ရော်နယ်ဒိုက ထိပ်တန်း နွားရိုင်းတိုက်သမားတစ်ဦးကို ကမ္ဘာ့ဖလားသက်တော်စောင့် အဖြစ် ဌားရမ်း

ပေါ်တူဂီအသင်းနှင့်အတူ ရုရှားနိုင်ငံသို့ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်ကစားမည့် ရီးရဲမက်ဒရစ်ကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး နွားရိုင်းတိုက်သမားတစ်ဦးကို သက်တော်စောင့်အဖြစ် ငှားရမ်း လိုက်ကြောင်း သိရသည်။
ရော်နယ်ဒို သက်တော်စောင့်အဖြစ် ငှားရမ်းလိုက်သည့် ကတုံးတုံးထားသော လူသန်ကြီး ၏အမည်မှာ နူနိုမာရီကော့စ် ( Nu-no Marecos) ဖြစ်ပြီး ၎င်း ၏ပုံမှန်နေ့စဉ်အလုပ်က တန်ဝက်ခန့် ကိုယ်အလေးချိန်ရှိသော နွားရိုင်းများကို လက်ဗလာဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ဖြစ်သည်။
ရော်နယ်ဒိုသည် ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ရီးရဲနှင့် လီဗာပူးတို့ ကစားခဲ့သည့် ချန်ပီယံ လိဂ်ဗိုလ်လုပွဲတွင် နူနိုကိုသူ့ သက်တော်စောင့်အဖြစ် ဆောင်ရွက်စေခဲ့ပြီး နောက်လာမည့် ကမ္ဘာ့ဖလားတွင် ရုရှား၌ သူ့နောက် ပတ်လိုက်၍ စောင့်ရှောက်ရန် ဆက်လက်ငှားရမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ပေါ်တူဂီကြယ်ပွင့် ကစားသမားသည် မကြာသေးခင်ရက် ပိုင်းကကျောချမ်းဖွယ်ရာ ဓာတ်ပုံတစ်ခုဖြင့် အိုင်အက်စ်အဖွဲ့၏ ခြိမ်းခြောက်မှု ခံခဲ့ရပြီးနောက် နူနိုကို သက်တော်စောင့်အဖြစ် ငှားရမ်းအသုံးပြုခဲ့ခြင်းဖြစ်သည်။ နူနိုသည် လေထီးစစ်သည် ဟောင်းတစ်ဦးဖြစ်သလို MMA ကစားသမားတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။ ရော်နယ်ဒိုသည် နွားရိုင်းတိုက်ပွဲများစွာ သွားရောက်ကြည့်ရှုကာ နူနိုမှာ သူတွေ့ဖူးသမျှ အသန်မာဆုံးလူဟု ယူဆ၍ စိတ်ကြိုက်ရွေးချယ် ခဲ့ခြင်းဖြစ်သည်ဟု ဘောလုံးသမားနှင့်နီးစပ်သော သတင်းရင်း မြစ်တစ်ဦးက ပြောကြားသည်။
အရပ် ၆ ပေ ၂ လက်မမြင့်သည့် လူသန်ကြီး နူနိုသည် အားလပ်ချိန်များတွင် နွားရိုင်းတိုက်ပွဲများ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြင့် မြို့ခံများကိုဖျော်ဖြေသော ပေါ်တူဂီနိုင်ငံ ချာမူစကာမြို့အခြေ စိုက် အဖွဲ့တစ်ခုမှ ခေါင်းဆောင်အဖြစ် လူသိအများဆုံးဖြစ်သည်။
Source: The Sun

4Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်