အနာဂတ်တွင် အင်္ဂန်လန်နည်းပြဖြစ်လိုဟု လမ်းပတ်ပြောကြား

တစ်နေ့တွင် အင်္ဂလန်အသင်း မန်နေဂျာဖြစ်ရန် ရည်မှန်းထားသည်ဟု ပြီးခဲ့သောရက်ပိုင်းက ဒါဘီမန်နေဂျာအဖြစ် ခန့်အပ်ခံခဲ့ရသည့် ချယ်ဆီးကစားသမားဟောင်း ဖရန့်ခ်လမ်းပတ်က ပြောကြားသည်။
ကမ္ဘာ့ဖလားကို ကစားသမားတစ်ယောက်အဖြစ် သုံးကြိမ် ပါဝင်ကစားခွင့်ကြုံခဲ့သော်လည်း အင်္ဂလန်အသင်းနှင့်အတူ အောင်မြင်မှုမရနိုင်ခဲ့ခြင်းက မိမိကို ခြောက်လှန့်လျက်ရှိသည်ဟု လမ်းပတ်က ဝန်ခံသည်။ သို့သော် တစ်ချိန်ချိန်တွင် အင်္ဂလန် အသင်းနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ကာ ကမ္ဘာ့ဖလားပြိုင် ပွဲဝင်လိုသည်ဟု ၎င်းကပြော ကြားသည်။
ကစားသမားဘဝကို ပြန်ကြည့်လျှင် အင်္ဂလန်ပွဲ ၁ဝ၆ ပွဲ ပါဝင်ကစားနိုင်ခဲ့ရာ အတိုင်းထက်အလွန် ဂုဏ်ယူစရာဖြစ်ကြောင်း၊ အိပ်မက်ပင်မမက်ခဲ့သည့် မှတ်တမ်းဖြစ်ကြောင်း၊ သို့သော် ပြဿနာမှာ ကမ္ဘာ့ဖလား တွင် အင်္ဂလန်အသင်းနှင့်အတူ ကျေနပ်လောက်ဖွယ် အောင်မြင်မှု မရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း လမ်းပတ်က ပြောကြားသည်။ အင်္ဂလန်အသင်းကို ကိုယ်စားပြု ၍ ကမ္ဘာ့ဖလားပြိုင်ပွဲသုံးကြိမ် ပါဝင်ကစားခဲ့ရခြင်းကို ဂုဏ်ယူမိ ခဲ့သော်လည်း ကျေနပ်ပျော်ရွှင်မှုသည် ပွဲများအနိုင်ရမှသာ ရရှိခံစားရကြောင်း၊ မိမိတို့ ကျေနပ် လောက်ဖွယ် အနိုင်မရခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
အင်္ဂလန်ချန်ပီယံရှစ် ကလပ်ဒါဘီကို မန်နေဂျာတာဝန်ယူလာသော ချယ်ဆီးကစားသမားဟောင်း လမ်းပတ်သည် အင်္ဂလန်ကစားသမားအဖြစ် ၂ဝဝ၆ ဂျာမနီကမ္ဘာ့ဖလား၊ ၂ဝ၁ဝ တောင်အာဖရိက ကမ္ဘာ့ ဖလားနှင့် ၂ဝ၁၄ ဘရာဇီးကမ္ဘာ့ ဖလားတို့တွင် ပါဝင်ကစားခဲ့ခြင်း ဖြစ်ပြီး ရှေ့နှစ်ကြိမ်မှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ရခြင်း ဖြစ်သည်။
Source; The Sun

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်