အယောင်ဆောင် ပြည်ပဧည့်သည် သတိထား

တစ်နေ့ တစ်နေ့ သတင်းများက မရိုးနိုင်ပေ။ Facebook မှာ၊ တီဗွီသတင်း ထက်ပိုမြန်သည်။ မြန်မာနိုင်ငံကြီး၏ ခြံစည်းရိုးမျာက မလုံခြုံတော့၊ ပြည်ပကျူးကျော်သူများက ထင်သလိုလာပြီးချယ်လှယ်လို့နေကြသည်။
မြန်မာပြည်ကလူများကို လူကုန်ကူးရုံမက မြန်မာပြည်တွင်းမှာပါ ကျူးကျော်စီးပွားရေး နယ်ချဲ့လာပုံက ကြိုက် တာယူငါးထောင်ကျပ်ဆိုင်တွေ တရားမဝင်ဆေးကုသခန်းတွေက မြို့ကြီးများမှာ မှိုလိုပေါက်ဖွင့်လာသည်။ ယခုလည်း အလှပြင်လုပ်ငန်းဗန်းပြ၊ မြန်မာအမျိုးသားများ ရောဂါကူးစက်စေရန် သူတို့ဆီက ပြည့်တန်ဆာများ ခေါ်ဆောင်လာသည်။ ရန်ကုန်မြို့တွင်းအထိ ဗီဇာတရားဝင်ပတ်ပို့စ်မရှိဘဲ အတင့်ရဲစွာမကောင်း မှုအသက်မွေးဝမ်းကျောင်းပြုရဲတာ မြန်မာပြည်အုပ်ချုပ်ရေး၊ ကာကွယ်ရေးအပိုင်းကို မီးမောင်းထိုးပြခြင်းဖြစ်သည်။
ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့အစရှိသော မြို့ကြီးများစီးပွားရေး ကောင်းသော မြိတ်၊ ထားဝယ်မြို့များမှာ ကေတီဗွီဆိုင်များ၊ ဘား၊ ကလပ်များသည် နိုင်ငံခြားသားများ ဖက်စပ်ပါဝင် တည်ထောင်ထားသော လုပ်ငန်းများဖြစ်သည်။
မြန်မာပြည်သယံဇာတ၊ အဖိုးတန်သစ်တောများကို ပြည်တွင်းပုဆိန်ရိုးများ နှင့်ပူးပေါင်းခိုးထုတ်ခြင်းကလည်း လူ တိုင်းအသိပင်။
ဒီထက်မက ပိုဆိုးရွားသည်က မြန်မာ့လေကြောင်းပိုင်နက်အတွင်း ယူအေအီးလေယာဉ်မှူးက ကန့်သတ်နယ်မြေ ကျော်၊ လေယာဉ်ဖြတ်သန်းမောင်းနှင်ခြင်းက သတိထားစရာပင်။
တရားမဝင် ဘင်္ဂါလီခိုးဝင်မှုများက အဆက်မပြတ်၊ နှစ်ပေါင်းများစွာကြာပါပြီ။ လက်ခံသူဗဟိုချက်ရှိနေ၍သာ ခပ်ရဲရဲဝင်လာခြင်းဖြစ်သည်။ မြန်မာပြည်ကတစ်ဆင့် မလေးရှားဘက် ထွက်နိုင်အောင် အဓိကပင်မလက်မှတ်များစွမ်းဆောင်ပေးသူတွေရှိနေ၍သာဖြစ်သည်။
ထိုထိုသောအကြောင်းတရားတွေအပြင် ပိုသတိထားသင့်သည့်အချက်များရှိပါသည်။
စာရေးသူသည် သမိုင်းအချက်အလက်များ စာရေးရန်လေ့လာသူမို့ ရှမ်းပြည်နယ်၊ အင်းလေးဒေသသို့ရောက်ခဲ့ စဉ်ကဖြစ်သည်။ လွန်ခဲ့သောခုနစ်နှစ် ကာလကဖြစ်သည်။ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ချိန် ဖြစ်ပါသည်။ လုံခြုံရေးတာဝန်ရှိသူများကတော့ ဘုရားလုံခြုံရေး၊ လူကြီးမင်းများ လုံခြုံရေးသာ အာရုံရှိနေကြသည်။ ဒေသခံများကလည်း ဘုရားဖူးရန်၊ လှူဒါန်းကုသိုလ်ရေးသာ စိတ်ဝင်စားအလေးထားကြသည်။
