Featured Video Play Icon

အခြေခံပညာရေးတွင် ကရင်တိုင်းရင်းသားများအား ကရင်ဘာသာစကား ထည့်သွင်းသင်ကြားမှု အခက်အခဲဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းတွေမှာ ကရင်တိုင်းရင်းသားစာပေသင်ကြားရာမှာအခက်အခဲတွေဖြစ်ပေါ်နေတဲ့ကိစ္စတွေကို တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဖာမျိုးနဲ့ ရန်ကုန်တိုင်းကရင်စာပေနဲ့ယဉ်ကျေးမှုကော်မတီတို့ ဆွေးနွေးခဲ့ကြပါတယ်။

ကရင်လူမျိုးရေးရာဝန်ကြီးနဲ့တွေ့ဆုံခြင်းအခမ်းအနားကို အမှတ် ၅၂၄၊ အောက်ကြည့်မြင်တိုင်လမ်း ကြည့်မြင်တိုင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဇွန်လ ၈ ရက်က ဆွေးနွေးခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားအများစု စာသင်ကြားတဲ့ စာသင်ကျောင်းတွေမှာ ကရင်စာပေသင်ကြားရာ ဆရာဆရာမ မလုံလောက်တာ၊စာသင်ကြားချိန်မလုံလောက်တာ၊ စာသင်ဖို့အခန်းမရှိတာတွေ စတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီသတင်းကိုတော့ ယူနတီရုပ်သံသတင်းထောက် မေရည်ငြိမ်းချမ်းနဲ့ အိမာလာစိုးတို့က တင်ဆက်ပေးသွားမှာပါ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်