မြန်မာသံစဉ်သီချင်းသစ်တွေကို ဖန်တီးရေးသားသီဆိုနေတဲ့ တေးရေး၊ တေးဆို မင်းဂျွန်စိုးရဲ့ ဂီတ သက်တမ်းဟာ အခုဆိုရင် နှစ်နှစ်ဆယ် ပြည့်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။
မင်းဂျွန်စိုးဟာ ခေတ်ပေါ် မြန်မာတေးသံရှင်တွေထဲက ဗညားဟန်အတွက် ဝါဆိုမိုးနဲ့ ပြန်ခဲ့ပါ၊ ရာမညမြေမှာ ဝါဆိုမိုး စတဲ့ တေးသီချင်းကောင်းတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
–
သူ့ရဲ့ ဂီတသက်တမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာသံစဉ် တေးသံရှင်တွေက သူရေးသားခဲ့ တေးသီချင်းတွေကို သီဆိုဂုဏ်ပြုပွဲ တစ်ခု လုပ်ခဲ့ကြပါတယ်။
–
အဲဒီ ဂုဏ်ပြုသီချင်းသီဆိုခဲ့တဲ့ Live Show ကို ပရိသတ်အတွက် DVD အဖြစ်နဲ့ မေ ၃၁ ရက် ဒီကနေ့မှာ ပြန်လည်ဖြန့်ဝေ ခဲ့ပါတယ်။
–
တေးရေး တေးဆို မင်းဂျွန်စိုးရဲ့ ဂီတ သက်တမ်း နှစ် ၂၀ ပြည့် Live Show ကို Crazy တေးစီးရီးနဲ့ ဗွီဒီယို ထုတ်လုပ်ရေးကနေ တနိုင်ငံလုံးကို ဖြန့်ချိမှာ ဖြစ်ပါတယ်။