နိုင်ငံခြားသားများစွာကလည်းများ ပြားလှသည်။ ထိုကာလမျိုးမှာ စာရေးသူ၏ ပင်ကိုယ်အသိစိတ်က မည်သူ သူလျှို မည်သူက ကောင်းသောလာခြင်းလား အကဲခတ်လေ့လာခြင်းဥာဉ်အရ နိုင်ငံခြားသား ကင်မရာများလှုပ်ရှားမှုကိုအကဲခတ်စောင့်ကြည့်နေမိသည်။ တကယ့် တိုးရစ် ဧည့်လမ်းညွှန်ပါသူများက ပြဿ နာမရှိပေ။ တစ်ဦးချင်း၊ နှစ်ဦး၊ သုံးဦး ဧည့်လမ်းညွှန်မပါသော နိုင်ငံခြားသား များကို ဂရုစိုက်ကြည့်မိသည်။ ဒီလို စောင့်ကြည့်ဖို့ မည်သူကမျှတာဝန်ပေး ခြင်းမဟုတ်ပါ။ မိမိတိုင်းပြည်ချစ်စိတ် အရ မွေးရာပါတာဝန်ခံယူထား၍ဖြစ်ပါသည်။
စာရေးသူတည်းခိုရာကျောင်းမှ ဖောင်တော်ဦးဘုရားလည်း ဒေသစာရီ ကြွချီသွားပါပြီ။ ဘုရားဖူးများ၊ နိုင်ငံခြား သားပရိသတ်များ အသီးသီးစက်လှေနှင့် ထွက်ခွာ၊ ဘုရားကြွရာနောက်လိုက်ပါကြ၊ ကိုယ့်ခရီးကိုယ်ဆက်ကြကုန်သည်။ လူပရိသတ်ကြီးကုန်သွားပေမယ့် စာရေးသူက ကျောင်းတွင်းကျောင်းပြင် အကဲခတ်လိုက်ကြည့်မိသည်။
ဒေသခံဘုန်းတော်ကြီးကျောင်းနှင့် ဘုရားစေတီများက အမြဲတံခါးဖွင့်ထားသော တံခါးမရှိသောနေရာများဖြစ်ရာ ရှေးဟောင်းပစ္စည်းခိုးသူများ အယောင်ဖျောက်ကျန်ရစ်တတ်တာ တွေးမိ၍ဖြစ်သည်။
တစ်စစနှင့် ညရောက်လာပါပြီ။ စာရေးသူ တည်းခိုးရာအခန်းဝမှ ကျောင်းဝင်းအတွက် လက်နှိပ်ဓာတ်မီးထိုးကြည့်ရင်း စေတီများအကြိုအကြားမှ လှုပ်လှုပ်လှုပ်မြင်ရသဖြင့် သေချာအောင်သွား ကြည့်ရာ အရှေ့တိုင်းနိုင်ငံခြားသားတစ်ယောက် ရှမ်းပင်နီအင်္ကျီ၊ ဘောင်းဘီဝတ် ရှမ်းဦးထုပ်ဆောင်းကာ ဒေသခံပုံဖမ်းကာ ရွာရိုးကနေ လမ်းလျှောက်ပြန်လာပြီး ဘုရားအကြိုအကြား ကျောတစ်ခင်းစာ အိပ်ရာပြင်နေပါပြီ။ တစ်နိုင်ကျောပိုး အိတ်ကြီးသည် ဖြန့်လိုက်လျှင်အိပ်ရာဖြစ်ပြီး ခေါက်ခြင်ထောင် ဖြန့်အုပ်လိုက်ရုံပင်။
ထိုလူမှာ ဗိုက်ဆာနေပုံရကာ အသင့်ပါလာသည့် လက်တစ်ဆုပ်စာအာဟာရတစ်ခုကိုစားကာ ရေဘူးဖွင့်သောက်နေသည်။ သူစားသောအစာမှာ တစ်ခါ စားလျှင် သုံးရက်မျှအစာခံနိုင်အောင်ပြု လုပ်ထားသော အစားမျိုးဖြစ်ကာ စာရေးသူလေ့လာဖူး၍ သဘောပေါက်လိုက်သည်။
