအစိုးရအား ရရှိ ထားကြပါသော်လည်း အမိနိုင်ငံ၏ ပကတိအခြေအနေသည် ပြောင်းလဲတိုးတက် သင့်သလောက် မပြောင်းလဲမတိုးတက် လာရခြင်းလည်း ဖြစ်ပါပေသည်။ ဤ သည်ကို နိုင်ငံသားတိုင်းအနေဖြင့် အရိုး ရှင်းဆုံး သိမြင်ဆင်ခြင်မိဖို့လည်း လိုအပ်လာပြီသာ ဖြစ်ပါသည်။ တစ်ဖို့တည်း မကြည့်ဘဲ အများအတွက်နိုင်ငံ့အတွက် ဟူ၍ မြင့်မားသောစိတ်ဓာတ်ဖြင့် ကြည့် မြင်နိုင်ပေးရန် လိုအပ်လာပြီလည်း ဖြစ် ပါသည်။ ဤသို့မှမဟုတ်ဘဲ နိုင်ငံသား အများစုအနေဖြင့် မိမိတို့တွင်ဖြစ်တည် နေသော စိတ်ဓာတ်ဆိုးများအား ကိုယ် စီကိုယ်ငှ မစွန့်လွှတ်နိုင်ကြသေးသမျှ တော့ အမိမြန်မာနိုင်ငံ၏ အနာဂတ်သည် လည်း မည်သို့မှလှပ၍ လာနိုင်မည် မဟုတ်ပါကြောင်း အထူးအလေးအနက် ထား၍ တိုက်တွန်းလိုက်ရပါတော့သည်။
ခက်ဆစ်လင်း(ပြည်)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်