နိုင်ငံရေးစိတ်ဓာတ်နှင့် နည်းပညာ(အယ်ဒီတာ့ အာဘော်)

အခြေခံလုပ်ခလစာ ကျပ်ငွေ ၄၈ဝဝ ဟူသည် ယနေ့အချိန် ကာလနှင့်ဆိုလျှင် လူတစ်ဦး တစ်နေ့တာ ထမင်းစားရုံဖြစ်သည်။ အကယ်၍ ၄၈ဝဝ အား ထပ်မံတိုးပေးပြီး ၆ဝဝဝ ဟု သတ်မှတ် မည်ဆိုပါကလည်း လောက်ငှမည် မဟုတ်ပေ။ အကြောင်းမှာ ကုန်ဈေးနှုန်းကို မထိန်းကျောင်းနိုင်ကြ၍ဖြစ်သည်။ တစ်နည်း အားဖြင့် နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်းကြောင့်ဖြစ်သည်။
မေလတတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများ တက်လာပြီး စားသုံးကုန်ဈေးနှုန်းများလည်း ကြီးမြင့်နေဆဲရှိသည်။ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍတွင်လည်း မက်လုံးအမျိုး မျိုးပေး၍ မက်စေ့ခ်ျများ လှမ်းလှမ်းပို့နေသည့်တိုင် သုံးစွဲပြော ဆိုကြသောအခါ တစ်မိနစ် ၂၅ ကျပ်ဟူသော သတ်မှတ်ချက် မှာ လက်တွေ့တွင် မတရားကွာဟနေသည်ဟု ဝေဖန်သံများ ကြားခဲ့ရပြီးဖြစ်သည်။
မြန်မာနိုင်ငံသားတို့သည် နည်းပညာအားနည်းချက် ရှိသည်။ ထိုအားနည်းချက်ကို အသုံးချနေသည့် လုပ်ငန်းရှင်များ အနေဖြင့် ခွေးကန်းဆန်အိုးတိုးသလိုဖြစ်နေသည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် နည်းပညာကို လိုက်စားကြရမည်ဖြစ် ပြီး မသမာသော လုပ်ငန်းရှင်များအား တိုင်းပြည်မှ နှင်ထုတ် နိုင်အောင် ၊ နာမည်ပျက်စာရင်းသွင်းပြီး ၎င်းတို့၏ အကျင့်ပျက် စီးပွားရှာမှုများကို ဖော်ထုတ်ကြရမည် ဖြစ်သည်။
တိုင်းပြည်၏ ပြဿနာအရပ်ရပ်သည် အပေါ်ယံအမြင် အားဖြင့် အစိုးရအဖွဲ့အစည်း၌ တာဝန်ရှိသည်ဟု ယူဆနိုင်သော် လည်း ထဲထဲဝင်ဝင် လေ့လာကြည့်ပါက နိုင်ငံသားအားလုံးနှင့် သက်ဆိုင်နေပေသည်။ နိုင်ငံသားတို့သည် မလိုအပ်သည့် လူသုံးကုန်ပစ္စည်းများအား ဝယ်ယူမှု မပြုခြင်း၊ မိမိတိုင်းပြည် ဆင်းရဲတွင်းနက်နေသည်ကို သိရှိ၍ အစစအရာရာ ခြိုးခြံချွေ တာခြင်း၊ ဖုန်းဘေလ်များအား မလေလွင့်စေရန် အချိန်ကန့်သတ် ပြောဆိုခြင်း၊ အင်တာနက်သုံးရာတွင် အကျိုးရှိမည့် ကိစ္စရပ်အတွက်သာ မိနစ်အနည်းငယ်ဖွင့်၍ အလုပ်လုပ်ခြင်း စသည်တို့ကို တစ်ဦးချင်းဆီမှ အစပြု၍ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ကျင့်ကြံသင့်ကြသည်။
နည်းပညာအားနည်းချက်များ ရှိနေသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အင်တာနက်အသုံးပြုရာတွင်ဖြစ်စေ၊ ဖုန်းဘေလ်အသုံးပြုရာတွင်ဖြစ်စေ၊ လျှပ်စစ်ဓာတ်အားများ အသုံးပြုရာတွင်ဖြစ်စေ အဆမတန် ဆုံးရှုံးမှုကြီးထွားနေသည် ဟု ခံယူမိဖို့လိုပေသည်။ ဤသည်မှာ နိုင်ငံရေးအမြင်ဖြစ်သည်။
ယနေ့ တိုင်းပြည် မဖွံ့ဖြိုးရခြင်းမှာ မြန်မာနိုင်ငံသူ နိုင်ငံသား အများစုတွင် နည်းပညာအားနည်းချက်များရှိနေပြီး လူမှုရပ်ဝန်း အမှန်တရားအတွက် ပေးဆပ်လိုစိတ် အားနည်း ခြင်း၊ အလုပ်ကို အလုပ်နှင့်တူအောင် မလုပ်ချင်ကြခြင်း ပျင်းရိ လေးလံကြခြင်း၊ ခေတ်မီစွာ နေချင်သော်လည်း စိတ်ဓာတ် ဖြောင့်မတ်အောင် ကျင့်ကြံအားထုတ်မှု နည်းခြင်း၊ လူငယ်လူရွယ် အများစု၌ ဂိမ်းကစားခြင်း၊ ဖုန်းပွတ်ခြင်းနှင့် အခြား သော အပျော်ကိစ္စရပ်များတွင်သာ အချိန်ဖြုန်း မွေ့လျော်နေ ခြင်းတို့ကြောင့် ဖြစ်ပေသည်။ နိုင်ငံ့အရေးတွင် အားနည်းသည်။
အစိုးရဟူသည် လူမှုရပ်ဝန်းအားလုံးကို ထိန်းချုပ်နိုင်မည် မဟုတ်ဘဲ ဆင့်ကဲအုပ်ချုပ်ကြီးကြပ်မှုများဖြင့် တာဝန်ခွဲဝေ ထားပြီးဖြစ်၍ သာမန်နိုင်ငံ့ဝန်ထမ်းဖြစ်စေ၊ အရာရှိများဖြစ်စေ၊ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းဖြစ်စေ ကိုယ်ကျင့်တရားကောင်းစွာ အလုပ်လုပ်ကိုင်ကြမှ နိုင်ငံတော်ဂုဏ်ရှိမည်ဖြစ်သည်။
အလုပ်ကို လက်ကြောမတင်းသူများ ထူထပ်နေလျှင်သော် လည်းကောင်း၊ နည်းပညာ ကျွမ်းကျင်သူများ ရှားပါးနေလျှင် သော်လည်းကောင်း၊ အများပြည်သူအတွက် ဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းများ ကိုယ်ကျင့်တရား ညံ့ဖျင်းလျှင်သော် လည်းကောင်း၊ အစိုးရ အရာရှိများ အတွင်း လာဘ်ပေးလာဘ်ယူ စနစ်ဆိုးကြီး မပျောက်ပျက်လျှင်သော်လည်းကောင်း ထိုနိုင်ငံ သည် တောရိုင်းတိရစ္ဆာန်များ၏ စားကျက်ကြီးကဲ့သို့ လူ အချင်းချင်း ကြေကွဲဖွယ်ရာ သတ်ဖြတ်မှုများ နေ့စဉ်ကြုံရမည် ဖြစ်ပါကြောင်း ယူနတီမှ သတိပေးလိုက်ရပေသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်