မြန်မာပြည်တွင်းက လူစိမ်းမဟုတ်ဘဲ။ ပြည်ပလူစိမ်းဖြစ်နေ၍ အန္တရာယ်ရှိ နိုင်သည်။ ကျောင်းထိုင်ဆရာတော်က ဘုရားကြွရာသို့လိုက်ပါရသဖြင့်ကျောင်းမှာမရှိ။ ကျောင်းနေဦးဇင်းကို အကြောင်း ကြားရသည်။ စာရေးသူပြောပြတော့အံ့ဩနေကြသည်။
ထိုဧည့်သည်ကို မေးကြည့်ရာ အင်္ဂလိပ်လိုမပြောတတ်။ ကိုရီးယားလည်း မဟုတ်။ ပြည်မကြီးတရုတ်လည်းမဟုတ်။ ထိုဝမ်တရုတ်ဖြစ်နေသည်။ စာရေးသူက ဖုကျန့်စကားနည်းနည်းတတ်တော့ အ ဆင်ပြေသွားသည်။ မြန်မာပြည်သို့တရားဝင် ဝင်လာခြင်းမဟုတ်။ ကျိုင်းတုံ၊ တာချီလိတ် တောလမ်းများက ဝင်လာခဲ့သည်။ အင်းလေးဒေသသို့ ကျောက်တစ်လုံး၊ ပုံဆွေပင်ဘက်တောင်ကြောများက နေမှ ရောက်လာခဲ့သည်။
ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာလည်းမဟုတ်၊ ပြီးတော့ ညဘက်ကျမှ လျှောက်ထွက်သွားလာ၍ မသင်္ကာစရာ ဖြစ်မိသည်။ ဘာလုပ်ငန်းအတွက်လာတာလည်းမေးတော့ အင်းအဲဖြေသည်။
မြန်မာပြည်ရဲ့ ရေမြေကိုစိတ်ဝင်စား လို့ပါတဲ့။ စာရေးသူအတော်တုန်လှုပ်သွားသည်။ ဒီတော့ မင်း ဒီည ဒီမှာအိပ် ပြီး ဘယ်သွားမှာလဲ၊ မင်းသွားမယ့်မြို့ ပြောဆိုတော့ မပြောနိုင်ပါ။ ဘိန်းကုန်ကူး ဖို့လား၊ မြန်မာပြည်ရဲ့မြေပြင်အခြေအနေ လမ်းကြောင်း ဘာကြောင့်လေ့လာတာ လဲ။ နယ်ချဲ့ချင်တာလား၊ သူလျှိုလား၊ စာရေးသူက သက်ဆိုင်ရာပို့မေးစစ်ချင်မိသည်။ ဒေသခံများက အလုပ်ရှုပ်မခံချင်။ ဒီတော့ မနက်ကျရင် မင်းလာလမ်း အတိုင်းပြန်ပေတော့ဟု ပြောရသည်။
ယခုဆို ဒီမိုကရေစီခေါင်းစဉ် အောက်ကနေ နိုင်ငံခြားသားများ နယ် စပ်ကနေ ဝင်ချင်းတိုင်းဝင် ထွက်ချင်တိုင်း ထွက်လည်ပတ်ကြသည့်အထဲမှာမြန်မာ့ ရေမြေအချုပ်အခြာကို ကျူးကျော်ဖို့ မ သိမသာ ဝင်လာတတ်သူတွေရှိနိုင်သည်။
မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကျစေရန် မှတ်တမ်းယူကြသည့် သတင်းဓာတ် ပုံရောင်းစားသော ခရီးသွားအယောင် ဆောင် သူလျှိုများလို မြန်မာပြည်သူများ မျက်စိဖွင့် နားစွင့်ကြစေချင်သည်။
တကယ်တွေ့ပါက ဥပဒေအရတိတိ ကျကျအရေးယူဆောင်ရွက်ပေးစေချင်သည်။
မြန်မာ့လွတ်လပ်ရေး မဆုံးရှုံးစေရန်၊ ပြည်သူပြည်သား တိုင်းရင်းသား မောင်နှမများ သတိနှင့်နေထိုင်ကြပါဟု ပြောချင်ပါတော့သည်။

ဂျမ်းတောစိန်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်